ဟောဒီ လောကကြီးမှာ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လိုအထွတ်အထိပ် နေရာမျိုးကိုပဲ ရောက်နေရောက်နေ အဲဒီလူဟာပြုံးရယ်ခြင်းနဲ့ကင်းပြီး မနေနိုင်ဘူးကွ။ ပြီးတော့ လောကကြီးမှာ ကုန်းကောက်စရာမရှိအောင် မွဲချင်တိုင်းမွဲနေစမ်းပါစေ။လူတစ်ဖက်သားကို ပြုံးမပြနိုင်လောက်အောင် မွဲတဲ့လူရယ်လို့ မရှိနိုင်ဘူးကွ။အဲဒီတော့ပြုံးရယ်ခြင်းဟာ ဆင်းရဲတဲ့လူနဲ့ရော ချမ်းသာတဲ့ လူနဲ့ပါ ပတ်သက်ခွင့်ရှိတယ်။
ပြီးတော့မင်းဆီကအပြုံးကိုတစ်စုံတစ်ယောက်ကလိုချင်လို့ဓားပြတိုက်ယူရင်လည်းမရနိုင်ဘူး။ခိုးယူရင်လည်း မရနိုင်ဘူး။ပိုက်ဆံနဲ့ဝယ်ပါ့မယ်ဆိုရင်လည်းမရနိုင်ဘူး။ခဏလောက်ငှါးပါဆိုပြီးမင်းရဲ့အပြုံးကိုငှါးယူလို့လည်းမရဘူး။
မင်းအနေနဲ့စိတ်ထဲဝမ်းထဲကတစ်ကယ်ပါပြီးတကယ်ပြုံးမှတစ်ဖက်လူကရတာကွ။ သိပ်ပြီးတန်ဖိုးရှိတဲ့ပစ္စည်းပဲ။
အဲဒီတော့မောင်အောင်ထွန်းရယ်မင်းဘ၀တိုးတက်ရာတိုးတက်ကြောင်းအတွက်စိတ်နဲ့ပါတ်သက်တဲ့လေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင်မျက်နှာကြောကြီးတင်းထားလို့မဖြစ်ပေဘူး။မျက်နှာကြောလျှော့ပြီးပြုံးတတ်ရမယ်။အဲဒီကတစ်ဆင့်အားရပါးရ ဟားတိုက်ပြီး ရယ်လိုက်ပါလားကွ
ဟုပြောလိုက်ရာဦးမြသီး၏စကားများသည်ကျွန်ုပ်၏တကိုယ်လုံးကိုလေထိုးစက်ဖြင့်မောင်း၍လေများထိုးထည့်
လိုက်သကဲ့သို့တစ်ကိုယ်လုံးသည်ဖောင်းကြွ၍မြောက်တက်သွားသည်ဟုပင်………ထင်လိုက်ရတော့၏။ထို့ကြောင့် ကျွန်ုပ်သည်ရေနွေးကြမ်းတစ်ခွက်ကိုပန်ကန်ထဲသို့ငှဲ့ထည့်လိုက်ပြီးနောက် ထိုပန်းကန်ကိုကောင်းကင်ဆီသို့ ကိုင်မြှောက်၍
ဒီနေ့ကစပြီး ကျေကျေနပ်နပ်ကြီးပြုံးမယ်။ပြီးတော့ အားရပါးရ ဟားတိုက်ပြီးရယ်တော့မယ်ဟေ့ ဟု
ကြွေးကြော်အော်ဟစ်လိုက်လေတော့သတည်း။
အဘမင်းသိင်္ခ၏ မြေလျှောက်ဝိဇ္ဇာ ရွှေမြသာတည်းဟူသောမဟာဂန္ဓာရီဝတ္ထုမှ
ဘ၀အမောများပြေပြောက်ပြီး ဟားတိုက်ရီမောနိုင်ကြပါစေ………