Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

စိတ်တန်ခိုးကျင့်စဉ်အပိုင်း(၄)

သံလိုက်ဓာတ် ရှိသော သူနှင့် သံလိုက်ဓာတ် မရှိသောသူ နှစ်ဦးတို့၏ ထူးခြား သော အမူအရာ များကို နှိုင်းယှဉ်ဖော် ပြပြီးဖြစ်၍ သံလိုက်ဓာတ် တိုးပွားအောင် မွေးမြူ စုဆောင်း သောနည်းများကို ဖော်ပြပေအံ့။ စိတ် ဆန္ဒဓာတ် လူတစ်ရာလျှင် ကိုးဆယ့်ကိုးယောက် သောသူတို့သည် မိမိတို့ စိတ်ဆန္ဒ၏ အလိုသို့သာ လိုက်၍ စိတ်ခိုင်း ရာကိုသာ ပြုလုပ်၍ နေကြ၏။၎င်း စိတ်ဆန္ဒကို နိုင်နင်းအောင် ဖိနှိပ်နိုင်သော သူအလွန် ရှားပါးလေ၏။

ဆန္ဒ ဆိုသည်မှာ ကျွန်ုပ်တို့ တစ်စုံတစ်ရာ ပြုလုပ်ရန် စိတ်ကို စေ့ဆော်ပေးသော စိတ်ဓာတ်ပင် ဖြစ်၏။ ၎င်း ဆန္ဒ ဓာတ်သည် အလွန် အရှိန်အစော် အာနုဘော် ကြီးမား၏။ ကျွန်ုပ်တို့သည် အမှတ်မဲ့ ၎င်း၏ အလိုသို့ လိုက်၍ နေကြ သဖြင့် ၎င်းသည် မည်မျှ အရှိန်တန်ခိုး ကြီးကြောင်းကို မသိကြချေ။

ဆန္ဒဓာတ် အရှိန်သည် မည်မျှလောက်ကြီးမားသည် ဆိုလျှင် ဥပမာသင် ၌ ဆေးလိပ် သောက်လိုသော စိတ်ဆန္ဒဖြစ်ပေါ်လာ၏။ ထိုခဏ၌ သင်သည် နေရာမှ ထ၍ ဆေးလိပ်ဆိုင် သို့သွားပြီးလျှင် ၀ယ်သောက်ရ၏။ မရလျှင် ရအောင်ရှာ၍ ၀ယ်ရ၏။

ဆန္ဒဓာတ်အရှိန်သည် သင့်ကိုဆွဲ၍ ၎င်း၏အလို သို့လိုက်စေ၏။ ဆန္ဒဓာတ်သည် မည်မျှလောက် အရှိန် ကြီးသည်ကို စဉ်းစားလေ။ ဆန္ဒဓာတ်သည် သင့်ကိုပင် သတ်နိုင်၏။ ထိုထက် ကြီးကျယ်သော အရာ များကိုလည်း ဖြစ်စေ နိုင်၏။

Tuesday, January 19, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels