Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

(၁၆)မျှော်စင်တားရော့ကတ်အကြောင်း

ဒီကတ်ပြား ကတော့ မိုးကြိုး ပစ်ချ လိုက်လို့ ပြိုကျ ပျက်စီး နေတဲ့ မျှော်စင်ကြီး ရဲတိုက်ကြီး တစ်ခုရဲ့ ပုံဖြစ်ပါတယ်။ မျှော်စင်ကြီးဟာ မီးလောင် ပျက်စီးနေပါတယ်။ အဲဒီ မျှော်စင်ပေါ်က လူတွေ လွင့်စဉ် ကျလာပါတယ်။ အဲဒီတော့ ဒီကတ်ပြားဟာ အင်မတန် ဆိုးတဲ့ ကတ်ပြားရယ်လို့ သိသာ နိုင်ပါတယ်။

မိုးကြိုး ပစ်တယ်ဆိုတာ သဘာဝ ဘေးအန္တရာယ် ကြီးတစ်ခု ကြုံတာပါပဲ။ မိုးကြိုး ဆိုတာ လျှပ်စစ် ဒုက္ခ ပေးတာ ပါပဲ။ အဲဒီတော့ သဘာဝ ဘေးအန္တရာယ် ။ လျှပ်စစ် အန္တရာယ် ၊ မီးအန္တရာယ် ၊ အိုးအိမ် နေရာ ထိုင်ခင်းများ ဆုံးရှုံး ခြင်း ၊ ပျက်စီးခြင်း ၊ လူများ ထိခိုက် ဒဏ်ရာရခြင်း ။ ဥစ္စာ ပစ္စည်းများ ဆုံးရှုံးခြင်း ဆိုတဲ့ နိမိတ်ဆိုးများ ပြွန်းတီးနေတဲ့ ကတ်ပြား တစ်ချပ် ဖြစ်ပါတယ်။ အင်မတန် ဆိုးပါတယ်။ အဲဒီတော့ ဘယ်လို မေးခွန်းမျိုးကို မေးမေး နံပါတ်(၁၆) မျှော်စင် ဆိုတဲ့ ကတ်ပြား ကျလာခဲ့ရင် ....

ဆိုးသည် ၊ ညံ့သည် ၊ မဖြစ်နိုင် ၊ မရနိုင် ၊ မအောင်မြင် နိုင်ဆိုတဲ့ အဟောတွေပဲ ဟောရမှာပေါ့။ မျှော်စင် ကြီး ပြိုကျ ပျက်စီးခြင်းဟာ တော်တော် ဆိုးပါတယ်။ နည်းနည်းပါးပါး ပြုပြင် ဖာထေးရုံ လောက်နဲ့ ပြန်မ ကောင်းနိုင်တော့ ပါဘူး။ ဘ၀ ပျက်တယ်ဆိုတဲ့ ကိန်းမျိုးပါပဲ။ ဒါကြောင့် ဒီကတ်ပြားကို “ဆိုးပျက်”ရယ် လို့ အလွယ် မှတ်ထားနိုင် ပါတယ်။

  • မထင်မှတ်သော ရုတ်တရက် အန္တရာယ်များ ကြုံရတတ်သည်။
  • မီးဘေး ၊ လျှပ်စစ်ဘေး အထူး သတိထားရမည်။
  • အိုးအိမ် နေရာ ထိုင်ခင်း အတွက် သောက ရောက်ရတတ်သည်။
  • လက်ရှိအိမ် ၊ လက်ရှိ အလုပ်မှ မကောင်းသော ထွက်ခြင်းဖြင့် ထွက်သွားရ တတ်သည်။
  • ရေနစ်သူကို ၀ါးကူလို့ ထိုး ဆိုသည့် ဒုက္ခ ထပ်ပေးမည့်သူ များနှင့်သာ ကြုံရတတ်သည်။
  • အခြေပျက် ၊ အနေပျက် ၊ အလုပ်ပျက် ဖြစ်သွားတတ်သည်။
  • ရန်သူမျိုး (၅)မျိုးကို အထူး သတိထားရမည့် ကိန်းဖြစ်သည်..ဆိုတဲ့ ဟောကိန်းတွေ ဟောနိုင် ပေတာပေါ့။

  • Wednesday, March 10, 2010

  • No comments:

    Post a Comment

    Featured

    b

    သင်လိုချင်တာ ဒီမှာရှာ

    Labels