ဒီကတ်ပြားရဲ့ အဓိက ဇာတ်ကောင်ဟာ တစ္ဆေ သရဲ ကြီးတစ်ကောင် ဖြစ်ပါတယ်။ တစ္ဆေသရဲ ဆိုကတည်းက အဆိုးသဘောကို ဆောင်နေပြီပေါ့ဗျာ။ အင်မတန် ထွားကြိုင်း သန်မာတဲ့ တစ္ဆေကြီးဟာ သူ့ရဲ့ ရှေမှာ လူနှစ်ယောက်ရဲ့ လည်ပင်းကို သံကြိုးနဲ့ ချဉ်ပြီး ဖမ်းစားထားပါ တယ်။ အဲဒီ လူနှစ်ယောက်မှာလည်း တစ်ယောက်က ယောက်ျား ၊ တစ်ယောက်က မိန်းမ ဖြစ်ပါတယ်။တစ္ဆေ သရဲရဲ့ ဖမ်းစားခြင်းကို ခံထားရတဲ့ အဲဒီ ယောက်ျားနဲ့ မိန်းမဟာ ဘယ်နည်း နဲ့မှ အဆင်ပြေ နိုင်စရာ မရှိပါဘူး။ ဒီနှစ်ယောက် ပြဿနာ ဖြစ်အောင် အထင်မှား အောင် တစ္ဆေကြီးက ကြိုးစား မှာပါပဲ။ အဲဒီတော့ ဒီကတ်ပြားကို တွေ့တိုင်း တွေ့တိုင်း အိမ်ထောင် ရှင်တွေဆိုရင်လည်း အိမ်ထောင်ရေးမှာ ...၊ အိမ်ထောင် မရှိတဲ့ သူတွေ ဆိုရင်လည်း အချစ်ရေး မှာ ကြီးစွာသော အနှောက် အယှက်ကြီးတွေ ၊ ပြဿနာ ကြီးတွေ ကြုံရတတ်ကြောင်း ထည့်ပြီး ဟောရမှာပေါ့.။
နောက်တစ်ခု ကတော့ တစ္ဆေ သရဲ ဆိုတော့ ခြောက်မယ် ၊ လှန့်မယ် ၊ နှောက်ယှက်မယ်။ မကောင်း ကြံမယ် ဆိုတဲ့ အဓိပ္ပါယ် တွေကိုလည်း ထည့်ပြီး ဟောရမှာပဲပေါ့။ အဲဒီတော့ ဒါတွေကို ခြုံငုံ သုံးသတ်လိုက်တဲ့ အခါမှာ ဘယ်လို မေးခွန်းမျိုး ကိုပဲ မေးမေး နံပါတ်(၁၅) တစ္ဆေ ကတ်ပြား ကျလာမယ်ဆိုရင်....








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter