Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

စိတ်ဆိုးပြီးအိမ်ပေါ်ကဆင်းသွားရင်ပြန်ခေါ်မယ်

တစ်နေ့သ၌ မဟာချိုင်-နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင် လက္ခဏာဟောခန်းရှိရာသို့ အသက်အားဖြင့် သုံးဆယ့် ငါးနှစ်ခန့် ရှိသော အမျိုးသမီးတစ်ဦး ရောက်ရှိ လာလေ၏။ ထိုအမျိုးသမီးသည် ရောက်လျှင် ရောက်ခြင်း အရေးတကြီးဖြင့်

ကျွန်မကို ကူညီပါဆရာရယ်။ ဆရာကူညီမှ ဖြစ်မှာ။ဆရာသာ ကူညီမပေးရင် ကျွန်မဖြင့်သေရပါလိမ့်မယ်။ တကယ်ပြောတာပါဆရာ ကျွန်မလေ မအိပ်နိုင် မစားနိုင် ဖြစ်နေတာ သုံးရက်တောင်ရှိပါပြီဆရာရယ်။ အရမ်းစိတ် ဆင်းရဲတာပါပဲ ဆရာရယ် ဟု တရစပ် ပြောလာလေ၏။ ထိုအခါ ကျွန်ုပ်က
ဟုတ်ကဲ့ ကူညီပေးပါမယ်။ ဘာအခက်အခဲ ရှိလဲဆိုတာလည်း ကျုပ်ကိုပြောပြပါဦး
ဟု ကျွန်ုပ်က ပြောလိုက်လျှင်
ကျွန်မ အမျိုးသား အိမ်ကနေ ထွက်သွားလို့ပါ ဆရာရယ်။ အခုဆို သုံးရက်တောင် ရှိပါပြီ။ ဖုံးဆက်တော့လည်း ဖုံးမကိုင်ဘူး။ ဘယ်သွားလို့ သွားမှန်းလဲ မသိဘူး။ အခုကျွန်မ တစ်ယောက်ထဲ ဆိုတော့ မသင့်တော်ပါဘူး ဆရာရယ်။ ဒါကြောင့် ကျွန်မ အမျိုးသားကို ရောက်ရာ အရပ်ကနေ အိမ်အမြန် ပြန်လာအောင် ယတြာ ချေပေးပါ၊ ပြန်ခေါ်ပေးပါ ဆရာရယ် ဟုပြောလေ၏။

ထိုအခါ ကျွန်ုပ်လည်း ၎င်းတို့ လင်မယား နှစ်ဦးစလုံး၏ ကံဇာတာအနိမ့်အမြင့် ၊ လင်မယား ပြန်ပေါင်းကိန်း ရှိ/မရှိ ၊ ကွဲကိန်းရှိ/မရှိ တို့ကို စနစ်တကျ တွက်ချက် စစ်ဆေးကြည့်လျှင် ဒီလင်မယား နှစ်ဦး၏ ဇာတာ သည်ကား ခေတ္တခဏ ယာယီ အဆင်မပြေခြင်းသာ ဖြစ်တယ်။ အိမ်ထောင်ကွဲကိန်း လုံးဝမရှိဟု အဖြေ ရသောကြောင့် ခင်ဗျား အမျိုးသားကို ပြန်ခေါ်ပေးလို့ ရပါတယ် ရက်ပိုင်း အတွင်း ပြန်ရောက်လာပါ လိမ့်မယ်။

ကျုပ်က ခင်ဗျားအမျိုးသား ရောက်ရာအရပ်ကနေ ပြန်လာအောင်၊ မလာပဲ မနေနိုင်အောင် အင်းဖယောင်းတိုင် လုပ်တဲ့ ဂါထာနဲ့ ၊ အင်းဖယောင်းတိုင် လုပ်နည်း သင်ပေးလိုက်မယ်။ ခင်ဗျားက အဲဒီ အင်းဖယောင်း တိုင်ကို ခင်ဗျား ယောက်ျား အိပ်တဲ့ အိပ်ယာမှာ တစ်နေ့တစ်တိုင် ထွန်းပေတော့။ ပြီးတော့ ယောက်ျား အမြန် ပြန်လာဖို့ ဆုတောင်းရမယ်။ အဲဒါဆိုရင်ခင်ဗျား ယောက်ျား ရက်ပိုင်း အတွင်း ခင်ဗျားဆီကို ပြန်ရောက် လာလိမ့်မယ် ဟုပြောလိုက်လေ၏။ 

ထိုအခါ ၎င်းအမျိုးသမီးက ဆရာကိုယ်တိုင် လုပ်ပေးလို့ မရဘူးလားဟု ကျွန်ုပ်အားမေးလေ၏။ ကျွန်ုပ်က ရပါတယ်။ ကျုပ်လုပ်ပေး ဆိုရင်လည်း လုပ်ပေး ပါ့မယ်။ ဒီနေ့ည အပြီး ဆောင်ရွက် ပေးထားမယ်။ မနက်ဖြန် လာယူဗျာ။ ခင်ဗျားယောက်ျားက အသက် သုံးဆယ်ဆိုတော့ ထွက်သွားသူ ပြန်လာစေ ဆိုတဲ့ အင်းဖယောင်းတိုင် အတိုင် သုံးဆယ် လုပ်ပေးထားမယ်။ မနက်ဖြန် ဆက်ဆက် လာယူပေတော့ ဟု ပြောလိုက်လျှင် ထိုအမျိုးသမီးက

ဟုတ်ကဲ့ပါ ဆရာ။ ကျွန်မ ဆက်ဆက် ပြန်လာယူပါမယ် ဟုပြော၍ ပြန်သွားလေ၏။ ကျွန်ုပ်လည်း ထွက်သွားသူ ပြန်လာစေ ဟူသောဂါထာ စာရွက်လေးကို ဖယောင်းတိုင်ဖြင့် တိုင်း၍ အရွက် သုံးဆယ် တိတိ ရေးရလေ၏။ ထို့နောက် ဖယောင်းတိုင်တွင် ပတ်ရ၏။ ထိုအင်းပေါ်တွင် ထွက်သွားသော သူ၏ အသက်စေ့ ချဉ်များဖြင့် ထပ်၍ ပတ်ရလေ၏။ ထို့နောက် ပီယဂါထာ များဖြင့် သိဒ္ဓိတင်ပေး၏။ အသက်သွင်း၏။ 

အင်းစောင့်နတ် ၊ မြို့စောင့်နတ်စ သော သမ္မာဒေ၀ နတ်ကောင်းနတ်မြတ် တို့၏ ထံတွင်လည်း ဆက်သွယ် အပ်နှံ အကူအညီတောင်း ပေး၏။ အားလုံး ပြီးသောအခါ ဘုရားစင်တွင် တင်ထား လိုက်လေတော့၏။ နောက်တစ်နေ့ ရောက်သောအခါ ထိုအမျိုးသမီးသည် အင်းဖယောင်းတိုင် လာယူ၍ ၎င်း၏ အမျိုးသား အိပ်သော အိပ်ယာတွင် ကြွေပုဂံခံ၍ မီးထွန်းလေ၏။ အင်းဖယောင်းတိုင်များ မကုန်မှီမှာပင် အိမ်မှ ထွက်သွားသော ၎င်း၏ အမျိုးသား ပြန်ရောက်လာကြောင်း လာ၍ ပြောသွား လေတော့သတည်း။

ထွက်သွားသူ ပြန်လာစေဂါထာ

ဥုမ် ရာဇာရာဇာ မဟာရာဇာရာဇာ မဟာဒေ၀ီရာဇာရာဇာ ယက္ခရာဇာမလွဲကျွတ်။
ဟေမ၀န်သို့ ချွန်တွန်လမွန် ဖျော့နာတက်တွယ်လပြု မနုရာဇ သွားကျွတ်။

Tuesday, March 16, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels