ဒီကတ်ပြားမှာ ခြေဦးတည်ရာ လျှောက်သွား နေတဲ့ အရူးတစ်ယောက်ကို တွေ့ရပါ့မယ်။ အရူး ဟာ တုတ်တစ်ချောင်းမှာ အထုပ် တစ်ထုပ် ထမ်းထားပါတယ်။ ဂန္ဓာရီ ပညာရှင်များက မသိ နားမလည်ခြင်း အ၀ိဇ္ဇာ အထုပ်ကို ထမ်းထားတာလို့လည်း အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ အရူး ဟာ သူ့ရဲ့ ဖိနပ်ကို မစီးဘဲ ထမ်းထားတာ လို့လည်း ဆိုကြပါတယ်။မသိ နာမလည်တဲ့ အရူးဟာ ရှေ့ကို လှမ်းလိုက်ရင် ချောက်ထဲကို ကျတော့မှာပါ။ သူ့ရဲ့ နောက်ကလည်း ခွေးတစ်ကောင်က လိုက်လာပါတယ်။ ဒီကတ်ပြားကို ဘယ်လိုပဲ ဖြစ်ဖြစ် အဆိုးသဘော ယူဆရမှာပါပဲ။ အားလုံးကို ခြုံပြီး စဉ်းစား လိုက်တဲ့ အခါ ဘယ်လို မေးခွန်းမျိုး ကိုပဲ မေးမေး အရူးကတ်ပြား ကျလာခဲ့ပြီဆိုရင်...
မဖြစ်ဘူး ၊ မရဘူး ၊ မအောင်မြင်ဘူး ဆိုတဲ့ အဟောတွေပဲ ဟောရမှာပေါ့။ ရူးသွတ်ခြင်း၊ ကယောင် ချောက်ခြား ဖြစ်ခြင်းတွေနဲ့ပါ တွဲစပ်ပြီး ဒီကတ်ပြားကို ဆိုးရူး လို့ အလွယ် မှတ်ထားနိုင်ပါတယ်။








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter