Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

စိတ်တန်ခိုးကျင့်စဉ်အပိုင်း(၁)

သံလိုက်ဓာတ်၏သဘာဝဓမ္မ

သံလိုက်ဓာတ်ဆိုသည်မှာ သံလိုက်ကျောက်တွင် သံကလေးများကို ဆွဲငင်နိုင်သော ဓာတ်ရှိသကဲ့သို့ လူတွင်လည်း အခြားသူများကို မိမိ၏အလိုသို့ ဆွဲငင်နိုင်သော ဓာတ်ရှိ၏။ ၎င်းဓာတ်ကို သံလိုက်ဓာတ်ဟု ခေါ်ဆိုကြ၏။

ဤသံလိုက်ဓာတ် ဆိုသည်မှာ အခြားမဟုတ်။ လူတစ်ယောက်နှင့် တစ်ယောက် တွေ့ဆုံ ကြုံကြိုက်သော အခါ တစ်ယောက်သော သူက တစ်ယောက်သူအား အလိုလို ရိုသေခန့်ညားခြင်း၊ ကြည်ညိုမြတ်နိုးခြင်း၊ ယုံကြည် အားကိုးခြင်း ၊ချစ်ခင်ကြင်နာခြင်း၊ အလိုသို့လိုက်လိုခြင်း စသည်တို့ကို ဖြစ်စေသော ဓာတ်ပင်တည်း။

ဤသံလိုက်ဓာတ်သည် ကျွန်ုပ်တို့ အများသိသော လျှပ်စစ်ဓာတ်နှင့် သဘာဝဓမ္မချင်းတူ၏။ လျှပ်စစ်ဓာတ်ကို ဓာတ်အိုးတွင် စုဆောင်းသိုလှောင်၍ အလိုရှိ တိုင်း အသုံးချနိုင်သကဲ့သို့ သံလိုက်ဓာတ်ကိုလည်း ကျွန်ုပ်တို့ ကိုယ်ခန္ဓာအိုးကြီးထဲတွင် မွေးမြူစုဆောင်းသိုလှောင်၍ အလိုရှိတိုင်း အသုံးချနိုင်၏။

လူတိုင်းသံလိုက်ဓာတ်ရှိသည်....

သံလိုက်ဓာတ်သည် လူတိုင်း၏ခန္ဓာကိုယ်တွင်ရှိ၏။ အချို့သူများမှာ များ၏။ အချို့မှာ နည်း၏။ အချို့သူများမှာ ပွင့်၏။ အချိုသူများမှာ ငုတ်၏။အချို့သူများမှာ သံလိုက်ဓာတ်ကိုအသုံးပြုမှန်းမသိ ပြု၍နေကြ၏။ သံလိုက်ဓာတ်ကို
များများ အသုံးချသော သူများသည် အစစအရာရာ၌ အထမြောက်အောင်မြင်၏။

ထိုသူများသည် ခေါင်းဆောင်လူကြီး များသာ ဖြစ်တတ်၏။ သံလိုက်ဓာတ်နည်းသောသူနှင့် အသုံးမချ တတ်သော သူများမှာ အထမမြောက် မအောင်မြင်သာများကြ၏။

မည်သည့်တိုင်းပြည် မည်သည့်လူမျိုးမဆို သြဇာတိက္ကမကြီးမားသော ခေါင်းဆောင်ကြီးများနှင့် အရာရာ၌ အောင်မြင် ထမြောက်လေ့ရှိသော သူများ၌ ထူးခြားသော အမူအရာများရှိ၏။

ထိုထူးခြားသော အမူအရာများကို စစ်ဆေးကြည့်ရှု့ခြင်းဖြင့် ၎င်းတို့၏ ထမြောက်အောင်မြင်ခြင်း၏ အခြေခံဖြစ် သော သတ္တိထူးများကို ကောင်းမွန်စွာ သိရှိရလေ၏။ နောက်လာမည့် ပို့တွင်သံလိုက်ဓာတ်ရှိ သောသူအကြောင်း ကို ဆက်လက်ဖော်ပြပေးပါမည်။

Saturday, January 16, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels