Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

စိတ်တန်ခိုးကျင့်စဉ်အပိုင်(၆)

စိတ်တန်ခိုး ရှိသူ များသည်လျှို့ဝှက် ရမည့် ကိစ္စများ၌ အပြင်သို့ မရောက်အောင် ထိမ်းသိမ်း တတ်ကြသည်။

များသောအားဖြင့် လူများသည် မလျှို့ဝှက်နိုင်ကြချေ။ တစ်စုံတစ်ရာ လျှို့ဝှက် စရာရှိလျှင် အခြားနီးစပ်ရာ လူတစ် ယောက်အား မည်သူမျှ မပြောပါနှင့် မင်းတစ်ယောက် ထဲသာ သိပါစေ စသည်ဖြင့် ပိတ်၍ ပြောလေ့ရှိ၏။ ထိုသူကလည်း တဖန် အခြား နီးစပ်ရာ လူတစ်ယောက်ကို ထို့အတူ ပြောပြန်၏။ လျှို့ဝှက်စရာ ကြီးမား လေလေ အမြန်ဆုံး ပြောတတ် လေလေ ဖြစ်တတ်ကြ၏။

သင်သည် သံလိုက်ဓာတ်ကို မွေးမြူ စုဆောင်းရာ၌ ဆန္ဒကို ဖိနှိပ်ခြင်းက စ၍ လေ့လာ ပွားများသဖြင့် ဤလျှို့ဝှက်ခြင်း သည်လည်း ဆန္ဒအရှိန် ကဲ့သို့ပင် သင်၏ ကိုယ်တွင်း၌ အရှိန်(အား)ကို ပွားများသော ဓာတ်တစ်ခုပင်ဖြစ်၏။ ထို့ကြောင့် သင်၌ တစ်စုံတစ်ရာ လျှို့ဝှက်စရာ ရှိလျှင် မည်မျှပင် သေးငယ် သော်လည်း အပြင်သို့မ ရောက်စေဘဲ ထုပ်၍ ပြောလိုသော စိတ်ဓာတ်ကို ဖိနှိပ် ထားခြင်းဖြင့် သင့်၌ တန်ခိုး အားအရှိန် ပွားများ လာစေနိုင်၏။

ဆိပ်ငြိမ်ခြင်း

ဆိပ်ငြိမ်ခြင်း သည်လည်း တန်ခိုးအရှိန် တစ်မျိုး ဖြစ်စေ၏။ ရေအနက်ဆုံး မြစ်သည် အလွန် ဆိပ်ငြိမ်၏။ ပညာကြီးရင့် သော သူသည်လည်း အလွန်ဆိပ်ငြိမ်၏။ ခေါင်းဆောင် လူကြီးတို့သည်လည်း အလွန် ဆိပ်ငြိမ်ကြကုန်၏။

ဆိပ်ငြိမ် သည်ဆိုရာ၌ တစ်စုံတစ်ရာ မပြုလုပ်ဘဲ ငြိမ်သက်စွာ နေထိုင်ခြင်းကို မဆိုလို။ ခေါင်းဆောင် လူကြီးတို့သည် မိမိတို့ မည်ရွှေ့မည်မျှ ပညာရှိကြောင်း ၊ ဥစ္စာပေါကြောင်း၊ အစွမ်းရှိကြောင်း ၊စသည်ဖြင့် မည်သည့် အခါမျှ မကြော်ငြာကြ။ သင် ကျွန်ုပ်တို့ ကသာ မည်ရွေ့ မည်မျှ ကြီးကျယ် သည်ဟု တွေးဆ ပြောဆိုကြရ၏။ ထိုသူတို့သည် ကျွန်ုပ်တို့အား အစဉ် အံ့အား သင့်စေ၏။

အံ့အားသင့်စေခြင်း

ဆိပ်ငြိမ်ခြင်းသည် အံ့အားသင့်စေခြင်းကို ဖြစ်စေ၏။ လူအများ စုရုံး၍ ထွေရာလေးပါး တွေ့ကရာ စကားများကို တဟားဟားပြောဆိုနေကြရာတွင် တစ်စုံတစ်ယောက်သောသူက နားစိုက်ထောင်နေပြီးလျှင်ဘာမှဝင်မပြောဘဲ ဆိပ်ငြိမ်တည်ကြည်စွာ ဣနြေ္ဒရရနှင့် ထိုင်နေပါက

၎င်းသူတို့သည် ထိုသူအား အံ့အားသင့်စွာ ရှက်သလိုလို ကြောက်သလိုလို ဖြစ်ပြီးလျှင် အလိုလို ရိုသေလာသည်ကို တွေ့ရလိမ့်မည်။ ၎င်းသူတို့သည် မည်ရွေ့ မည်မျှ ပညာ အရည်အချင်း ရှိကြသည်ကို ထိုသူသည် အကဲခတ်နိုင်၏။ ၎င်းသူတို့သည် ထိုသူအား မည်သည့်နည်းနှင့်မျှ အကဲ မခတ်နိုင်ကြချေ။

သင်သည် ရှေးအခါက တစ်စုံ တစ်ယောက်သော သူသည် သင်၏ အထံသို့ သတင်း တစ်စုံ တစ်ရာ လာပြီး ပြောဆို သောအခါ သင်၏ ထင်မြင်ချက်များကို ထိုသူအား မည်သို့ မည်ညာ စသည်ဖြင့် ပြန်ပြောလေ့ရှိခဲ့၏။ ယခုအခါ သင်သည် ဆိပ်ငြိမ်ခြင်း၏ တန်ခိုးကို သိရကား ရှေးအခါများ ကဲ့သို့ မဟုတ်။

တစ်စုံတစ်ယောက် သောသူသည် သင်၏ အထံသို့ သတင်း တစ်စုံတစ်ရာ လာ၍ပြောဆိုက ဆိပ်ငြိမ်စွာ နားထောင်ပြီး သင်၏ ထင်မြင်ချက် တစ်စုံတစ်ရာကို ဘာမျှ ပြန်မပြောချေ။ ထိုအခါ သတင်း ယူလာသော သူသည် သင်၏သဘော သင်၏ အရည်အချင်း စသည်တို့ကို ဘာမျှ မသိဘဲ အံ့အားသင့်စွာ သင့်ကို ရှေးကထက် ပို၍ ယုံကြည် အားထားပြီးလျှင် သင်၏ အပေါ်၌ အထင် အမြင် ကြီး၍ လာလိမ့်မည်။

အထူးသတိပေးချက်

ဆိပ်ငြိမ်ခြင်း ဆိုရာ၌ လုံးလုံး စကားမေပြောဘဲ နေရမည်ကို မဆိုလို။ စကားကို သူ့နေရာနှင့် သူ တန်ရုံ အချက်ကျကျ ပြောရမည်။ သင်သည် မည်၍ မည်မျှ အရည်အချင်း အစွမ်းသတ္တိ ရှိသည်ကို အခြားသူ မသိအောင် ထားရမည်။ ထိုသူတို့သည် သင် မည်ရွေ့ မည်မျှ တတ်စွမ်းသည် စသည်တို့ကို မမှန်းဆ နိုင်သရွေ့ ကာလပတ်လုံး ထိုသူတို့သည် သင့်အား အထင်ကြီး၍ နေလိမ့်မည်။

ဤကဲ့သို့ ဆိပ်ငြိမ်ခြင်းကို လေ့လာရာ၌ ရုတ်တရက် တစ်ခါတည်း မိမိကိုယ်ကို ပြောင်းလဲ၍ မပစ်အပ်။ တစ်စ တစ်စ ပြောင်းလဲမှန်းမသိ ပြောင်းလဲ သွားရမည်။ သင်သည် သံလိုက်ဓာတ် ပညာကို သင်ကြား လေ့လာပြီး ယခုကဲ့သို့ ကျင့်နေသည်ကို အခြားသူများအား မည်သည့်နည်းနှင့်မျှ မသိစေရ။ ခါတိုင်းကဲ့သို့ ရိုးရိုးပင် နေသည်ဟု ထင်စေရမည်။

Monday, January 25, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels