Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

နိုင်ငံခြားကငွေမပို့လျှင်

နိုင်ငံခြားကငွေမပို့လျှင်
တစ်ချို့ လူတွေက နိုင်ငံခြား သွားတယ်ဆိုတာ မိဘ ပိုက်ဆံ ချမ်းသာလို့ သွားတာ ရှိတယ်။ ပညာတော်သင် သွား တာ ရှိတယ်။ များသော အားဖြင့် ကတော့ မိသားစု စည်းပွားရေး အဆင် မပြေလို့ နိုင်ငံခြားမှာ အလုပ် လုပ်ရင်း ငွေ ရှာသွားကြတဲ့ လူက များပါတယ်။ ကျွန်တော်တို့ တောက လူတွေဆို တော်တော်လေး အခြေအနေ ဆိုးကြတယ်။ တောမှာဆိုတော့ လုပ်စရာ အလုပ် မယ်မယ်ရရ မရှိဘူး။ ပညာမတတ် ကြဘူး။ မိသားစု ဦးရေက များတယ်။

အဲဒီတော့ သူတို့ ဘာလုပ်ကြမလဲ။ တစ်ခုပဲ ရှိတယ်။ နိုင်ငံခြား သွားမယ်။ မိသားစု အတွက် ငွေရှာမယ်ပေါ့။ များသော အားဖြင့်ကတော့ ထိုင်းနိုင်ငံ သွားမယ်။ မလေးရှား သွားမယ်။ ဒီလောက်ပဲ သွားနိုင်မယ်။ ဂျပန်တို့ ကိုရီး ယားတို့ စင်္ကာပူတို့ စတဲ့ နိုင်ငံ ကြီးတွေက သူတို့ အတွက် အိပ်မက်တောင် ထည့် မက်လို့ ရတဲ့ အနေအထား မဟုတ် ဘူးလေ။ ထားပါတော့။

ဒီနိုင်ငံ သေးသေးလေးတွေ သွားတာတောင် လက်ထဲမှာ ငွေအဆင်သင့် ရှိလို့ သွားတဲ့ လူက တော်တော် နည်းပါ တယ်။ သူများဆီက အတိုးနဲ့ ချေးသွားတဲ့ လူတွေ ရှိတယ်။ လယ်ရောင်း ခြံရောင်း ကျွဲရောင်း နွားရောင်း သွားတဲ့ လူတွေ ရှိတယ်။ ရည်ရွယ်ချက်ကတော့ ဟိုရောက်ရင် ပိုက်ဆံ ပို့မယ်ပေါ့။ မြန်မာ ပြည်မှာ ကျန်ခဲ့တဲ့ လူတွေက လည်း ငါတို့လင် ငါတို့သား ပိုက်ဆံ ပြန်ပို့ပေးရင် ပေါင်ထားတာတွေ ရွေးမယ်။ ချေးထားတာ ပြန်ဆပ်မယ်။

သွားတဲ့ လူတွေကလည်း ဘာမှ စိတ်မပူပါနဲ့ပေါ့။ ရောက်ရောက် ချင်း ပြန်ပို့ ပေးပါမယ်ပေါ့။ အစပိုင်းတော့ သူတို့ ပြောသလို ဟုတ်ပါတယ်။ အဆင်ပြေတယ်။ ပိုက်ဆံ ပို့နိုင်တယ်။ ဒါပေမဲ့ နိုင်ငံခြား တိုင်းပြည်ဆိုတာ လွတ်လတ် တယ်။ ဘာလုပ်ချင်လဲ။ ငွေရှိရင် ဘာမဆို အဆင်ပြေ တယ်လေ။ ဖဲရိုက် မလား။ အရက်သောက် မလား။ မိန်းမ ပွေမလား။ ဆေးချမလား။ ဟမ်းဖုံး တစ်လုံးပြီး တစ်လုံး လဲကိုင်မလား။ အားလုံး လွယ်တယ်လေ။

အစတုန်းက တော့ ရိုးရိုးအေးအေး။ နောက်တော့ သိတဲ့ အတိုင်းပဲ။ နှစ်ကြာ အပေါင်း အသင်းတွေ စုံလာမယ်။ ပညာတွေ စုံလာမယ်။ အဲဒိတော့ ကိုယ်ရတဲ့ လုပ်အားခတောင် ကိုယ်လောက်အောင် မသုံးနိုင်တော့ဘူး။ အရက် ဆိုင်ဆိုတာလည်း ပေါသလား မမေးနဲ့ ။ မြန်မာပြည်က လဘက်ရည် ဆိုင်တွေလိုပဲ။ ထားပါတော့.....

ဟုတ်ပြီ။ မိသားစု ဆီ ပိုက်ဆံ မပို့ပေး နိုင်တော့ဘူး။ ဟာမိုနီ တော်တော်လေး ပျက်လာပြီ။ သူတို့ မပို့တော့ ပိုက်ဆံ ချေးထားတဲ့ လူတွေ အတိုး တက်လာပြီ။ အတိုးပေါ် အတိုးတက် ဘ၀ ပျက်တော့မယ့် အခြေ အနေပေါ့။ ဒါကြောင့် နိုင်ငံခြား ကို ထွက်သွားတဲ့ ကိုယ့်လင် ကိုယ့်သား ကိုယ်သမီး ကိုယ့်တူ ဘယ်သူပဲ ဖြစ်ဖြစ် ပိုက်ဆံ မပို့လာရင် စိတ်မပူနဲ့တော့။ အောက်မှာ ဖော်ပြပေးထားတဲ့ ယတြာကိုသာ ယုံယုံ ကြည်ကြည်နဲ့ ဆောင်ရွက် လိုက်ပါ။ ရက် ပိုင်း အတွင်း ထူးခြားစွာ ရောက်လာ ပါလိမ့်မည် ဖြစ်ပါကြောင်း......

နိုင်ငံခြာက ငွေအမြန် ပို့ပေးသော ယတြာ

သူ၏ ဓါတ်ပုံကို စလပ်ရွက်ဖြင့် (အမည်)...ငွေအမြန် ပို့ပေးစေ... ဟုပြောဆို၍ လက်ပြန် ၇-ချက် ရိုက်ပါ။

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Wednesday, March 3, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels