Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

(၁၈)လမင်းစန္ဒတားရော့ကတ်အကြောင်း

ဒီကတ်ပြားရဲ့ အဓိက ဇာတ်လိုက်ဟာ လနတ်သမီးရဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ လမင်းစန္ဒာဟာ ထွန်းလင်းတယ်။ အေးမြတယ်။ ဟိုး မိုးကောင်းကင်ပေါ် အမြင့်မှာ ရှိနေပါတယ်။ ဒါကြောင့် ဒီကတ်ပြားကို အကောင်းလို့ ယူဆချင်ဖွယ်ရာ ရှိပါတယ်။

ဒါပေမဲ့ လနတ်သမီး ခင်ဗျာ မနာ လိုသူ များက မျက်နှာကို ကိုက်ဖဲ့ ကုတ်ခြစ်ထားခြင်းကို ခံစား ထားရတဲ့ အတွက် ဒဏ်ရာ ဗရပွနဲ့ သွေးစက်တွေ တပေါက်ပေါက် ကျနေပါတယ်။ အဲဒါကြောင့် ဒီကတ်ပြားကို သွေးထွက်သော လမင်း ရယ်လို့လည်း ခေါ်ဝေါ်လေ့ ရှိပါတယ်။ဟိုး..အောက် မြေပြင် ရေစပ်မှာတော့ ကိုက်ဖဲ့ ကုတ်ခြစ်တတ်တဲ့ ၊ ရန်လိုတတ်တဲ့ တိရစ္ဆာန် သုံးကောင်ဟာ လမင်းကြီးကို ငေးမျှော်ပြီး ကြည့်ရှု့ နေပါတယ်။

အကောင်း သဘော ကြည့်တာမျိုး မဟုတ်ပါဘူး။ ရန်လို စွာ ကြည့်နေတာ မျိုးပါ။ ဒါပေမဲ့ သူတို့ အနေနဲ့ လမင်း ကြီးကို ရန်ပြု ယှဉ်ပြိုင်ဖို့ ဆိုတာဟာ ဘယ်လို နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ အဲဒိတော့ ရန်ပြုမယ် ဆိုရင်လည်း ကောင်းသော ယှဉ်ပြိုင်ခြင်း မျိုးနဲ့တော့ ယှဉ်ပြိုင်ဖို့ရာ မလွယ်ပါဘူး။ ညစ်တဲ့နည်း ၊ အကောက် ကြံတဲ့နည်း ၊ ယုတ်မာတဲ့နည်း တွေနဲ့သာ ရန်လုပ်ကြမှာ ဖြစ်ပါတယ်။

ရန်လိုသူတွေ ရှိနေတဲ့ အတွက် လမင်းကြီး ခမျာ စိတ်ညစ်နေရ ရှာပါတယ်။ ရန်သူတွေကလည်း ညစ်မဲ့ ရန်သူ တွေပါ။ သူညစ် ကိုယ်ညစ် နှစ်ယောက် ညစ်ရမယ့် အခြေအနေ မျိုးပေါ့။ ဒါကြောင့် ဒီကတ်ပြားကို အဆိုး သဘောအဖြစ်နဲ့ ယူဆ ဟောပြောရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဘယ်လို မေးခွန်းမျိုးကိုပဲ မေးလာ မေးလာ နံပါတ်(၁၈) လမင်းစန္ဒာ ကတ်ပြား ကျလာခဲ့ရင် .....

  • မဖြစ်နိုင် ၊ မရနိုင် ၊ မအောင်မြင်နိုင် ရယ်လို့ အဟောထုပ်ရမှာ ဖြစ်ပါတယ်။ သူညစ် ကိုယ်ညစ် နှစ်ဦးနှစ် ဘက် ညစ်စရာ လေးတွေကို အကြောင်းပြုပြီး ဆိုးညစ်ရယ်လို့ အလွယ်မှတ် ထားနိုင်ပါတယ်။
  • မနာလို ရန်လိုသူ ။ မကောင်းကြံလိုသူ ၊ အကောက် ကြံမည့်သူများ ရှိနေတတ်ပါသည်။
  • စွပ်စွဲနာမည် ဖျက်ခြင်း ၊ အကြောင်းမဲ့ ရန်လုပ် ပုတ်ခတ်ခြင်းများ ကြုံလာရ တတ်သည်။
  • အထူးသဖြင့် လူသုံးဦး ပေါင်း၍ မိမိ၏ ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည် လာတတ်သည်။ ထိုလူများ သည် မြစ်နား ချောင်းနား ကန်နား နီးလိမ့်မည်။
  • ဘာပဲ လုပ်လုပ် ဘာပဲ ပြောပြော အကောင်းမြင် မခံရခြင်း ကြုံနေတတ်သည်။
  • ခွေး ။ ကြောင် ၊ ကြက် ...စသော တိရစ္ဆာန်များကို အကြောင်းပြု၍ အန္တရာယ် ကြုံခြင်း ၊ စကားများ ဖြေရှင်း ရခြင်းများ ကြုံတွေ့တတ်သည် စသော ဟောကိန်းတွေ ဟောနိုင်ပေတာပေါ့ဗျာ...။

  • Wednesday, March 10, 2010

  • No comments:

    Post a Comment

    Featured

    b

    သင်လိုချင်တာ ဒီမှာရှာ

    Labels