Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

တားရော့ဘယ်နှစ်ချပ်ရှိသလဲ

မိတ်ဆွေ.....
အခုဆိုရင် တားရော့ရဲ့ သဘောတရားကို နည်းနည်းလောက်တော့ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ တားရော့တွေကတော့ ကမ္ဘာပေါ်မှာမူအမျိုးမျိုး ကွဲနေတယ်။ ပုံဏ္ဌန်အမျိုးမျိုး ကွဲနေတယ်။ အီဂျစ်ဘက်က တားရော့က အီဂျစ်ဟန်ပေါက်နေတယ်။ ဥရောပဘက်က တားရော့က ဥရောပ ဟန်ပေါက်နေတယ်။ ဂျပန်တို့ ထိုင်းတို့ ဣနြ္ဒိယတို့ အရှေတိုင်းဘက်ကြတော့လည်း အရှေတိုင်းဟန်တွေ ပေါက်နေတာပေါ့။ တကယ်တော့ ဘယ်လိုပဲ ဟန်ပန် အငွေ့အသက်တွေ ကွဲပြားနေသည်ဖြစ်စေ အခြေခံ အနှစ်သာရ ချင်းကတော့ အတူတူတွေချဉ်းပါပဲ။
  • နံပါတ်(၁)...တားရော့ဘယ်နှစ်ချပ်ရှိသလဲဆိုရင် စုစုပေါင်းအားလုံး တားရော့(၇၈)ချယရှိတယ်။
  • အဲဒီ တားရော့ (၇၈)ချပ်ကို နှစ်မျိုးထပ်ခွဲမယ်။
  1. အဓိကတားရော့ကဒ် (၂၂)ချပ်။
  2. သာမညတားရော့ကဒ် (၅၆)ချပ်...ဆိုပြီး (၂)မျိုး ထပ်ခွဲလိုက်ပါတယ်။
ရှင်းတယ်နော် ...အိုကေ။ အခု ကျွန်တော် အဓိကတားရော့ကဒ်တွေကို အရင်ပြောပြမယ်။ အဲဒီလို ပြောပြတဲ့အခါ ကျတော့ ကျွန်တော်က အဘမင်းသိင်္ခရဲ့ တပည့်တစ်ဦးဖြစ်တဲ့အတွက် အဘမင်းသိင်္ခ ဘာသာပြန်ဆိုထားတဲ့ အမည်တွေနဲ့ပဲ ပြောပြမယ်။

MAJOR ARCANA=ခေါ်=အဓိကတားရော့ကဒ်များ
  1. THE MAGICIAN.မှော်ဝိဇ္ဇာ
  2. THE HIGH PRIESTESS.မယ်တော်ကြီး။
  3. THE EMPRESS.ဧကရီ။
  4. THE EMPEROR.ဧကရာဇ်။
  5. THE HIEROPHANT.ဘုန်းကြီး။
  6. THE LOVERS.ချစ်သူနှစ်ဦး။
  7. THE CHARIOT.စစ်ရထား။
  8. THE STRENGTH.စွမ်းအားရှင်။
  9. THE HERMIT.ပုဏ္ဏားဘကွန်း။
  10. THE WHEEL OF FORTUNE.ကံကြမ္မာလှည်းဘီး။
  11. JUSTIC.မနုစာရီ၊၊
  12. THE HANGED MAN.တွဲလောင်းဆွဲခံရသူ။
  13. DEATH.သေမင်း။
  14. TEMPERANCE.ရေခွက်နှစ်ခွက်။
  15. THE DEVIL.တေစ ၦ။
  16. THE TOWER.မျှော်စင်။
  17. THE STAR.ဓူဝံကြယ်။
  18. THE MOON.လမင်းစန္ဒာဒ
  19. THE SUN.နေသူရိန်။
  20. JUDGEMENT.ရှင်ပြန်ထမြောက်။
  21. THE WORLD.ကမ္ဘာလောက။
  22. THE FOOL.အရူး (အရူးကဒ်ကို ကျွန်တော်တို့ရဲ့ ဆရာသခင် အဘကတော့ (၀)အဖြစ်ယူပါတယ်။
ကဲမိတ်ဆွေ.....တားရော့ပညာကို အမှန်တကယ် ၀ါသနာပါတယ်ဆိုရင်တော့ အပေါ်မှာ ဖော်ပြထားတဲ့ အဓိကတားရော့ကဒ်(၂၂)ချပ်ကို မှတ်မိအောင် ကြည်လိုက်ပါတော့ မိတ်ဆွေ။ နောက်နေ့ တွေမှာတော့ တားရော့ တစ်ကဒ်ခြင်း အဓိပ္ပါယ်တွေကို မိနစ်ပိုင်းအတွင်း အဓိပ္ပါယ် ကောက်တတ်အောင် ဟောတတ်အောင် ကျွန်တော်တင်ပေးပါမယ်ခင်ဗျာ။

Thursday, January 28, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels