ယတြာပြုလုပ်ပေးမည့်ဆရာက မန္တာန်ဖြင့်နှိုးဆွခြင်း
ငါရဲ့ခန္ဓာကိုယ် အတွင်းမှာလည်းကောင်း ၊ ငါရဲ့ခန္ဓာကိုယ် ပတ်ပတ်လည်မှာလည်းကောင်း တန်ခိုးသိဒ္ဓိဓာတ် များ ၊ မေတ္တာဓာတ်များ ၊ ပညာဓာတ်များ ပြည့်လျှံနေပါစေသတည်း..... အဲဒီလို (၈)ကြိမ် ရွတ်ရမယ်။ မြန်မာလို မရွတ်ချင်ဘူး။ အင်္ဂလိပ်လို ရွတ်ချင်တယ် ဆိုရင်လည်း ဟောဒီလို ရွတ်ရမယ်။
Within Me And
Around Me Is The Fullness
Of Power, Love And Wisdom.
အခုလို လုပ်တာက ယတြာဆရာက မန္တာန်နဲ့ ကိုယ့်ကိုယ်ကို နှိုးဆွလိုက်တာပါပဲ။
ယတြာပြုလုပ်ရန်နေရာထိုင်ခင်း စီမံခြင်း
ယတြာပြုလုပ်မယ့်ဆရာဟာ ထိုင်ပြီးစားလို့ရတဲ့ ထမင်းစား စားပွဲလောက်အရွယ် စားပွဲလေးတစ်လုံးတော့ ထားရမယ်။ အဲဒီ စားပွဲလေးမှာလည်း ယတြာ အစီအရင်တွေ လုပ်ရမယ်။ အဲဒီ စားပွဲလေးကို “ ယတြာ လုပ်ရန် ၀တ်ပြုတဲ့ကျောင်း ” တန်ပဲလ် (Temple) လို့ သဘောပေါက်ရမယ်။ အဲဒီ တန်ပဲလ်လေးကိုလည်း ကိုယ့်ဟာကို နှစ်သက်ရာ နာမည်ပေးထားရမယ်။ ဥပမာ....
မနောကြာဖြူတန်ပဲလ်
ဣစ္ဆာသယတန်ပဲလ်
စသည်ဖြင့် အမည်ပေးထားရမယ်။ အဲဒီစားပွဲလေးကိုတော့ ကိုယ့်အိမ်မှာရှိတဲ့ သန်ပြန်ခြောက်သွေ့တဲ့ နေရာမှာ ထားရမယ်။ ပြီးတော့ အဲဒီစားပွဲလေး ပတ်ဝန်းကျင်မှာလည်း ပစ္စည်းတွေနဲ့ ရှုပ်ပွနေတာမျိုး မဖြစ်စေရဘူး။ စာပွဲလေးပေါ်မှာတော့ မှန်အကြည်တစ်ချပ် တင်ထားရမယ်။ မှန်အောက်ထဲမှာ အကြီးဆုံး တန်ဖိုးအရှိဆုံး ပိုက်ဆံတစ်ရွက်လည်း ထည့်ထားရမယ်။
စာပွဲပေါ်မှာ မရှိမဖြစ် ထားရမယ့် ပစ္စည်းကတော့ အားကောင်းတဲ့ သံလိုက်တုံးတစ်တုံး ၊ သလင်းကျောက် တစ်တုံး ၊ အဖြူရောင်ဖယောင်းတိုင်တွေ ၊ နံ့သာဆီပုလင်းတွေ ၊ ရေမွှေးပုလင်းတွေ ၊ ပြီးတော့ အစိမ်းရောင် ပုလင်းထဲမှာ နှင်းဆီပန်း တစ်ပွင့်ဆိုက်ထားတာကိုလည်း တင်ထားရမယ်။ မကြာကြာ အဲဒီပတ်ဝန်းကျင်ကို ဆားရေနဲ့ တောက်ပေးရမယ်။ အခုလုပ်တာကတော့ ယတြာပြုလုပ်ဖို့အတွက် နေရာထိုင်ခင်း စီမံခြင်းပါပဲ။








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter