Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ဆီကိုရေချိုးဆေးရိုးမီးလှုံစပါးတောင်လိုပုံ

တစ်နေ့သ၌ ကျွန်ုပ်၏ သားသမီးကဲ့သို့ ရင်းနှီးခင်မင်သော လင်မယားနှစ်ယောက် ရောက်ရှိလာကြ၏။ ယောကျားလုပ်သူ၏အမည်မှာ မောင်ဋ္ဌေးမော်ဟူ၍ ဖြစ်၏။ မိန်းမလုပ်သူ၏ အမည်မှာ မကြူကြူ ဟူ၍ဖြစ်၏။ ၎င်း မကြူကြူသည် ငါးဟင်းကို အလွန်ကြိုက်၏။ သို့ရာတွင် ၎င်း၏ခင်ပွန်း မောင်ဌေးမော်နှင့် သားသမီးများမှာ မကြိုက်ကြ။ ထို့ကြောင့် မကြူကြူ ငါးဟင်းစားလိုသောအခါ၌ တစ်ယောက်တည်း စားရမည်ကို ပျင်းစရာ ကောင်းသဖြင့် ကျွန်ုပ်အား အဖော်စပ်လေ့ရှိ၏။
ဆရာ....ငါးဟင်းပို့လိုက်ရမလား ဟု မေးလျှင် ကျွန်ုပ်ကလည်း ကောင်းသားပဲ ကြူကြူရာ...ငါးကျဉ်း ငါးခူ အရည်စပ်စပ်လေးနဲ့ ချက်တာ မစားရတာ ကြာပြီဟ.... ဟုပြောလိုက်လျှင် မကြူကြူသည် ထိုနေ့ ညနေစာအမီ ကျွန်ုပ်အား ပို့ပေးလေ့ရှိ၏။ ထို့ောကာင့် ကျွန်ုပ်လည်း ငါးဟင်း ကောင်းကောင်း စားရလေ၏။ ငါးဟင်း ပို့ရာ၌ ငါးဟင်းချဉ်း ပို့တာမဟုတ်။ ငါးပိဖျော်ရည် တို့စရာ စသည်တို့ကိုပါ ထည့်သွင်းပို့သည်ဖြစ်ရာ လွန်စွာ ထမင်းမျိုကျလေ၏။ တစ်လုပ်စားဖူး သူ့ကျေးဇူးဟူသော စကားရှိသည်ဖြစ်၍ မကြူကြူ၏ ထမင်းသည် ကျွန်ုပ်၌ အလုပ်ပေါင်းများစွာ ရှိသည်ဖြစ်ရာ ကျွန်ုပ်အဖို့ ကြူကြူကျေးဇူး မသေးဘူး ဟုသာ အမှတ်အသားပြုရတော့၏။
ထိုနေ့က ၎င်းတို့ ဇနီးမောင်နှံ ကျွန်ုပ်ထံသို့ ရေက်ရှိလာ၏။ ထိုအချိန်၌ ကျွန်ုပ်သည် အပြင်သို့ ထွက်သွားနေစဉ်ဖြစ်၍ ၎င်းတို့သည် ကျွန်ုပ်အခန်ဒ၌ စောင့်နေရလေ၏။ ထိုသို့ စောင့်နေစဉ်အတွင်း မကြူကြူသည် ကျွန်ုပ်၏ အခန်းတွင် ချိပ်ဆွဲထားသော ပုံကားများကို စေ့စေ့စပ်စပ် လိုက်လံ ကြည့်ရှု့နေလေ၏။ ကျွန်ုပ် ပြန်ရောက်လာသည်အထိ ၎င်းသည် ကြည့်၍ မပြီးသေးပေ။ ကျွန်ုပ်ကို မြင်လျှင် ၎င်းက......ဆရာ့အခန်းမှာလည်း ချိပ်ထားတဲ့ပုံတွေက စုံနေတာပဲ...... ဟုပြောလေ၏။ အောင်မလေး မကြူကြူရေ...။ အဲဒါတွေအားလုံး အလှချိပ်ထားတာ မဟုတ်ဘူးနော်။ ၀ိဇ္ဇာဝပြော ဓာတ်တွေ ဆင်ထားတာ..... ဟု ပြောလိုက်ရာ။
ကြူဖြင့် မကြားဖူးပါဘူး ဆရာ။ အဲဒီ ၀ိဇ္ဇာဝပြော ဓာတ်ဆိုတာ ဘာလဲ..ဟု ကြူကြူက မေးလေ၏။
ထိုအခါ ကျွန်ုပ်က.....
ဒီလိုရှိတယ်ယွယ့်။ ဒီလိုရှိတယ်။ဝိဇ္ဇာတွေဟာ ခုနှစ်ရက် သားသမီးတွေအတွက် ၀ပြောစည်ပင်အောင် ဓာတ်ဆင်လေ့ ရှိတယ်။ သူတို့ဆင်ပေးတဲ့ ဓာတ်ဟာလည်း များသောအားဖြင့် အင်္ဂါနံဖြစ်တဲ့ ဆန် ၊ ဆီ ၊ဆေးဆွေကိုပဲ ဆင်ပေးလေ့ရှိတယ်။ ဆီရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ ဆိုတဲ့ ဓာတ်ကို ဆင်လေ့ရှိတယ်ကွယ်။ အဲဒီ ပန်ချီကားရေးထားတာက ဘယ်လိုရေးရသလဲဆိုတော့ လူတစ်ယောက်က ဆီလို့ရေးထားတဲ့ ရာဝင်အိုးထဲက ဆီကို ရေချိုးသလို ခပ်ချိုးနေတဲ့ပုံ ။ ဆေးရိုးကို မီးလှုံနေတဲ့ပုံ ။ အဲဒီလူရဲ့ အိမ်ရှေ့မှာ စပါးတွေ တောင်ပုံ ရာပုံ ပုံနေတဲ့ပုံကို ဆွဲရတယ်။ အဲဒီပုံရဲ့ ဘေးမှာ ဆေးအပြာနဲ့ စာသတ်သတ် ရေးရသေးတယ်။ ရေးရတဲ့စာက ဥပမာ တနင်္လားသမီး မကြူကြူ ဆီကိုရေချိုးနေပုံ။ တနင်္လာသမီး မကြူကြူ ဆေးရိုး မီးလှုံနေပုံ။ တနင်္လာသမီး မကြူကြူရဲ့ အိမ်ရှေ့မှာ စပါး တောင်ပုံ ရာပုံရှိနေပုံ ဆိုတဲ့ စာတွေကို ရေးရမယ်။ အဲဒီလိုေ၇းပြီးတော့ ဘယ်လပြည့် ဖြစ်ဖြစ် လပြည့်နေ့မနက် ဆယ်နာရီ တောအခေါ် ဆွမ်းခံပြန်ချိန်ပေါ့။ အဲဒီအချိန်လောက်မှာ ဒီပုံကို ချိပ်ဆွဲရတယ်။ ချိတ်ဆွဲတဲ့အခါမှာလည်း ချိတ်ဆွဲတဲ့လူဟာ တနင်္လာသမီးနှင့် ဆပွတ်ကျတဲ့ နေ့နံသားသမီးက ချိပ်ပေးရမယ်။ ဆပါတ်ကျတဲ့ နေ့နံသားသမီး ဆိုတာက ခြောက်ခုမြောက်ကျတဲ့ နေ့နံသားသမီးကိုပြောတာပေါ့။ အဲဒီတော့ ကြူကြူရဲ့ ဆပွတ်နေ့သားသမီးဟာ တနင်္လာကစရင် ခြောက်ခုမြောက်ကျတဲ့သူပေါ့။ အဲဒီတော့ ဘယ်သူဖြစ်မလဲ။ တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေဆိုတော့ စနေသားသမီးပေါ့။ စနေသားသမီးဆိုတော့ တခြားရှာမနေနဲ့။ မောင်ဌေးမော်ကပဲ ချိပ်ပေးလိုက်ပါ...ဟု ပြောလိုက်လေ၏။
ဒီလို ရိုးရိုးချိပ်ရမှာလား ။ဝိဇ္ဇာတွေအတွက် ပွဲတွေ ဘာတွေ ပေးရဦးမှာလားဟု မကြူကြူက မေးပြန်ရာ
ပွဲထိုးဖို့ မလိုပါဘူး ကြူကြူရယ်... ၀ိဇ္ဇာတွေကို လှူဒါန်းတဲ့အနေနဲ့ မီးက သုံးတိုင် ကောက်ညှင်းပေါင်းအဖြူက သုံးပန်းကန် ယပ်က သုံးချောင်း ရေက သုံးခွက် လှူဒါန်းပြီး အဲဒီပုံကို ချိပ်ဆွဲရုံပါပဲ...ဟု ကျွန်ုက်က ပြောလိုက်လေ၏။ ထိုအခါ ကြူကြူသည် ကျွန်ုပ်ပြောသည်ကို စိတ်ဝင်စားစွာ နားထောင်နေသော်လည်း သူ၏စိတ်၌ တစ်စုံတစ်ခု မေးချင်စိတ်ပေါ်နေသည်ကို တွေ့ရလေ၏။
အဲဒီလို ချိပ်ဆွဲလိုက်ရုံနဲ့ အဲဒီ တနင်္လာသမီးမကြူကြူဟာ ၀ပြောသွားရောတဲ့လား ဆရာရယ်...ဟု မေးပြန် လေ ၏။
ဒါက ဒီလိုရှိပါတယ်။ မယုံကြည်ရင်တော့ မလုပ်တာ အကောင်းဆုံးပဲ။ ယုံမှလုပ်ပါ။ ယုံကြည်ရင်တော့ စိတ်က လေးကလည်း ကြည်လာတယ်။ အဲဒီကြည်လာတဲ့ စိတ်ကလေးနဲ့ ဆောင်ရွက် လုပ်ကိုင်လိုက်ရင် အမှန်တကယ် လည်း ဖြစ်ထွန်ပါတယ်။ အဲဒီတော့ ကြူကြူရယ်။ အခု လုပ်ရမဲ့ အလုပ်က ဘာများခက်လို့လဲ။ ကျုပ်ဆီမှာရှိတဲ့ ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ ဆိုတဲ့ စာရွက်လေးကို ယူသွားလိုက်။ အဲဒီစာရွက်လေးမှာ ကျုပ်ပြောတဲ့အတိုင်း တနင်္လာသမီး မကြူကြူ ဆီကိုရေချိုးနေပုံ တနင်္လာသမီး မကြူကြူ ဆေးရိုး မီးလှုံနေပုံ တနင်္လာသမီး မကြူကြူအိမ်ရှေတွင် စပါးတောင်ပုံ ရာပုံ ရှိနေပုံ ဆိုတဲ့ စာတမ်းကလေးရေးပြီး အဲဒီစာရွက်ကလေး မစုတ်မပြဲအောင် ပလတ်စတစ်အုပ်လိုက် ။ ပြီးတော့ လပြည့်နေ့ ဆွမ်းစားပြန်ချိန်မှာ မောင်ဌေးမော်ကို ချိပ်ခိုင်းလိုက်။ မချိပ်ခင်မှာ စောစောက ကျုပ်ပြောတဲ့ မီးရယ် ရေရယ် ကောက်ညှင်းပေါင်းရယ် ယပ်ရယ်ကို ၀ိဇ္ဇာတွေကို ရည်မှန်းပြီး လှူဒါန်းလိုက်ပေါ့ဟု ပြောလိုက်လေတော့သတည်း။

Friday, January 29, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels