Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

စိတ်ဆိုးပြေအောင် ဒါလေးဆောင်

အခု ကျွန်တော်ပြောပြချင်တဲ့ အကြောင်းအရာကတော့ စိတ်ဆိုးပြေအောင် အဆောင်ဆောင်သွားရတဲံ အကြောင်းပါ။ ကိုယ်ကို လူတစ်ဦးတစ်ယောက်က စိတ်ဆိုးနေတယ် ဆိုရင်ဘယ်လို လုပ်မလဲ။ စိတ်ဆိုးတယ် ဆိုတဲ့ လူတွေကလည်း အမျိုးမျိုးရှိတယ်နော်။ ဥပမာ ကိုယ်မိဘက စိတ်ဆိုးတယ် ။နောက်ပြီး ကိုယ့်ယောက်ျား/ ကိုယ့်မိန်းမက စိတ်ဆိုးတယ်။ ကိုယ့်သူငယ်ချင်းက စိတ်ဆိုးတာလဲ ဖြစ်နိုင်တာပေါ့။ ကိုယိ့ရီးစားလည်း တစ်ခါတလေ စိတ်ဆိုး စိတ်ကောက်တတ်တာပဲလေ။ ပြောရမယ်ဆိုရင်တော့ အများကြီးပဲ။ ထားလိုက်တော့....အခုပြောချင်တာက ကိုယ်ကို လူတစ်ဦးတစ်ယောက်က စိတ်ဆိုးနေပြီဆိုရင် ကိုယ်ကလဲ သူနဲ့ သွားတွေ့ရမယ့် ကိစ္စရှိနေတယ်ဆိုရင် ကဲ ဘယ်လိုလုပ်မလဲ။ လွယ်ပါတယ်ဗျာ။ ဒီလိုအဆောင်လေးတွေ ဆောင်ပြီးသွားတွေ့လိုက်ပါ။ မိတ်ဆွေတို့ကို စိတ်ဆိုးနေတဲ့ သူတွေချက်ချင်းစိတ်ဆိုးပြေသွားပါလိမ့်မယ်။

တနင်္ဂနွေသားသမီးစိတ်ဆိုးပြေစေရန်...၀ါးမြစ်လက်တစ်ဆစ်ကိုဆောင်ပြီးသွားတွေ့ပါ။
တနင်္လာသားသမီးစိတ်ဆိုးပြေစေရန်....ပိတောက်မြစ်လက်တစ်ဆစ်ဆောင်သွားတွေ့ပါ။
အင်္ဂါသားသမီးစိတ်ဆိုးပြေစေရန်...သီဟိုဠ်မြစ်လက်တစ်ဆစ်ကိုဆောင်ပြီးသွားတွေ့ပါ။
ဗုဒ္ဒဟူးသားသမီးစိတ်ဆိုးပြေစေရန်....ထန်းမြစ်လက်တစ်ဆစ်ဆောင်သွားတွေ့ပါ။
ကြာသပတေးသားသမီးစိတ်ဆိုးပြေစေရန်...အုန်းမြစ်လက်တစ်ဆစ်ကိုဆောင်ပြီးသွားတွေ့ပါ။
သောကြာသားသမီးစိတ်ဆိုးပြေစေရန်....ကံ့ကော်မြစ်လက်တစ်ဆစ်ဆောင်သွားတွေ့ပါ။
စနေသားသမီးစိတ်ဆိုးပြေစေရန်...ဇီးမြစ်လက်တစ်ဆစ်ကိုဆောင်ပြီးသွားတွေ့ပါ။

အဲဒီလို အဆောင်လေးတွေဆောင်သွားမယ်ဆိုရင် မိတ်ဆွေတို့ကို စိတ်ဆိုးပြေပြီး ဖော်ရွှစွာ ဆက်ဆံလာပါလိမ့်မည် ဆိုတဲ့အကြောင်း

မှတ်ချက်။ ။ကျွန်ုပ်၏ဗေဒင်ဟောခန်းအတွေ့အကြုံအရ ကောင်ကလေးနှင့် ကောင်မကလေး စိတ်ဆိုးစိတ်ကောက်နေသော အဖြစ်အပျက်မျိုးနှင့် ကြုံရသောအခါ ဤနည်းအတိုင်း အဆောင်ပေးခဲ့ရာ (၁၀)ကြိမ်ပေးလျှင် (၁၀)ကြိမ်စလုံး အောင်မြင်ခဲ့တာချဉ်းပင်ဖြစ်ပါကြောင်း

Wednesday, January 13, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels