Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

(၁၃)-သေမင်းတားရော့ကဒ်အကြောင်း

ဒီကတ်ပြားရဲ့ အဓိက ဇာတ်လိုက်ဟာ ၀တ်ရုံနက်ကြီးကို ၀တ်ဆင်ပြီး မြင်းကြီး တစ်ကောင်ကို စီးလျှက် အလံနက်ကြီး တလူတလူ လွှင့်ထူလာတဲ့ သေမင်းရဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ သေမင်းဆို ကတည်းက ဒီနိမိတ် ပုံဟာ ဘယ်လိုလုပ်ပြီး အကောင်းလို့ ယူဆနိုင်တော့ မှာလဲဗျာ။

အဲဒီတော့ ဒီကတ်ပြားရဲ့ အဓိပ္ပါယ်ကို အဆိုးလို့ ယူဆရမှာ ဖြစ်ပါတယ်။ သေခြင်း တရားနဲ့ ပါတ်သက် တယ်ဆိုတော့ လူဆိုရင် သေမယ်။ အလုပ်ဆိုရင် ပြုတ်မယ်။ ငွေဆိုရင် ပျောက်မယ်။ ဆုံးရှုံး မယ်။ ပစ္စည်း ဥစ္စာတွေ ဆိုရင် ပျက်စီးမယ်လို့ ဟောရမှာပေါ့။ တစ်ခု ရှိတာ ကတချို့ မေးခွန်းတွေ အတွက် ဒီကတ်ပြားဟာ အင်မတန် ဆိုးပေမဲ့ တစ်ချို့ မေးခွန်းတွေ ကြတော့ အင်မတန် ကောင်းသွားတတ်တာ ကိုလည်း သတိမူ သင့်ပါတယ်။

ဥပမာ ဆိုပါတော့။ နေမကောင်း ဖြစ်နေတဲ့ လူတစ်ယောက် အတွက် တားရော့ လာမေးတယ်။ “ကျွန်တော် အဖွားရဲ့ အခြေအနေကို သိချင်လို့ပါ” လို့ မေးလာရင် သူ့အဖွား အခြေအနေ မကောင်းဘူးလို့ ဟောရမှာပေါ့။ ကျွန်တော့် အဖွားက နှလုံးရောဂါ ဖြစ်နေတယ်။ အဲဒီ ရောဂါ အခြေအနေ သိချင်ပါတယ် လို့ မေးလာရင်တော့ ခင်ဗျား အဖွား မုချ အသက် ချမ်းသာရာ ရမယ်လို့ ဟောရမှာ ဖြစ်ပါတယ်။

ဘာလို့ လည်းဆိုတော့ သူမေးတာက သူ့အဖွားကို မေးတာ မဟုတ်ဘူး။ သူ့ အဖွားရဲ့ ရောဂါကို မေးတာ ဖြစ်သွား တယ်။ အဲဒီရောဂါ သေသွားမယ် ၊ ပျောက်သွားမယ် ၊ ပြီးသွားမယ် ဆိုတဲ့ အဓိပ္ပါယ် ထွက်နေတဲ့ အတွက် အဖွား မသေဘူး ၊ ရောဂါ ပျောက်သွားမယ် လို့ ဟောရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဘယ်လို မေးခွန်မျိုးကို မေးမေး နံပါတ်(၁၃) သေမင်း ကတ်ပြား ကျလာခဲ့မယ်ဆိုရင်....

မဖြစ်ဘူး ၊ မရဘူး ၊ မအောင်မြင်ဘူး ။ ဆိုးတယ် ဆိုတဲ့ အဖြေကိုပဲ ထုပ်ပေးရမှာ ဖြစ်ပါတယ်။ ဆိုတာတောင် ရေရှည် မဟုတ်ဘူး။ ဒုန်းကနဲ့ ဒိုင်းကနဲ အပြီး အပြတ် ဆိုးမှာ။ အဲဒိတော့ ဒီကတ်ပြားကို ဆိုးသေလို့သာ အလွယ် မှတ်ထားပေရော့..။
  • အလုပ် ကိစ္စကို မေးလာလျှင် အလုပ် ပြုတ်တတ်သည်။ ကိုယ်ပိုင် လုပ်ငန်းများ ဆိုလျှင် ပျက်စီး ဆုံးရှုံး သွားတတ်သည်။
  • ငွေကြေး ကိစ္စ ကိုမေးလျှင် ဆုံးရှုံး နစ်နာတတ်သည်။ ကြွေးကိစ္စ ကိုမေးလျှင် ပြန်မရ နိုင်တော့။
  • လူကို မေးလျှင် အခြေအနေ မကောင်း ။ အန္တရာယ် ကြီးများ ကြုံရတတ်သည်။ အထူး သတိ ထားရမည်။
  • အိမ်ကိစ္စ အမွေကိစ္စ နေရာကိစ္စ များကို မေးလျှင် မအောင် မမြင် ဖြစ်မည်။ ဆုံးရှုံ နစ်နာ တတ်သည် ဆိုတာမျိုးတွေ ဟောရမှာပေါ့ဗျာ။

  • Thursday, March 4, 2010

  • No comments:

    Post a Comment

    Featured

    b

    သင်လိုချင်တာ ဒီမှာရှာ

    Labels