ဗေဒင်ဆရာဘ၀ အတွေ့အကြူံထဲတွင် တစ်ခါတစ်ရံ ထူးဆန်းသောအမျိုးသမီးများနှင့်
ကြုံတွေ့ရလေသည်။ထိုအမျိုးသမီးတစ်ဦးဆိုလျှင် ကိုယ်ဝန် မကြာခဏပျက်ကျတတ်
သည်ဟုဆို၏။ယ္ခုတစ်ခါဆိုလျှင် သူကိုယ်ဝန်ဆောင်သည်မှာ လေးခါတောင်ရှိပြီတဲ့။
ပထမ(၃)ယောက်မှာ ကိုယ်ဝန်ဆောင်၍ ငါးလ(သို့)ခြောက်လ လောက်ရောက်သည်
နှင့် ပျက်ပျက်ကျသွားသည်ဟု ဆိုလေ၏။ထိုကဲ့သို့ ကိုယ်ဝန်မကြာခဏပျက်ကျတတ်
သောအကြောင်းမှာ ဆေးပညာသဘောတရားအရ ဘာကြောင့်ဖြစ်သည်ဆိုသည်မှာ
ဆေးပညာကိုလုံးဝနားမလည်သောကြောင့် ကျွန်ုပ်အနေနှင့် ပြောမပြတတ်ပေ။
ဗေဒင်ပညာတွင်တော့ ထိုကဲ့သို့ ကိုယ်ဝန်မကြာခဏပျက်ကျတတ်သော မိန်းမ
ကို ဆရာလုပ်သူမှဖြစ်စေ (သို့) သီလရှိသောပုဂ္ဂိုလ်တစ်ဦးဦးမှဖြစ်စေ ညာလက်ဖြင့်
ခေါင်းကိုအုပ်၍ ကိုင်ပြီးလျှင် အောက်ပါ သြောင်း တစ်ရာ့ရှစ်ကွက်ဂါထာဖြင့် တစ်နေ့
လျှင် ကိုးကြိမ်ဖြင့် ကိုးရက် ရွတ်ပေးရမည်။ ထိုသို့ ပြုလုပ်လျှင် ကိုယ်ဝန်ခိုင်သွားပေ
လိမ့်မည်။
သြောင်းတစ်ရာ့ရှစ်ကွက်ဂါထာတော်ကြီး
- သြောင်းတစ်ရာ့ရှစ်ကွက် ဗုဒ္ဒစက်။
- တစ်ဆယ့်လေးချက် ဓမ္မစက်။
- တစ်ဆယ့်ရှစ်ချက် သံဃစက်။
- လရောင်ဝင်းလျှက် ရှင်ပစ္စေကဗုဒ္ဒေါရဟန္တာစက်။
- မြင့်မိုရ်တောင်ဦးမကကျူးလျှက် မိဘစက်။
- ဂုဏ်ကျေးဇူးကိုအထူးသိလျှက် ဆရာစက်။
- ၀ရဇိန်လက်နက် ဗြဟ္မာစက်။
- မိုးကြိုးလက်နက် သိကြားစက်။
- လောင်မီးကျလျှက် နတ်တို့စက်။
- ဘွဲ့ဖြူလက်နက် ဘီလူးစက်။
- တောင်ဟုန်ပြင်းလျှက် ဂဠုန်စက်။
- အာခံတွင်းက၀င်းဝင်းတောက်လျှက် နဂါးစက်။
- သုံးထောင်သင်္ချာ ဟိမ၀န္တာ အာဏာစိုးလျှက် သီဟစက်။
စက်ကြီးတစ်ဆယ့်သုံးပါး ရွတ်သံကြားက ဘေးများမြင်ရှု့မကောင်းမှု့ကို
ဝေးကကြဉ်ရှောင် အောင်စေတတ်သည် မြတ်သည့်ဆရာ ပညာတည်း။
သြောင်း နမော ဗုဒ္ဒါ နုဘာဝေန။
သြောင်း နမော ဓမ္မာ နုဘာဝေန။
သြောင်း နမော သံဃာ နုဘာဝေန။
မှတ်ချက်။ ။ ကျွန်ုပ်သည် ဇော်ဂျီဝမ်းဖြင့် စာရိုက် မကျွမ်းကျင်သေးပါသော
ကြောင့် အောက် (ဓ) မရိုက်တတ်ပါ။ ထို့ကြောင့် စာလုံးပေါင်း
အမှားများကို ဂရုဏာဖြင့် ပြင်ဆင်ဖတ်ရှု့ပါရန်။








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter