Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်

အခုတင်ပေးမယ့် ပို့ကတော့ အဘမင်းသိင်္ခ၏ မနောမယ လက်ဆောင်ပေါင်းချုပ် စာအုပ်မှာပါတဲ့ပို့ကို မူရင်းပို့ အတိုင်း ဖော်ပြပေးလိုက်ပါသည်။ နှင်းဆီပန်းကိုးပွင့်ပါသော ပုံတစ်ပုံကို ရအောင်ရှာရ၏။ ထိုသို့ မရလျှင်လည်း နှင်းဆီကိုးပွင့်ပုံ ဖြစ်စေရန် ကဒ်ပြားတစ်ခုပေါ်တွင် နှင်းဆီကိုးပွင့်ကိုကပ်ရ၏။ ပြီးလျှင် လူချစ်လူခင်များလိုသော သူ၏ ပုံကိုနှင်းဆီပန်းတစ်ပွင့်တွင် ကပ်ရ၏။ ထို့နောက် ထိုသူ၏ မွေးနေ့နှင့် မိတ်ဖက်ကျသော နေ့တွင် ထိုသူ၏
အိမ်၌ ထိုပုံကို ချိပ်ဆွဲရ၏။ ချိပ်ဆွဲသောနေရာမှာ လူမြင်သာသော နေရာဖြစ်ရပေမည်။ မိတ်ဖက်ကျသော နေ့ဆိုသည်မှာ ဆိုသည်မှာ အောက်ပါအတိုင်း ဖြစ်၏။

တနင်္ဂနွေသားသမီး....................ကြာသပတေးနေ့
တနင်္လာသားသမီး.....................ဗုဒ္ဒဟူးနေ့
အင်္ဂါသားသမီး...........................သောကြာနေ့
ဗုဒ္ဒဟူးသားသမီး.......................တနလ်ာဗနပ
ကြာသပတေးသားသမီး.............တနင်္ဂနွေနေ့
သောကြာသားသမီး..................အင်္ဂါနေ့
စနေသားသမီး.........................ဗုဒ္ဒဟူးနေ့

တို့ဖြစ်၏။ ချိပ်ဆွဲရမည့် နေ့ကိုသိပြီးဖြစ်သောအခါ၌ ချိပ်ဆွဲရမည့် နာရီကိုသိရန်လိုပြန်၏။ ထိုနာရီမှာ အောက်ပါ အတိုင်း ဖြစ်၏။

တနင်္ဂနွေသားသမီး...................နံက်(၈)နာရီ
တနင်္လာသားသမီး....................နေ့လည် (၂) နာရီ
အင်္ဂါသားသမီး.........................နံက် (၈) နာရီ
ဗုဒ္ဒဟူးသားသမီး.......................နံက် (၇) နာရီ
ကြာသပတေးသားသမီး..............နေ့လည် (၂)နာရီ
သောကြာသားသမီး...................နေ့လည် (၂) နာရီ
စနေသားသမီး.........................နေ့လည် (၁)နာရီ

နာရီသိသောအခါ၌ နှင်းဆီပန်း(၉)ပွင့်ပါသော ပုံတွင် မိမိ၏ ဓါတ်ပုံတစ်ပုံကို နှင်းဆီပန်းတစ်ပွင့် ပေါ်တွင် ကပ်၍ မိမိနှင့်သက်ဆိုင်သောနေ့ ၊ သက်ဆိုင်သောနာရီတွင် မိမိကိုယ်တိုင် ချိပ်ဆွဲရလေ၏။ ထို့နောက် မေတ္တာ သုတ်ကို (၉) ခေါက်ရွတ်ရလေ၏။ သတ္တ၀ါအများအား မေတ္တာပို့ရလေ၏။ ထိုပုံကိုလည်း အမွှေးနံသာများ ပက်ဖျန်းရ၏။ အမွှေးတိုင်များလည်း ထွန်းပေးရလေ၏။ ထိုအခါ သူ့ထံတွင် ရစ်ပတ်နေသော အမုန်းဓါတ်များ ပျောက်လွင့်၍ လူချစ်လူခင်ပေါများလာပါလိမ့်မည်။

Tuesday, January 12, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels