သံလိုက်ဓာတ်အရှိန်အား ယုတ်လျော့စေခြင်း
ဆန္ဒ၏ အလိုသို့ မလိုက်ပဲ ဆန္ဒကို ဖိနှိပ်ခြင်းဖြင့် သံလိုက်ဓာတ်(အား)အရှိန် တိုးပွားများပြား စေကြောင်းကို ဖော်ပြခဲ့ လေပြီ။ ထိုဆန္ဒ၏ အလိုသို့ လိုက်၍ ဆန္ဒခိုင်းရာသို့ လိုက်လုပ်လျှင် မိမိ၌ ရှိပြီး (အား)အရှိန်ပင် ယုတ်လျော့စေ၏။
သင်၏ စိတ်ထဲ၌ တစ်စုံတစ်ရာကို ကြံစည် စိတ်ကူးနေသည်ဖြစ်စေ ဒေါသဖြစ်နေသည်ဖြစ်စေ ၎င်းတို့အရှိန်သည် မည်မျှလောက် ပြင်းထန်သည်ဆိုလျှင် သင်သည် မော၍ပင်လာ၏။ တစ်ကိုယ်လုံး နေထိုင်မကောင်း ဖြစ်လာ၏။ သိ သိသာသာ အားယုတ်လာသည်ကို တွေ့ရ၏။
ထို့ကြောင့် ၎င်းအရှိန် (အား) ယုတ်လျော့ခြင်းကို မဖြစ်စေရန် သတိ ထားရမည်။ အမျက်ထွက်ခြင်း စိတ်လေလွင့်ခြင်း ကြောက်လန့်ခြင်း စိုးရိမ်ပူပန်ခြင်း ကိုယ်လက်အင်္ဂါများကို အလဟဿလှုပ်ရှားနေခြင်း စသည်တို့သည် သံလိုက်ဓာတ်(အား)ကို ယုတ်လျော့စေသည်။

Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter