သံလိုက်ဓာတ်ရှိသောသူ၏ကိုယ်ဟန်အမူအရာ
ညှို့မျက်လုံးကျင့်စဉ်သံလိုက်ဓာတ်ရှိသောသူ၏ ထူးခြားသော ကိုယ်ဟန်အမူအရာတို့တွင် မျက်စိသည် အရေးအကြီးဆုံး ဖြစ်၏။ သံလိုက်ဓာတ် ရှိသောသူ၏ မျက်လုံးများမှာ ကြည်လင်၍ မျက်နှာ၏ ကျက်သရေကို ဖြစ်စေ၏။ ဤကဲ့သို့ မျက်စိ ရှိအောင် အောက်ပါအတိုင်း လေ့လာရမည်။
မိမိရှေ့တွင် မှန်တစ်ချပ်ကို ထောင်၍ မျက်နှာကို ရွှင်ပြစွာ ထားပြီးလျှင် မှန်ထဲရှိ မျက်နှာအပေါ် မှန်ထဲရှိ မျက်နျာအပေါ် နှခေါင်းရင်း မျက်စိနှစ်လုံးကြားသို့ စိုက်ကြည့်နေရမည်။ ၎င်းနှခေါင်းရင်း မျက်စိနှစ်လုံးကြားတွင် အမှတ်ကလေး တစ်ခုခု ပြုလုပ်ထားလျှင် ကောင်းသည်။
ဤကဲ့သို့ ကြာကြာ ကြည့်နိုင်သလောက် ကြည့်ရမည်။ တစ်နေ့လျှင် ၁၅-မိနစ်ထက်မနည်း နေ့စဉ်လေ့လာသွားပါက တနင်္ဂနွေတစ်ပတ်လောက် ကြာလျှင်ပင် သင်၏ မျက်စိအရှိန်သည် ကြည်လင်တောက်ပ၍ လာကြောင်းကို တွေ့ရလိမ့်မည်။








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter