Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

တားရော့ဆိုတာ

တားရော့အကြောင်း မစတင်မှီ တားရော့နှင့် ပတ်သက်တဲ့ ကာယကံရှင်ရဲ့ စိတ်ခံစားချက်ကို ခံစားတတ်အောင် ဆရာသခင် အဘမင်းသိင်္ခရဲ့ အမှာစာ ကို အေးအေးဆေးဆေး ဖတ်စေချင်ပါတယ်။

မနေမနား ရှည်လျားထွေပြားအမှာစာ
ကျွန်ုပ်နှင့်တားရော့

တစ်နေ့သ၌ ကျွန်ုပ်သည် မြေနီကုန်းဘက်တွင်ရှိသော စာအုပ်အဟောင်းများ ရောင်းသည့်ဆိုင်မှ စာအုပ် အဟောင်းက လေးတစ်အုပ်ကို ဈေးဈေးပေါပေါနှင့် ၀ယ်ယူရရှိခဲ့လေ၏။ ထိုစာအုပ်မှာ အင်္ဂလိပ်လိုရေးထားသော “ပြီဒေးရှင်း” (Prediction) ဆိုသည့် “အဂ်လိပ် ဝေဒ” မဂ္ဂဇင်းပင်ဖြစ်၏။
ကျွန်ုပ်သည် ညပိုင်းသို့ ရောက်သောအခါ၌ ထိုစာအုပ်ကို ဖတ်ရှု့လေ့လာရာ “မယ်ဒယ်လိုင်း-မွန်တယ်ဗန် (Madeline Montalban) ဆိုသည့် ဂမ္ဘီရ ဆောင်းပါးရှင် တစ်ဦး ရေးထားသော “တားရော့” အကြာင်း ဆောင်းပါးကို ဖတ်ရှုခဲ့ရလေ၏။

ထိုဆောင်းပါးတွင် တားရော့၏ အရှိန် အစော်ကြီးပုံကို တခမ်းတနားရေးထား၏။ တားရော့ပုံ ကလေး တစ်ပုံကိုလည်း ဖော်ပြထား၏။ ထို့ကြောင့် ကျွန်ုပ်သည် နောက်တစ်နေ့တွင် မြေနီကုန်းရှိ စာအုပ်အဟောင်း ရောင်းသော ဆိုင်ကလေးသို့ သွားရောက်ကာ အင်္ဂလိပ်-ဝေဒ မဂ္ဂဇင်း ပြီဒေးရှင်း” စာအုပ်များကို ရတတ်သမျှ ၀ယ်ယူခဲ့လေ၏။ ထို့နောက် အထက်ကဆိုခဲ့သော မယ်ဒယ်လိုင်းမွန်တယ်ဗန်၏ ဆောင်းပါးများကို လက်ရေးဖြင့် ကူးယူခဲ့လေ၏။

ထိုဆောင်းပါးရှင်သည် ဆောင်းပါးတစ်ပုဒ်တိုင်းတွင် တားရော့ ပုံကလေး တစ်ပုံကို ဖော်ပြ ရေးသားလေ့ရှိ၏။ ထို့ကြောင့် ဆောင်းပါးနှစ်ပုဒ် ရသောအခါ၌ တားရော့(၂၂) ချပ်ရလေတော့၏။ ထိုအချိန်က ဖိုတိုစတက်ခေါ် မိတ္တူကူးစက် မပေါ်သေးသောကြောင့် ထိုစာအုပ်တွင်ပါသော ပုံများကို ဘလိပ်ဓားဖြင့် လှီးယူပြီးလျှင် ရိုးရိုးဖဲထုပ် တစ်ထုပ်ကိုဝယ်၍ ထိုပုံများကို ကပ်ရလေ၏။

ကျွန်ုပ်သည် ထိုမယ်ဒယ်လိုင်း-မွန်တယ်ဗန်၏ ကောင်းမှု့ကြောင့် တားရော့(၂၂)ချပ်ကို စတင် ပိုင်ဆိုင်ခဲ့လေ၏။ ထို(၂၂)ချပ်မှာ တားရော့ပညာ၌ “မေဂျာ အာကင်နာ (Major Arcana) ဟုခေါ်သည့် အဓိကပုံကားများဖြစ်၏။
ကျွန်ုပ်သည် မဂ္ဂဇင်းမှပုံများကို ဖြတ်ယူ၍ ရိုးရိုးဖဲထပ်၏ မျက်နှာပြင်၌ ဖဲပွင့်များကို အုပ်ကာကပ်ကာ အသုံးပြုခဲ့ခြင်းဖြစ်၏။ ကျွန်ုပ်၏ တားရော့ ဖဲထုပ်ကလေးမျာ သပ်ယပ်ခြင်းမရှိလှပါ။ ခနော် ခနဲ့ ကျိုးတိုး ကျဲတဲ နိုင်လှ၏။ သို့ရာတွင် ကျွန်ုပ်သည် ထိုခနော်ခနဲ့ ကျိုးတိုး ကျဲတဲနိုင်လှသော တားရော့ ကပ်ပြားကလေးများကို လွန်စွာချစ်၏။ လွန်စွာမှလည်း မြတ်နိုး၏။ မည်မျှ ချစ်ခင် မည်မျှ မြတ်နိုးသနည်းဆိုမူ ကျွန်ုပ်ယူထားသော မိနးမထက်ပင် ပို၍ ချစ်၏။ ပို၍ မြတ်နိုး၏ဟု ဆိုလျှင် ဖြစ်နိုင်၏။

အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် ယူထားသောမိန်းမနှင့် အတူအိပ်ရသော ရက်များသည် လွန်စွာနည်း၏။ စကားရိုင်းကို ဆိုရပါမူ ထိုမိန်းမကို ၃၆၅-ရက်တွင် နှစ်ကြိမ်ထက်ပို၍ မနမ်းဘူးပေ။ သို့ရာတွင် ကျွန်ုပ်၏ ကျိုးတိုး ကျဲတဲနိုင်လှသော တားရောထုပ်ကလေးကိုမူ ည တစ်ခါ ၊ နံက်တစ်ခါ နေ့တိုင်းနမ်း၏။

ကျွန်ုပ်သည် တားရော့ကို ချစ်၏။ ထို့ ကြောင့် တားရော့ကလည်း ကျွန်ုပ်ကို ပြန်၍ ချစ်လာ၏။ ကျွန်ုပ်သည် တားရော့ကို မြတ်နိုး၏။ ထိုပကြောင့် တားရော့ကလည်း ကျွန်ုပ်ကို ပြန်၍ မြတ်နိုးလာလေတော့၏။
တားရော့အစစ်တစ်ထုပ်ရောက်လာခြင်း
တစ်နေ့သ၌ ကျွန်ုပ်ထံသို့ လန်ဒန်မြို့မှ တားရော့ အထုပ်ကလေး တစ်ထုပ် ရောက်လာ၏။ ပေးပို့သူမှာ ရုပ်ရှင်မင်းသမီး ၀ါဝါ၀င်းရွှေဖြစ်၏။ ၀ါဝါ၀င်းရွှေသည် လန်ဒန်မြို့သို့ အလည်အပတ် ရောက်ရှိနေစဉ် ကျွန်ုပ်ကို အမှတ်တရ ၀ယ်၍ ပို့ပေးလိုက်ခြင်းဖြစ်၏။ ၎င်းပို့လိုက်သော တားရော့မှာ “မစ်သစ်” (Mythic) အမျိုးအစားဖြစ်၏။ ရေးထားသော ပုံများမှာ လွန်စွာ ဒဏ္ဍာရီ ဆန်လှ၏။ ထိုတားရော့ အစစ်ကလေးတစ်ထုပ်ကို ရရှိသဖြင့် ကျွန်ုပ်သည် လွန်စွာ ၀မ်းသာသွား၏။ ၀မ်းသာသော အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တစ်ပတ် ဆိုက်ကား လျှောက်၍ စီး၏။ တွေ့သော လဘက်ရည် ဆိုင်များတွင် ၀င်၍ ဆိုက်ကားဆရာရော ကျွန်ုပ်ပါ လဘက်ရည်သောက်၏။

ညနေ အိမ်သို့ ပြန်ရောက်သော အခါ၌ ဆိုက်ကားဖိုးရော လဘက်ရည်ဖိုးပါ ၄၀၀ ကျော်ခန့်ကုန်၏။ ဆိုက်ကားဆရာသည် ဖျားသွား၏။ ထို့ကြောင့် သုံးရက်ခန့် ဆိုက်ကား မနင်းရဘဲရှိ၏။ ကျွန်ုပ်မှာမူ နေပူထဲလျှောက်၍ ဆိုက်ကား စီးရ သောကြောင့် သုံးရက်ခန့် နှာမွန်၏။ ထို့ကြောင့် ဗေဒင်မဟောနိုင်ပဲ သုံးရက်ခန့် နားထားရ၏။

ကျွန်ုပ်သည် ၀ါဝါ၀င်းရွှေ ပေးလိုက်သော ဖဲထုပ် ကလေးကို လေ့ကျင့်ရပြန်၏။ မွေးမြူရပြန်၏။ ထိုတားရော့ ထုပ်မှာ အပြည့်အစုံ ပါသောကြောင့် မေဂျာ အာကင်နာ ၂၂-ချပ်နှင့် မိုင်နာ အာကင်နာ ၅၆-ချပ်တွင် အုပ်စုလေးစု ခွဲထား၏။

တုတ်အုပ်စု ၊ ခွက်အုပ်စု ၊ ဓားအုပ်စု ၊ ကြယ်အုပ်စု ဖြစ်၏။ ထိုအုပ်စုများမှာလည်း သူ့အစီအစဉ်နှင့်သူ အလုပ် လုပ်ရသောကြောင့် သူ့အစီအစဉ်များကို မှတ်ထားရ၏။ မကြာခဏ ခွက်ကို အရင်ဆိုမိတတ်၏။ ခွက် တုတ် ကြယ် ဓား ဟူ၍ ဖြစ်သွားတတ်၏။ အမှန်မှာ တုတ်ခွက်ဓားကြယ် ဟူ၍ ဖြစ်ရမည် ဖြစ်၏။ ထို့ကြောင့် မှားယွင်းခြင်း မရှိစေရန် စာလုံးလေးလုံးဖြင့် မှတ်ထားရ၏။ ထိုစာလုံးလေးလုံးမှာ ဟုတ်ရဲ့လားကွယ် ၊ တုတ်ခွက်ဓားကြယ် ဟူ၍ ဖြစ်၏။ ထို့ကြောင့် မည်သည့်အခါမှ မမှားတော့ပေ။

ကျွန်ုပ်သည် မိုင်နာကားချပ်များကို သူ့အဓိပ္ပါယ်နှင့်သူ အလွတ်ရအောင် ကြိုးစားရပြန်၏။ ထို့ကြောင့် အလုပ် ပြီးသည်နှင့် တားရော့ဖဲချပ် ကလေးများကို ယူ၍ ကန်တော်ကြီးစောင်း ပန်ကန်လုံးကျွန်း သစ်ပင်အောက်တွင် တစ်ယောက်တည်း လေ့ကျင့်ရပြန်လေ၏။ ထို့ကြောင့် မိုင်နာကဒ်ပြား ၅၆-ချပ်ကိုလည်း ကျွမ်းကျင်သွားလေတော့၏။

ထိုသို့ ကျွမ်းကျင်သွားသောအခါ၌ ကျွန်ုပ်သည် တားရော့ကဒ်ပြားများကို ကိုင်၍ မိုးပေါ်သို့ မြှောက်ကာ အောက်ပါ အတိုင်း ရေရွတ်လေတော့သတည်း။

တားရော့တွေကို ငါပိုင်သွားပြီ
တားရော့တွေဟာ ငါ့ပစ္စည်းဖြစ်တယ်

Thursday, January 28, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels