သံလိုက်ဓာတ်၏အရသာ
သင်သည် ယခုအခါ သံလိုက်ဓာတ်၏ သဘောတရားများနှင့်၎င်း၏ဆန့်ကျင်ဖက်များကို သိရသဖြင့် သင်၏စိတ်၌ ပျော်ရွှင်လာပြီးလျှင် ထိုအခါမှစ၍ မိမိကိုယ်ကို မိမိ ယုံကြည်အားကိုးသောစိတ် ရိုသေလေးစားသောစိတ်တို့ ပေါ်ပေါက်လာသည်ကို တွေ့ရလိမ့်မည်။
ထိုအခါ သင်၏ ကိုယ်အမူအရာတို့သည် ပြောင်းလဲမှန်းမသိ ပြောင်လဲလာ လိမ့်မည်။ သင်၏ ကိုယ်တွင်း၌ မွေးမြူ စုဆောင်းထားသော တန်ခိုး(အား) အရှိန်များကို သင်သည် သိသာစွာ အသုံးချနိုင်လာလိမ့်မည်။
သင်၏ စိတ်၌ “ငါ့ကို သူများ ရိုသေ ကိုင်းညွတ်ရမည်” ဟူသောစိတ် ဖြစ်ပေါ် လာလိမ့်မည်။ မိတ်ဆွေ သင်္ဂဟများနှင့် တွေ့ဆုံသောအခါ၌လည်း ရှေးကထက်ပို၍ သင့်အား ယုံကြည်အားကိုး ချစ်ခင်ကြောင်းကို တွေ့ရလိမ့်မည်။








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter