Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

စိတ်တန်ခိုးကျင့်စဉ်အပိုင်း(၃)

သံလိုက်ဓာတ်မရှိသောသူ

သံလိုက်ဓာတ် ရှိသောသူ၌ ထူးခြားသော အမူအရာများ ရှိသကဲ့သို့ သံလိုက်ဓာတ် မရှိသော သူ၌လည်း စစ်ဆေးကြည့်ရှု့ သောအခါ၌လည်း ထူးခြားသော အမူအရာများကို တွေ့ရှိရ၏။ သံလိုက်ဓာတ် မရှိသောသူနှင့် တွေ့ဆုံ ကြုံကြိုက်သောအခါ သင်သည် စိတ်မအီမသာ ဖြစ်၍လာ၏။

သင်၌ စိတ်မကောင်းသည့် အခါနှင့် ကြုံကြိုက်လျှင် သင့်မှာ သာ၍ပင် စိတ်မကောင်း ဖြစ်လာ၏။ သင် စိတ်ပျော်ရွှင် ခိုက်ဖြစ်လျှင် ရုတ်တရက် စိတ်ပြောင်းသွား၏။ စိတ်မရွှင်မပြ ဖြစ်၍လာ၏။ စိတ်ညစ်နေခိုက် ဖြစ်လျှင်သာ၍ပင် စိတ်ညစ်လာ၏။

သူသည် ငြိမ်သက် တည်ကြည်စွာ မရှိ၊ ကာယိနြေ္ဒ လည်းမရှိ၊ စိတ်လည်း မငြိမ်၊ ကိုယ်လည်းမငြိမ်၊ ပါးစပ်လည်းမငြိမ်၊ ပြောမိပြောရာ စိတ်ထင်ရာ ပြောတတ်၏။ ကြွားလည်း ကြွားတတ်၏။ အ မြှောက်လည်း ကြိုက်၏။ မိမိကိုယ်ကိုလည်း မိမိသာလျှင် သိဒ္ဒ္ဓိတင်ကာ မြှောက်ပင့် ပြောဆိုတတ်၏။ တစ်ဆိတ်တစ်အိပ် လုပ်၍လည်း ပြောတတ်၏။

သူသည့် မည်သည့်အခါမျှ စိတ်ကျေနပ်ခြင်း ရောင့်ရဲ တင်းတိမ်ခြင်း မရှိ။ အစဉ် ညည်းညူ လေ့ရှိ၏။ မိမိကြမ္မာကို ယိုးမယ်ဖွဲ့ကာ အပြစ်တင်ကာ နေ၏။ လူချင်းတွေ့လျှင် စိတ်ပျက်စရာ ကိုသာ ပြောလေ့ရှိ၏။ တစ်စုံတစ်ယောက်သော သူ၏ အတင်းကိုလည်း ပြောတတ်၏။ မိမိအပေါ်၌ မည်သူက မည်ကဲ့သို့ အထင်လွဲနေသည်။ မည်သူက မည်ကဲသို့ ပြောသည်။ မိမိဘာမျှ ဂရုမစိုက်ကြောင်း စသည်ဖြင့် ညည်းတွားလေ့ရှိ၏။

သူသည် လျှို့ဝှက်သော အရာရှိလျှင်လည်း လျှို့ဝှက်၍ မထားနိုင်။ သူ၏ အကြောင်းကိုလည်း သူပင် ကုန်စင်အောင် ပြောတတ်၏။ သူ့၌ နှိုင်းချိန် ဝေဖန်နိုင်သော စိတ်မရှိ။ သူသည် သူတစ်ပါးကို အစဉ် မှီခိုလိုသော စိတ်ရှိ၏။ သူ့၌ တွေ့ကြုံ ရသော ဒုက္ခများကို သင်ပါရော၍ ခံစားစေလို၏။ သူသည် မိမိယိုယ်ကို မိမိ အားမကိုး။ သူတစ်ပါးကိုသာ မှီခိုပါရစေ သနားပါ ၊ကြင်နာပါ၊ ယုံကြည်ပါ ဟူ၍ ပြောဆိုလေ့ရှိ၏။

သူ၏ ကြည့်ဟန် ရှု့ဟန် အမူအရာကို စစ်ဆေး ကြည့်ရှု့လျှင် သူ၏မျက်စိသည် မငြိမ်မသက်၊ တောင်ကြည့် မြောက် ကြည့်နှင့်၊၊ သင် စကားပြောသော အခါ၌ သင်၏ မျက်နှာကို ကြည့်၍ နားထောင်နေတတ်၏။ သူ၏ ကြည့်ခြင်းမှာ စိတ်ပျက် အမူအရာ ဖြစ်၏။ တစ်ခါတစ်ရံ မခံမရပ်ချင်စရာ ဖြစ်၏။

သူသည် ယဉ်ကြေး သိမ်မွေ့ခြင်းမရှိ။ ပြောပုံဆိုပုံ ၊နေပုံ၊ ထိုင်ပုံ ပြုပုံ၊မူပုံ၊ ဟန်နေဟန်ထား၊ မယဉ်ကြေးသော အမူအရာဖြစ်၏။သင်သည် သူ့ကို သနားချစ်ခင် ကြင်နာသော စိတ်မရှိ။ သင်သည် သူနှင့် အတူ နေရလျှင် စိတ်မရွှင်ပြ။ သူမြန်မြန် သွားပါစေဟု ဆုတောင်း၏။ သူနှင့် တစ်ခဏမျှ အတူ နေရခြင်းပင် မမွေ့လျှော်၊ သူ့ကို ငြီးငွေ့လာ၏။ သူထွက်သွား သောအခါ ၀မ်းသာ အားရရှိ၏။

နှိုင်းယှဉ်ချက်

သံလိုက်ဓာတ် ရှိသောသူ၏ စိတ်သည် အခြေခံ ဓာတ်ဖြစ်၏။ သံလိုက်ဓာတ် မရှိသောသူ၏ စိတ်သည် အနေခံ ဓာတ်ဖြစ်၏။ အခြေခံဓာတ်သည် အောင်မြင်ခြင်းကို ဖြစ်စေ၏။ အနေခံဓာတ်သည် မအောင်မြင်ခြင်း မသေချာခြင်းကို ဖြစ်စေ၏။

သံလိုက်ဓာတ် ရှိသော သူ၏စိတ်၌ အောင်မြင်ခြင်း စိတ်ဓာတ် အစဉ်ရှိ၏။ အောင်မြင်ခြင်းကို မျှော်လင့်ယုံ ကြည်၏။ အောင်မြင်ရမည် ဟူသော အခြေခံ ဓာတ်အစဉ်ရှိ၏။ သံလိုက်ဓာတ် မရှိသော သူ၏ စိတ်၌မူကား မအောင်မြင် နိုင်ပါဘူး၊ အောင်မြင်မှအောင်မြင်ပါ့မလား၊ အောင်မြင်မယ်မထင်ပါဘူး ဟူသော အနေခံ ဓာတ်မျိုးသာရှိ၏။ ထို့ကြောင့် သံလိုက်ဓာတ်ကို မွေးမြူ စုဆောင်း၍ သံလိုက်ဓာတ် ၏ ဆန့်ကျင်ဖက် ဖြစ်သော ဓာတ်များကို ရှောင်ကြည် ကြရမည်။

စာကူးပြသူ၏အာဘော်

မိတ်ဆွေ သင်သည် ယခု ဆိုလျှင် စိတ်တန်ခိုး အကြောင်းကို တော်တော်လေး ဖတ်မိပြီးဖြစ်၏။ လူတိုင်း၏ စိတ်တွင် တန်ခိုးရှိသည်။ ထို့ကြောင့် လူလူချင်း အတူတူ အသက်ရူတာချင်း ကွာသွားတာ လို့ပြောကြတာပေါ့ မဟုတ်ဘူးလား။

ဒါကြောင့် လောကကြီးမှာ စိတ်တန်ခိုး အားကြီးသော သူက စိတ်တန်ခိုး အားနည်းသော သူကို လွှမ်းမိုး အနိုင်ယူသွားတာ။ အမိန့်ပေး သွားကြတာပေါ့။ စိတ်တန်ခိုး အားနည်းတဲ့ လူတွေက အရှုံး ပေးနေကြရတာပေါ့။ သင်လည်း သင်၏ စိတ်ကို စနစ်တကျ လေ့ကျင့် ယူမည်ဆိုလျှင် အိပ်ပျော် နေသော သင်၏ စိတ်တန်ခိုး သည် အမြန် နိုးထလာပြီး လော ကကြီးကို နေ့စဉ် အနိုင်ရသော လူသားတစ်ဦး ဧကံမုချ ဖြစ်လာမည်ဆိုတာ သေချာပေါက်ပဲဟုပြောရင်း

နောက်လာမည့်ပို့တွင် စိတ်တန်ခိုး၏ အခြေခံ သံလိုက်ဓာတ်ကို ဘယ်လို လေ့ကျင့်မွေးမြူ စုဆောင်း ရမည့် အကြောင်း ကိုဖော်ပြပေးမည်ဖြစ်ပါကြောင်း

Tuesday, January 19, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels