
လွတ်လတ်ခြင်း ၊ ကျယ်ပြောခြင်း ၊ ခရီးရှည် စတာတွေနဲ့ ပတ်သက်နေပါတယ်။ နံပါတ်(၁၀) ကတ်ပြားတုန်းက ပြောခဲ့တဲ့ စဖင့်ရုပ်ကြီးက သတ္တ၀ါ လေးမျိုးနဲ့လည်း ပါတ်သက်နေပါတယ်။ မိန်းမပျိုဟာ လက်ထဲမှာ တုတ်ကလေး နှစ်ချောင်းကို ကိုင်ပြထားပါတယ်။ နှစ်ခု နှစ်ခွ နှစ်မျိုး ဆိုတဲ့ အဓိပ္ပါယ် တွေကိုလည်း ပြောနိုင် ပေတာပေါ့။
မိန်းမပျိုရဲ့ ဘေးမှာ စက်ဝိုင်း တစ်ခုနဲ့ ပတ်ရံထားပါတယ်။ အဲဒါက မြွေဟာ ကိုယ့်အမြီးကိ ပြန် မျိုထားတဲ့ ပုံ ဖြစ်ပါတယ်။စက်ဝိုင်း တစ်ပတ် လည်တဲ့ သဘော မူလနေရာ မူလ အလုပ်ကို ပြန်ရောက်တဲ့ သဘောမျိုးတွေကို ဟောနိုင်ပေတာပေါ့။ အဲဒါတွေကို ခြုံငုံ လိုက်တဲ့အခါ ဘယ်လို မေးခွန်းမျိုး ကိုပဲ မေးမေး နံပါတ် ၂၁- ကမ္ဘာလော က ကတ်ပြား ကျလာခဲ့ရင် ...
ကောင်းသည် ၊ ရသည် ၊ အောင်မြင်မည် ဆိုတာတွေကိုပဲ ဟောရမှာပေါ့။ ကမ္ဘာနှင့် အ၀ှမ်း ကျယ်ပြောခြင်း ဆိုတဲ့ အဓိပ္ပါယ် ကိုပါ တွဲစပ်ပြီး ဒီကတ်ပြားကို ကောင်းကမ္ဘာ လို့လည်း အလွယ် မှတ်ထား နိုင်ပါတယ်။