ကိုယ်အင်္ဂါ ပုံပန်းကို ပြုပြင်ခြင်း
သံလိုက်ဓာတ်ရှိသောသူ၏ ကိုယ်အင်္ဂါ ပုံပန်းမှာလည်း ထူးခြားသဖြင့် ၎င်းပုံပန်းကို ဖြစ်စေရန် အောက်ပါအတိုင်း နေ့စဉ် လေံကျင်ရမည်။ လေကောင်းလေသန့်ရှိသော နေရာတွင် မတ်တတ်ရပ်လျှက် ဘေးတွင် တွဲလောင်းချထား သောလက်များကို ဆန့်လျှက်ပင် အထက်ခေါင်းပေါ်သို့ ဘေးမှ မြှောက်တင်နေစဉ် ၀င်သက်ရှူသွင်းရမည်။ လက်များကို ပြန်ချသောအခါ ၀င်သက်ရှူထုပ်ရမည်။ ဖြာ်းဖြည်း ပြုလုပ်ရမည်။ ဤကဲ့သို့ ထွက်သက် ၀င်သက်နှင့် ကိုယ်အင်္ဂါ လှုပ်ရှားမှု့ကို လေ့လာစဉ် မိမိရှေ့၌ ကိုယ်လုံးပေါ်မှန်ကြီး ထား၍ မှန်ထဲသို့ ကြည့်လျှက် ပြုလုပ်လျှင်လည်း ကောင်းသည်။ ဤကဲ့သို့ နေ့စဉ် နံက်ဖြစ်စေ ညဖြစ်စေ လေ့ကျင့်ပါက မကြာမီ ကိုယ်ဟန်အမူအရာ ပြောင်လဲလာသည်ကို တွေ့ရလိမ့်မည်။








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter