Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

သနပ်ခါးမန်း(ပီယအတွက်)

ကျွနုပ်၏ အသက် ရှစ်နှစ် ကိုးနှစ် အရွယ်ခန့်က ကျွန်ုပ်၏ အဘွားသည် ရေချိုးပြီးတိုင်း သနပ်ခါး လိမ်းရန် အတွက် ကျွန်ုပ်ကို သနပ်ခါး သွေးခိုင်း တတ်၏။ ကျွန်ုပ်သွေးသော သနပ်ခါးမှာ ညက်၍ လိမ်းကောင်းသည် ဆို၏။ ထိုသို့ သနပ်ခါး သွေးရာ၌လဲ ရိုးရိုးသွေးရသည် မဟုတ်။ ကျွန်ုပ်အား ဂါထာ တစ်ပုဒ်ကို သင်ပေး ထားပြီးလျှင် သနပ်ခါး သွေးနေစဉ် အတွင်း ရွတ်ခိုင်း၏။ ထို့ကြောင့် ကျွန်ုပ်သည် အဘွား ရေချိုးသည်နှင့် တပြိုင်တည်း ကျောက်ပြင်နှင့် သနပ်ခါးကို ထုပ်ကာ အောက်ပါ မန္တာန်ကို ရွတ်ရလေတော့၏။
သဗ္ဗေ ဒေ၀ါစ ယက္ခာစ ၊ ရာဇ မေတ္တာ မနုဿစ။
သဗ္ဗေ ကောဓံ ၀ိနဿန္တု ၊ ဒိသွာန ပိယာ ယန္တု။
စတ္တံ ပုတ္တေ နေ၀သိန္နော၊အဟံ။
ကရဏီယ မေတ္တ ကုသလေန။
ယန္တသနံ္တ ပဒံ အဘိသမေစ္စ သွာဟ။
ထို့နောက် ကျွန်ုပ်သည် မန္တာန်ရွတ်ရင်း သနပ်ခါး သွေးရ၏။ ကြာသောအခါ ကျွန်ုပ်သည် အချောင်ခို၍ သနပ်ခါးကို သာသွေးပြီး မန္တာန်ကို မရွတ်ဘဲ နေ၏။ ထိုအခါ၌ အဘွားသည် “ဟဲ့ကောင်လေး မန္တာန်ရွတ်လေ” “အဘွားရယ် သနပ် ခါးရရင် ပြီးတာပဲ။ မန္တာန်က ဘာလို့ရွတ်ရတာလဲ”ဟု စောဒက တက်ခဲဘူးလေ၏။ ထိုအခါ၌ အဘွားက....
ဒီမန္တာန်က သိပ်ပြီး စွမ်းတာ ငါ့မြေးရဲ့။ နတ်ချစ်တယ်၊ မင်းချစ်တယ်၊ သူတစ်ပါးရဲ့ ဒေါသတွေ ကိုယ်ဆီကို မကျရောက်ဘူး။ မြင်တဲ့ သူတိုင်းက ၀မ်းနဲ့ လွယ်ပြီး မွေးထားတဲ့ သားသမီးကို ချစ်သလို ချစ်တယ်။ အဲဒါ သိကြားမင်း ပေးတဲ့ မန္တာန်။ ဆီကို အဲဒါနဲ့ မန်းပြီး ခေါင်းကို လိမ်းရတယ်။ မျက်နှာချေကိုလည်း အဲဒါနဲ့မန်းပြီး မျက်နှာကို လိမ်းရတယ်။ လူချစ်လူခင် ပေါ တယ်ငါ့မြေးရဲ့... ဟုပြောလေ၏။ အမှန်စင်စစ် ကျွန်ုပ်၏ အဘွားသည် လွန်စွာ အပေါက်ဆိုး၏။ မည်သည့်အခါမှ ပြေပြေ လည်လည် ပြောလေ့မရှိ။ ကျွန်ုပ်၏ အဘွား အမည်မှာ ဒေါ်အေးခင် ဟူ၍ဖြစ်၏။ စကားပြော အပေါက်ဆိုးသော ကျွန်ုပ်၏ အဘွား ဒေါ်အေးခင်အား လူတို့သည် ချစ်ခင်ကြကုန်၏။
“ဒေါ်အေးခင်ကြီးကကွာ အလွန် ရိုးတာကလား။ စကားပြောတော့ ဖြောင့်ဖြောင့်ပြောတော့ အပေါက်ဆိုးသလို ဖြစ်တာ ပေါ့ ””ဟူ၍ ခွင့်လွတ်ကာ ချစ်ခင်ကြကုန်၏။ သူလိမ်းသော သနပ်ခါးတွင် ကျွန်ုပ် ရွတ်ပေးသော မန္တာန်၏ အစွမ်းကြောင့် ပေလော။ ဤစကားသည် မှန်သောစကား ဖြစ်၏။ ကျွန်ုပ်သည် ကျွန်ုပ်၏ မိခင်အား....အမေရယ် အဘွားလို သနပ်ခါး သွေးရင် မန္တာန်ရွတ်ပြီး သွေးပါလား။ အဲဒီမန္တာန်ဟာ လူချစ်လူခင် များတယ် ဟု ကျွန်ုပ်က အကြံ ပေးသော်လည်း.. အမ လေးတော် ငါတို့က နင့်ဘွားအေလို အားနေတာ မဟုတ်ဘူး။ သနပ်ခါးလည်း မလိမ်းအားဘူး။ လိမ်းရင်လည်း မန္တာန် တွေ ဘာတွေ ရွတ်မနေနိုင်ဘူး။ ကိုယ်အလုပ်နဲ့ကိုယ် ရှုပ်နေတာပဲ” ဟုပြောလေ၏။ အမှန်စင်စစ် အားဖြင့် ကျွန်ုပ်၏မိခင် သည် ကျွန်ုပ်၏ အဘွားလောက် လူချစ်လူခင် မများရှာပါ။ ကျွန်ုပ် အိမ်ထောင်ကျ သောအခါ ကျွန်ုပ်၏ဇနီးအား ကျွန်ုပ် က....တို့အဘွားက သနပ်ခါးသွေးတိုင်း မန္တာန်ရွတ်ပြီး သွေးတာ။ လူချစ်လူခင် များတယ်။ မင်းရော သနပ်ခါးသွေးရင် အဲ ဒီမန္တာန်ရွတ်ပြီး သွေးပါလား ငါတို့ အလွတ်ရတယ်။ သင်ပေးမယ်....ဟု ပြောမိရာ ကျွန်ုပ်၏ ဇနီးသည်က “တောမှာ သွား ပြော”ဟု ကျွန်ုပ်အား ပြောလေ၏။
ကျွန်ုပ်၏ ဇနီးသည် မည်သည့် မန္တာန်ကိုမျှ မရွတ်။ ထူးခြားချက် တစ်ခုမှာ သူသည် လူမုန်းများသော သူဖြစ်၏။ ကျွန်ုပ် သည် ထိုမန္တာန် အပေါ်ယုံကြည် သက်ဝင်လာခဲ့၏။ လောကီပညာ လိုက်စားသောအခါ၌ ပြည်ဦးကြန်စွယ်၏ MAGICA L ARTS ခေါ် ၀ိဇ္ဇာမယ သိဒ္ဓိကျမ်းသည် မဖတ်မဖြစ် ဖတ်ရသောကျမ်း ဖြစ်လေရာ ထိုကျမ်းကိုဖတ်ရလေ၏။ ထိုကျမ်း၏ အပုဒ်ရေ ၄၁၀-၌ ကျွန်ုပ်၏ သနပ်ခါးမန်း ဆီမန်းဂါထာသည် တခမ်းတနား ပါလာလေတော့သတည်း။

Sunday, January 24, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels