Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

စိတ်တန်ခိုးကျင့်စဉ်အပိုင်း(၂)

သံလိုက်ဓာတ်ရှိသောသူ

သံလိုက်ဓာတ် ရှိသောသူနှင့် သံလိုက်ဓာတ် မရှိသောသူတို့သည် တစ်ယောက်နှင့်တစ်ယောက် အ လွန်ခြားနား ၏။ သံလိုက်ဓာတ် ရှိသောသူနှင့် ဆတွ့ဆုံကြုံကြိုက်သောအခါ ၎င်း၏အရှိန်ကို သိသိသာသာ တွေ့သိရလေ၏။ပထမဆုံးတွေ့သိခံစားရသည်မှာအလွန်ငြိမ်သက်အေးကြည်သော အရှိန်ဖြစ်လေသည်။

သံလိုက်ဓာတ်ရှိသောသူသည် ကာယိနြေ္ဒရှိ၏။ ကျက်သရေရှိ၏။ တည်ကြည်သောဟန်ရှိ၏။ သူသည်ပြာရိ ပြာရာမဟုတ်။ စိတ်ရှုပ်နေသည့် လက္ခဏာမရျိ။ နှလုံးမငြိမ်မဖြစ်။ ကိုယ်စိတ်နှစ်ဖြာ ဖြတ်လတ်တည်ကြည်၏။

သူသည တစ်စုံတစ်ရာဖွင့်ဟ၍ မပြောပဲနှင့် သင်သည် ထိုခဏ၌ သူ၏အလိုသို့လိုက်လိုသောစိတ်များပေါ်လာ၏။ ကြည်ညိုလာ၏။ မြတ်နိုးလာ၏။ ဤသံလိုက်ဓာတ်ရှိသော သူကို ဆက်လက်၍ သေချာစွာအကဲခတ်လျှင်သူ၏ ထူးခြားသော ကြည့်ရှုဟန် အမူအရာကို တွေ့သိရပြန်လေသည်။ သူသည် စကားများများမပြော။ မ၀ါ မကြွား။ စကားပြောလောဘမကြီး။

သင်စကားပြောသောအခါ နားစိုက်ထောင်နေ၏။ သူ၏မျက်စိမှာ သင်၏ကိုယ်တွင် တစ်နေရာရာကို ကြည့်၍နေ၏။ သင်၏မျက်နှာကို မကြည့်။ သူသည် အချက်ကျကျ စကားပြော၏။လိုရာကိုသာ စိတ်ပါပါနှင့် သာယာနာပျော်ဖွယ်ပြော၏။

ထိုသို့စကားပြောသောအခါ သူ၏အသံတွင် သြဇာပါသကဲ့သို့ဖြစ်စေ၏။ အသံမှာမတိုးလွန်း မကျယ်လွန်းချေ။ သူစကားပြောသောအခါ သူ၏မျက်စိများသည် သင်၏မျက်နှာပေါ်တွင် နှာခေါင်းရင်း မျက်စိနှစ်လုံးကြားသို့ စိုက်ကြည့်၏။

ထိုသို့စိုက်ကြည့်ရာတွင် သူ၏မျက်စိများကို ပြူး၍လည်း မထား။ စိန်းစိန်းကြီးလည်းမကြည့်။ ရိုးရိုး စိုက်ကြည့်သကဲ့သို့ပင်ကြည့်၏။သို့ရာတွင် အနည်းငယ်ထူးခြား၏။ သူသည် သင်၏နှလုံးထဲသို့ တိုက်ရိုက်ဝင်ကြည့်သကဲ့သို့ဖြစ်စေ၏။

ဤကဲ့သို့ကြည့်ခြင်းဖြင့် သင့်၌ မခံချင်သောစိတ်လည်းမရှိ။ မပေါ်ပေါက်။သူ၏ကြည့်ခြင်း တစ်မျိုးဖြစ်သော်လည်း သင့်မှာ မထူးခြား။ ထိုခဏ၌ပင် သင်သည် သူပြောရာကိုသာ လိုက်နာဆောင်ရွက်လိုသော စိတ်ပေါ်လာ၏။
သံ လိုက်ဓာတ်ရှိသောသူသည် အစဉ်ယဉ်ကျေးသိမ်မွေ့၏။ မာန်မာနရှိဟန် လက္ခဏာမရှိ။

နှိမ်ချသောစိတ် ရှိသကဲ့သို့ဖြစ်၏။ သို့ရာတွင်သင်သည် သူ့ကို အဠွန်ရိုသေ၏။သူသည် တွေ့ဆုံ ကြုံကြိုက်သောသူတိုင်းကိုအလိုက်အထိုက်ကြည့်၍ ပြောဆိုပေါင်းသင်း၏။ သို့ရာတွင် သူကို အလွန်အရိုအသေ မည်သည့်အခါမျှ မပျက်။တိုး၍သာ ရိုသေကိုင်းညွတ်ကြ၏။

သူနှင့်စကားပြောဆိုရာတွင် သေချာစွာစီစစ်ကြည့်လိုက်သည်ရှိသော် သူသည် အကြီးအကျယ် ဘာမှ
မပြော။ရိုးရိုးပင်ဖြစ်၏။ သို့ရာတွင် ထိုခဏ၌ သူပြောသောစကားများသည် အလွန်အဖိုးတန်သည်ဟု ထင်ရ၏။
သင်ကသာလျှင် အကြောင်းမျိုးစုံကို သူ့အားပြောရ၏။

သင်သည် သူ၏ထူးခြားသော ဟန်အမူအရာကို မသိ။ ရိုးရိုးကဲ့သို့ပင်ဖြစ်၏။ သူသည်လည်း သင့်ကို
လှည့်စားရန် တစ်ပတ်ရိုက်ရန် တမင်တကာ လည်ဆယ်၍ ထူးခြားသော ဟန်အမူအရာကို ပြုပြင်ဟန်ဆောင်
ခြင်းမဟုတ်။ သူ့၌ လျှို့ဝှက်သော အရာတစ်ခုမျှ မတွေ့ရချေ။

ရိုးရိုးပွင့်ပွင့်လင်းလင်း အတိုင်းပင်ဖြစ်၏။သူနှင့်မည်မျှပင် ကြာရှည်စွာ ပြောဆိုနေသော်လည်း သူ့၌ သင်၏အပေါ်တွင် မရိုးသားသောစိတ်ထား ရှိသည်ကိုမတွေ့ရ။

သင်သည် သူနှင့် စကားပြာရလျှင် သူ့အား အလွန် ချစ်ခင်ရိုသေသောစိတ် ပေါ်လာ၏။ သင်သည်
သူ့ကို အားကိုးအားထား ပြုချင်သောစိတ်ဖြစ်ပေါ်လာ၏။သင်သည် သူနှင့် စကားပြော၍ မ၀။ သူ၏အနားမှာသာ
နေလို၏။ သူပြောရာ သူ၏အလိုကိုသာလိုက်လို၏။ သင်သည် သူနှင့် ပေါင်းသင်းနေထိုင်ရလျှင် သင့်မှာ အကျိုး
ဖြစ်ထွန်းမည်ဟူသော စိတ်ဖြစ်လာ၏။

ဓမ္မတာတရား

သံလိုက်ဓာတ်ရှိသော သူ၏အရှိန်သည် သင်၏အပေါ်၌ အဘယ့်ကြောင့် ဤကဲ့သို့ အလိုလိုလွှမ်းမိုးပါ
သနည်း။ ၎င်းသည် ဓမ္မတာတရားဖြစ်၏။ အပူဓာတ်သည် အပူကိုဆောင်၏။ မေတ္တာဓာတ်သည် မေတ္တာကို
ဆောင်၏။

သံလိုက်ဓာတ်သည် ဆွဲငင်သော သဘောကိုဆောင်၏။ ဓာတ်အရှိန်ကြီးသောသူသည် ဓာတ်အရှိန်
နည်းသောသူ၏အပေါ်၌ လွှမ်းမိုးအုပ်ချုပ်စမြဲဖြစ်၏။နောက်ရေးသားမည့် အကြောင်းအရာတွင် သံလိုက်ဓာတ်မရှိသောသူ၏အကြောင်းအရာကို ဖော်ပြပေးပါမည်။

Sunday, January 17, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels