Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ဂြိုဟ်မွှေတဲ့စနေ

ကျွန်ုပ်၏ ဗေဒင်ဆရာ သက်တမ်း တစ်လျှောက်တွင် မကြာခဏ ကြားရ လေ့ရှိသော စကားလုံး တစ်ခုမှာ စနေဂြိုဟ် ဟူသော စကားလုံး ပင်ဖြစ်၏။ လူတော်တော်များသည် စနေဂြိုဟ်ဟု ဆိုလျှင် ကြောက်တတ် ကြ၏။ ထိပ်လန့်ကြသည်။ ဂရုစိုက် တတ်ကြသည်။ ရှောင်ရှားတတ် ကြသည်။ စနေဂြိုဟ်ကို တစ်ခုအဖြစ် သတ်မှတ် ကြပြီး ကောင်း ကျိုးထက် ဆိုးကျိုးကိုပိုမို ပြင်းထန်စွာ ပေးစွန်းတတ်သည်ဟု အများစုက ယုံကြည် ယူဆလက်ခံကြ သည်။

သားဦး သမီးဦး စနေသားသမီး များကိုတိုက်ဆိုင်စွာ ထွန်းကားမွေးဖွား ကြရပါကသားဦး စနေ မီးလိုမွှေ ဟူသော ရှေးရိုး အစဉ်အလာများ အတိုင်း မိဘတို့ကို အပူမီးဒုက္ခ ဆိုးကြိုးများ ပေးလာကြမှာကို အလွန်စိုးရိမ်ကြ၍ ထိုသားဦးသမီးဦး စနေသားသမီးတို့ကို အချို့မိဘတို့က တုတ်(သို့)ဓား တို့ဖြင့် ထမ်းရွက်နင်း ကျော်စေပြီး ဘေးကင်း လုံခြုံရအောင် စနေ ဂြိုဟ်က ဒုက္ခမပေးနိုင်ရန် သာသနာနွယ်ဝင် ဆရာတော် သံဃာတော် အရှင်သူမြတ် တို့ထံတွင် စတိသဘော မျိုးအပ်နှံ ရောင်းချပြီးလျှင် ဒီက လေးဟာ ငါတို့ရဲ့ သားသမီး မဟုတ်တော့ဘူး။ ဆရာတော်ရဲ့ ကလေးဖြစ်သွားပြီ ဟုပြောဆို၍ စနေဂြိုဟ်က ဒုက္ခမပေးနိုင်အောင် ဟုဆို ကာ ရိုးရာစွဲ ယတြာများကို အခိုင်အမာ တလေးတစား စိုးရိမ်တကြီး ဆောင်ရွက်လေ့ရှိ၏။

ရင်သွေး ရတနာ မွေးဖွားမည့် မိခင်များ အနေနှင့် လည်း ဖြစ်နိုင်လျှင် သူတို့၏ သားသမီး ရတနာတို့ကို စနေနေ့ကို အတတ် နိုင်ဆုံး ရှောင်ရှား၍ မွေးဖွားချင် ကြသည်။ ကျွန်ုပ်၏ ဗေဒင် ဟောခန်းသို့ ရောက်လာ ကြသူများထဲတွင် လည်းမိမိတို့ စီးပွားရေး လုပ်ကိုင်စားသောက် ၍ အဆင်မပြေ လာပါက သူတို့၏သားဦး သမီးဦး စနေသားသမီးများ ကြောင့် အဆင်မပြေ ဖြစ်တာ ထင်တယ်ဟူသော စိတ်ဖြင့် သိချင်၍ ဗေဒင်လာမေး သူများကိုလည်း အများအားဖြင့် တွေ့ကြုံရလေ၏။ကျွန်ုပ်နှင့် လွန်စွာ ရင်းနှီးသော မီးယပ်နှင့် သားဖွားပါရဂူ ကြီးတစ်ဦး၏ အပြောအဆို အရ သူ၏ဘ၀တွင် ခွဲစိပ်မွေးဖွားရတောမည် ဆိုလျှင် မိခင် လောင်းများသည် စနေနေ့ကို ရှောင်ပြီး မွေးပေးပါဟု မိခင်တိုင်းက တောင်းဆို တတ်ကြသည်ဟု ပြောဖူးလေ၏။

အချို့ဆိုလျှင် စနေဂြိုဟ်နှင့် ပါတ်သက်၍ ဂြိုဟ်နက္ခတ် အစီးအနင်း သက်ရောက် ကံကြမ္မာတို့ကို မဆိုထားနှင့် စနေနံ သက်မဲ့ပစ္စည်း အဟောင်း အနွမ်းအစုတ် အပဲ့ အကျိုးများဖြစ်သော ထီး၊ ဓား၊ ဖိနပ်စသော စနေနံ ပစ္စည်းများကို အိမ်မှာ ထားလျှင် ခိုက်တတ်သည်ဟု ဆိုကာမိမိ နေအိမ်မှ အဝေးသို့သွား၍ စွန်ပစ် တတ်ကြသည်

စနေဂြိုဟ်နှင့် ပါတ်သက်၍ ရှေးဟောင်း ယုံတမ်းစကား တစ်ခုမှာ ရှေး အခါက ရာဇ၀တ်လူ သတ်ကုန်း သားသတ်ကုန်းတွင် သတ်ဖြတ်ရမည့် ရာဇ၀တ်သား များကို မသတ်ဖြတ် သေးခင် ခေတ္တခဏ ဖမ်းဆီး ချုပ်နှောင် ထားသည့် တိုင်လုံး ကြီးများကို စနေတိုင် ဟူ၍ ပင်ခေါ်ဆိုကြောင်း…….၊ ထိုစနေတိုင်ကို သတ္တိရှိလှပါသည် ဆိုသော အာဏာပါးကွက် သားကြီး များကပင် အထူးသတိထား ကြောက်ရွှံ့ရှောင်ရှားလေ့ ရှိခဲ့ကြောင်း ဖတ် မှတ်ရဘူးတယ်။

အိန္ဒိယ နိုင်ငံတွင်လည်း စနေဂြိုဟ် အစီးခံရသော ဇာတာရှင် အချို့သည် မြင့်မြတ်သော ဂင်္ဂါမြစ်ကြီးသို့ သွားရောက်၍ ရေချိုးကြခြင်း နှင့် ထိုမြစ်ရေကို မိမိနေအိမ်သို့ သယ်ဆောင်လာလျှက် ရေချိုးသန့်စင် ဦးခေါင်းဆေး မင်္ဂလာပြုလုပ်ကြ၍ စနေဂြိုဟ်၏ မကောင်းသော ဆိုးကျိုးများမှ လွတ်မြောက်အောင် ဆောင်ရွက်တတ်ကြ လေ၏။

ကျွန်ုပ်၏ ဗေဒင်ဟောခန်းသို့ ရောက်လာကြသူမျာတွင် အများအား ဖြင့် အကြီးမားဆုံးသော ဒုက္ခများ အမှု့အခင်းများ အသက် အန္တရာယ်နှင့် နီးကပ်စွာ ကြုံတွေ့၍ ဆေးရုံဆေးခန်းသို့ ရောက်သွား တတ်သူများ လေဖြတ်သွားသူများ မိသားစု အကြောင်း အမျိုးမျိုးကြောင့် တကွဲ တပြား ဖြစ်သွားသူများ၊ ဆိုင်ကယ်မှောက် ကားတိုက်စသော ဆိုးရွားသောဘေး အန္တရာယ် တစ်ခုခုနှင့် ကြုံတွေ့ရသူများသည် များသောအားဖြင် စနေ သက်ရောက် ဖြစ်နေသည်ကို အံ့သြစွာ တွေ့ရလေ၏။

ထို့ကြောင့် မြန်မာရိုးရာ သုံးတန်ပေါ်နိစ် ပညာ(သို့) သာဝတ္ထိဆန်း ဗေဒင်ပညာ၌ လာသော စနေသက်ရောက် ဟောကိန်းများနှင့် စနေသက် ရောက် ဘ၀ပျက်ကိန်းကြုံတွေ့ပါက ချေရမည့်ယတြာများ၊ (၇)ရက်သား သမီးများအတွက် အသင့် တွက်ပေးထားသော စနေသက်ရောက် အသက် အပိုင်းအခြားများကို စေတနာ ရှေးထား၍ ဖော်ပြပေးလိုက်ပါသည်။

စနေသက်ရောက် ဘ၀ပျက်ဟောကိန်း

ဒီနှစ်ထဲမှာ သင့်ဆီကို ဒုက္ခတွေ တစ်ခုပြီး တစ်ခု ရောက်လာလိမ့်မည်။ စိတ်ညစ်စရာတွေ တစ်ခုပြီးတစ်ခု ရောက်လာ လိမ့်မည်။ ဘေးဒုက္ခ တွေ ရောက်လာတာကို မသိဘဲ ခံရလိမ့်မယ်။ ကျောချမှ ဓါးပြမှန်း သိ ဆိုတာ ဒီကိန်းမျိုးပဲ။ မိတ်ဆွေလို့ ထင်ထားခဲ့တဲ့ လူတွေဟာလည်း ရန်သူ ဖြစ်နေတာ တွေရလိမ့်မယ်။ အသားထဲက လောက်ထွက် ဆိုတာ မျိုးပေါ့ အရှိန်အ၀ါတွေ မှေးမှိန်သွားတာ သြဇာ အာဏာတွေ ကျဆင်း သွားတာတွေဖြစ်မယ်။ မျက်နှာပန်း မလှတာတွေ ဖြစ်မယ်။ စီးပွားရေး မကောင်းပါ။ လုပ်နေတဲ့ အလုပ်တွေ ရပ်ဆိုင်သွားတတ်တယ်။ အောင်မြင် နေရာကနေ ဆုံးရှုံးသွား တတ်တယ်။ ကိုယ်နဲ့ စီးပွားတူ စပ်တူ လုပ်နေတဲ့ လူတွေက ကိုယ့်ကို စွန့်ခွါသွား တတ်ပါတယ်။

ကျန်းမာရေး အနေနဲ့ ကတော့ ကိုယ်တင်မကပဲ မိသားစုတွေ တစ်ယောက်ပြီး တစ်ယောက် နေမကောင်းဖြစ်လို ဆေးရုံ ဆေးခန်း ပို့ရတတ်တယ်။ မမျှော်လင့်ပဲ ဆေးရုံဆေးခန်းမှာ ခွဲစိပ် ကုသ ခံရတာတွေ ဖြစ်တတ် ပါတယ်။ ဒီနှစ်ပိုင်းမှာ ရောဂါ ဟောင်းတွေ ပြန်ပေါ်တတ်တယ်။ ရောဂါနဲ့ ဆေးမတိုး တာတွေ ဖြစ်မယ်။ သူတစ်ပါးက ကိုယ့်ကို မကောင်း တဲ့ အတတ်တွေ အောက်လမ်း အတတ်တွေနဲ့ မကောင်းကြံခြင်း ခံရတတ်ပါတယ်။

ငွေတွေကလည်း ရသလောက် ပြန်ကုန်နေမယ်။ ၀င်သလောက် ပြန်ထွက်နေမယ်။ လုံးဝ စုဆောင်းလို့ မရဘူး။ ငွေလိမ်ခံရတာတွေ ၊ လူယုံ သတ်တာတွေ ဖြစ်တတ်တယ်။ အာမခံတာမျိုး၊ ကိုယ်စားလိုက်ပြော ပေးတာမျိုးတွေ လုပ်ရင်တော့ သေချာပေါက် ဒုက္ခတွေ့ တတ်ပါတယ်။ ကိုယ့်ငွေတွေက သူတစ်ပါး လက်ထဲမှာ သွားပြီး နစ်မြုတ်နေမယ်။ ကိုယ်က သူများဆီက ငွေကို ယူရမယ် အဲဒီတော့ ဒီနှစ်ထဲမှာ အကြွေးတင်လိမ့် မယ်။

အလုပ် လုပ်ရတာလည်း အခက်အခဲ တွေနဲ့ တွေ့ရလိမ့်မယ်။ အထက် လူကြီးရော ကိုယ့်ရဲ့ လက်အောက် ငယ်သားရော ကိုယ့်ကို ဒုက္ခ ပေးတတ်ပါတယ်။ ပြီးတော့ အလုပ်မှာ အုပ်စုလိုက် ၀ိုင်းဖွဲ့ပြီး ဒုက္ခ ပေးတတ်တယ်။ ချောက်ချ တတ်တယ်။ သူတစ်ပါး လုပ်တဲ့ အပြစ်တွေကို တာဝန်ယူ ရတတ်တယ်။ အိမ်ထောင်ရေး လည်း အဆင်မပြေ ဖြစ်တတ် ပါတယ်။ လင်မယား နှစ်ယောက်လဲ တကျက်ကျက် ဖြစ်တတ်တယ်။ တစ်ဦးကို တစ်ဦး ကြည့်မရ ဖြစ်မယ်။ ယုံထင် ကြောင်ထင် ဖြစ်မယ်။ လမ်းသွားရင် ဂရုစိုက်ပါ ။ကားတို့ ဆိုင်ကယ်တို့နဲ့ ပွတ်မိ တိုက်မိ တတ်ပါ တယ်။

အမှု့အခင်း ပြဿနာများ ဖြစ်၍ အချုပ်ထဲ ထောင်ထဲတွင် နှစ်ရှည် လများ သွားရောက် နေထိုင်ရ တတ်ပါသည်။ အရေးကြီးတာက လူမှု့ရေး လုံးဝ မလုပ်ပါနှင့်။ လောင်းကစား လုံးဝ မလုပ်ပါနှင့်။ ကိုယ်တတ်နိုင် သလောက် မိမိတို့ ကိုးကွယ်သည့် ဘာသာရေးကို ဆောင်ရွက်ပါ။ အရာရာကို သတိထား ဆောင်ရွက်ပါ။ သတိ ၀ိရိယထက် ကောင်းတဲ့ အဆောင် မရှိဘူးလို့ နားလည်ပါ။

စနေသက်ရောက်-ဘ၀ပျက်ကိန်းကြုံတွေ့နေရသူများအတွက် ဘ၀ပျက်ယတြာ

အဓိကယတြာ။

သင်သည် တစ်ခုသော စနေနေ့ ညတစ်ညတွင် အ၀တ်အစား အဟောင်း အစုတ်များကို ၀တ်၍ အမျိုးသား ဆိုပါက ဘုန်းကြီးကျောင်း၊ အမျိုးသမီး ဖြစ်ပါက သီလရှင် ဇရပ် သို့ သွားရောက်၍ တစ်ညအိပ်ပါ။ တန်ဖိုးရှိသော အသုံးအဆောင် ပစ္စည်းများ ဘာတစ်ခုမှ ယူဆောင် မသွားပါနှင့်။ မိုးလင်းလျှင် လဲလှယ် ၀တ်ရန် အတွက် အ၀တ်သစ် အပိုတစ်စုံ ယူသွားပါ။ ထိုညတွင် မိမိကိုယ်ကို ဘ၀ပျက်၍ အိမ်မှာတောင် နေမရ။ စားစရာမရှိ၊ သောက်စရာ မရှိလို့ ဘုန်းကြီးကျောင်း မှာ သွား အိပ်ရတဲ့ အခြေအနေ တောင် ရောက်နေပါလား ဆိုတဲ့စိတ်နဲ့ ဖြစ်သလို တစ်ည အိပ်ရမည်။

မိုးလင်းသောအခါ၌ ဒီတစ် နှစ် ငါကြုံတွေရ မည့်ဒုက္ခတွေ အကုန်လုံး လွတ်မြောက်ပြီ ဟုနှလုံးသွင်း၍ ညက ယူဆောင် သွားသော အ၀တ်အစား သစ်ကို လဲဝတ်၍ တစ်ညလုံး ဒုက္ခခံ၍ ၀တ်ထားသော အ၀တ်အစား ယောင်း များကို ကျွတ်ကျွတ် အိပ်ထဲ တွင်ထည့်၍ ရေမျှော ပစ်လိုက်ပါ။ ထိုယတြာကို တစ်ခါ ချေရုံမျှဖြင့် စနေသက်ရောက်တွင် ကြုံတွေ့ရမည့် ဒုက္ခ အခက်အခဲ များမှ လွတ် မြောက်သွားပါလိမ့်မည်။ အထက်ဖော်ပြပါ ယတြာကို အကြောင်း အမျိုးမျိုးကြောင့်ပြုလုပ်ရန် အဆင်မပြေသူများ အောက်တွင် ဖော်ပြ ထားသော ယတြာများကို မကြာခဏ ဆောင်ရွက် ပေးနိုင်ပါသည်။

သာမညယတြာ

ဘုန်းကြီးကို စတုမဓူ(သို့)ဆေးလှူပါ။
စနေနေ့ညနေပိုင်းတွင်ငါးသက် စေ့လွတ်ပါ။
စေတီ တစ်ဆူဆူ၏ စနေထောင့်တွင် ထီးနီစေ့လှူပါ။
အုန်းသီး တစ်လုံးတွင် ထုံးဖြင့်(ဥုမ်)ဟု ပီပီသသရေးပါ။ ထိုအုန်းသီးကို အိုးတစ် လုံးပေါ်တွင် တင်၍ အုန်းသီးပေါ်တွင် ဖယောင်းတိုင် မီးထွန်းပြီး အရဟံ သိဒ္ဓိ ကိုပုတီး (၇)ပါတ်စိပ်ပါ။ ဘုရားစင်ပေါ် တင်၍ ဆောင်ရွက်ပါ။ ထိုအဓိဋ္ဌာန်ကို တစ်ခါ ဆောင်ရွက်လျှင်(၇)ရက် ဆက်တိုက်ဝင်ပါ။

Sunday, March 14, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels