ကိုယ်လက်အင်္ဂါ ငြိမ်သက်ခြင်း
ကိုယ်လက်အင်္ဂါ အလဟဿ လှုပ်ရှားနေခြင်းသည် သံလိုက်ဓာတ် အား အရှိန် ယုတ်လျော့ စေကြောင်းကို ဖော်ပြခဲ လေပြီဒကိုယ်အင်္ဂါတွင် တစ်စုံတဏ်ရာ အကြောင်းမဲ့ စိတ်မပါဘဲ သတိလွတ်စွာ လှုပ်ရှားနေခြင်းသည် အား ကို ယုတ် လျော့စေသည်။ ဥပမာ... ဒူးနှန့်နေခြင်း ၊ လက်လှုပ်နေခြင်း ၊ ခေါင်းညိတ်နေခြင်း စသည်တို့ ဖြစ်လေသည်။
သံလိုက်ဓာတ်ရှိသောသူမှာ တစ်နေရာတည်း ကိုယ်လက်အင်္ဂါ လှုပ်ရှားခြင်း မရှိဘဲ အတော်ကြာ ဣနြေ္ဒရရ ထိုင်နေ နိုင်ရမည်။ လေ့ကျင့်ရန်မှာ အိပ်ယာပေါ်တွင် ပက်လက်လှန်ပြီး တစ်ကိုယ်လုံး အကြော အချင်များကို လျှော့၍ ငြိမ်သက်စွာနေရမည်။
ထိုကဲ့သို့ နေစဉ် မိမိလက်များနှင့် ခြေများမှာ သစ်တုံးများကဲ့သို့ ငြိမ်သက်စွာ နေစေရမည်။ ထိုအခါ ထါက်သက် ၀င်သက် မှန်မှန်ရှူ၍ “ငါသည် မည်သည့်အခါမဆို ဤကဲ့သို့ မလှုပ်ရှားဘဲ ငြိမ်သက်စွာ နေနိုင်၏”ဟု စိတ်ထဲက ပြဋ္ဌာန်းရမည်။ ထိုင်လျှက်လည်း ကျင်နိုင်သည်။
ကိုယ်အရှိန် တန်ခိုး
လူတိုင်း၌ ကိုယ်အရှိန် တန်ခိုးရှိကြောင်းကို ဖော်ပြခဲ့လေပြီ။ ၎င်းကိုယ်အရှိန်ဓာတ် ထက်မြက်အောင် အောက်ပါအ တိုင်း လေ့လာရမည်။ ညအိပ်ယာဝင်သောအခါ အိပ်လျှက် မျက်စိများ မှိတ်ပြီး ထွက်သက် ၀င်သက် မှန်မှန် လေးငါးခြောက်ခါလောက် ရှူလေ။ ထိုအခါ သင်၏ စိတ်သည် ငြိမ်သက်လာလိမ့်မည်။နောက် စိတ်ထဲ၌ တွေးထင် ရမည်မှာ မိမိသည် ကမ္ဘာ၏ အလယ်ဗဟိုတွင် တည်နေသကဲ့သို့ အနီးအနား၌ရှိသော အရာဝတ္ထုများကို လျစ်လျူ ရှု့ပစ်ရမည်။ ထို့နောက် မိမိကိုယ် ပတ်ဝန်းကျင်၌ အေးမြသော အရှိန်များ ဖြာထွက်နေသကဲ့သို့ ထင်မှတ်ရမည်။ နောက် စိတ်ထဲ၌ ဤငါ၏ အေးမြသော ကိုယ်ရှိန်စက်ကွင်း၌ ၀င်မိသောသူတိုင်းသည် အေးမြသော စိတ်ဖြစ်၍ ငါ့ကို ရိုသေချစ်ခင်ရမည်ဟု ယုံကြည်ရမည်။
သံလိုက်ဓာတ်အသုံးပြုနည်း
သံလိုက်ဓာတ်ကို အသုံးပြုရာ၌ မိမိကိုယ်ကို ယုံကြည်စိတ်ချခြင်းသည် လိုသည်။ “ငါသည် မုချ အောင်မြင်ရမည်။ ငါသည် တွေ့ဆုံကြုံကြိုက်သော သူတိုင်းကို ငါ၏အလိုသို့ ဆွဲယူနိုင်သည်” ဟူသော စိတ်ရှိရမည်။ ပရိသတ် အ လယ်တွင် မိမိ၏ သံလိုက်ဓာတ်အရှိန်ကို အသုံးပြုလိုသော အခါ စိတ်ထဲက ယခု ငါ၏ သံလိုက်ဓာတ် အရှိန်စက် ကွင်းသို့ အားလုံးလူများသည် မိနေလေပြီ။ ငါပြောရာကို လိုက်နာရမည်။ ငါ၏ အလိုသို့ လိုက်နာရမည် စသည်ဖြင့် စိတ်ထဲ၌ ဇောထက်သန်စွာ ယုံကြည်ရမည်။ တစ်ဦး တစ်ယောက် အပေါ်၌သာ အသုံးပြုလိုလျှင် ထိုသူဆီသို့ သွားသောအခါ “သင်သည် ငါ၏ အလိုသို့ လိုက်နာရမည်” ဟုစိတ်ထဲ၌ ပြောရမည်။ နောက် စကားပြော သောအခါ ထိုသူ သဘောကျတတ်သော အချက်ကစ၍ ပြောဆိုပြီးလျှင် လိုရာအခက်ကို ရောက်လျှင် သင်၏ ကြည်လင် သော မျက်စိများဖြင့် သူ၏ မျက်နှာပေါ် နှာခေါင်းရင်း မျက်စိနှစ်လုံးကြားသို့ စိုက်ကြည့်လျှက် ပြောဆိုရာကို မုချ လိုက်ပါရမည်ဟု ယုံကြည်သောစိတ်နှင့် ပြောရမည်။ ထိုအခါ၌ သူသည် သင့်ကို ပြန်မကြည့်လျှင် သင်က အခြားနေရာကို လွဲကြည့်လိုက်ပါက သင်၏ မျက်နှာသို့ သူသည် ကြည့်လိမ့်မည်။ ထိုအခါ သင်လိုရာကို ပြောဆိုလေ။
အောင်မြင်ခြင်း
ဤကဲ့သို့ သံလိုက်ဓာတ်ကို အလုပ်အကိုင်၌ဖြစ်စေ အခြားနေရာများ၌ဖြစ်စေ အသုံးချခြင်းဖြင့် သင်သည် အစစအရာရာ၌ အောင်မြင်လာမည်ဖြစ်ပါကြောင်း............







Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter