Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

(၀)အရူးတားရော့ကတ်အကြောင်း

ဒီကတ်ပြားမှာ ခြေဦးတည်ရာ လျှောက်သွား နေတဲ့ အရူးတစ်ယောက်ကို တွေ့ရပါ့မယ်။ အရူး ဟာ တုတ်တစ်ချောင်းမှာ အထုပ် တစ်ထုပ် ထမ်းထားပါတယ်။ ဂန္ဓာရီ ပညာရှင်များက မသိ နားမလည်ခြင်း အ၀ိဇ္ဇာ အထုပ်ကို ထမ်းထားတာလို့လည်း အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ အရူး ဟာ သူ့ရဲ့ ဖိနပ်ကို မစီးဘဲ ထမ်းထားတာ လို့လည်း ဆိုကြပါတယ်။

မသိ နာမလည်တဲ့ အရူးဟာ ရှေ့ကို လှမ်းလိုက်ရင် ချောက်ထဲကို ကျတော့မှာပါ။ သူ့ရဲ့ နောက်ကလည်း ခွေးတစ်ကောင်က လိုက်လာပါတယ်။ ဒီကတ်ပြားကို ဘယ်လိုပဲ ဖြစ်ဖြစ် အဆိုးသဘော ယူဆရမှာပါပဲ။ အားလုံးကို ခြုံပြီး စဉ်းစား လိုက်တဲ့ အခါ ဘယ်လို မေးခွန်းမျိုး ကိုပဲ မေးမေး အရူးကတ်ပြား ကျလာခဲ့ပြီဆိုရင်...
မဖြစ်ဘူး ၊ မရဘူး ၊ မအောင်မြင်ဘူး ဆိုတဲ့ အဟောတွေပဲ ဟောရမှာပေါ့။ ရူးသွတ်ခြင်း၊ ကယောင် ချောက်ခြား ဖြစ်ခြင်းတွေနဲ့ပါ တွဲစပ်ပြီး ဒီကတ်ပြားကို ဆိုးရူး လို့ အလွယ် မှတ်ထားနိုင်ပါတယ်။

  • ရူးလောက်အောင် ဖြစ်သည် ဆိုသော အဖြစ်မျိုးများနှင့် ကြုံရတတ်သည်။
  • ခု တစ်မျိုး၊ တော်ကြာ တစ်မျိုး စိတ်နှင့် ကိုယ်နှင့် မကပ်ပဲ ယောင်ချာချာ ဖြစ်နေမည်။
  • ထိုင်ရတော့ မလိုလို ၊ ထရတော့ မလိုလို ၊ ဆက်လုပ်ရတော့ မလိုလို ၊ ရပ်ရတော့ မလိုလို အဖြစ်မျိုးများ ကြုံမည်။
  • တောင်စဉ် ရေမရ ခရီးတိုများ ဆက်တိုက် သွားနေရတတ်သည်။
  • ခြေထောက်ပိုင်း ။ ဖိနပ်ပိုင်း ဒုက္ခပေးတတ်သည်။
  • မိုက်မဲ ရူးသွတ်စွာ တဇွတ်ထိုးတဇောက်ကန်း လုပ်မှု့ကြောင့် မလိုလားအပ်သော အန္တရာယ်များနှင့် ကြုံရ တတ်သည်။
  • လုပ်သမျှ ကြံသမျှ တွေးသမျှ ဆုံးဖြတ်သမျှ အလွဲလွဲ အချော်ချော် အမှားမှား အယွင်းယွင်း ဖြစ်နေရတတ်သည်။
  • အပိုင် တွက်ဆထားသော စီစဉ်ထားသော ကိစ္စများ လွဲချော် ပျက်ယွင်း သွားရတတ်သည် ဆိုတဲ့ ဟောချက်မျိုးတွေ အဟောထုတ်နိုင် ပေတာပေါ့ဗျာ.....။

  • Wednesday, March 10, 2010

  • No comments:

    Post a Comment

    Featured

    b

    သင်လိုချင်တာ ဒီမှာရှာ

    Labels