ဒီကတ်ပြားမှာ ကောင်းကင် တမန်တော်က တံပိုးခရာ မှုတ်ပြီး နှိုးလိုက်တဲ့ အခါမှာ သချိုင်း ကုန်းက သေနေသူတွေ ပြန်ပြီး ရှင်သန် ထမြောက်လာတဲ့ နိမိတ်ပုံတွေကို တွေ့ရပါတယ်။ သေနေတဲ့ လူတွေတောင် ပြန်ရှင်လာတယ် ဆိုတော့ ဒီကတ်ပြားကို အကောင်း သဘောပဲ ယူဆ ရမှာပေါ့။ပျောက်နေတဲ့ သူတွေ ပြန်တွေ့မယ်။ ကွဲကွာနေတဲ့ သူတွေ ပြန်ဆုံမယ်။ မိတ်ဟောင်း ဆွေဟောင်း တွေနဲ့ ပြန်တွေ့မယ်။ ထွက်နေ ပျောက်နေတဲ့ ပစ္စည်းတွေ ငွေတွေ ၊ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ ပြန်ပြီး ရတတ်တယ် ဆိုတဲ့ သဘောတွေကို အဟော ထုပ်ရမှာ ပေါ့ ခင်ဗျာ။
ဒီကတ်ပြားမှာ လည်း တစ်ခု သတိထားရမှာက မေးတဲ့ မေးခွန်းအပေါ် မူတည်ပြီင်္း အဖြေဟာ အများကြီး ပြောင်း သွားနိုင်ပါတယ်။ ကျွန်တော့် အဖိုး အသည်း အသန် ဖြစ်နေတယ်။ သူ့ရဲ့ အခြေအနေကို ကြည့်ပေးပါ လို့ မေးလာလို့ ဒီကတ်ပြား ကျလာခဲ့ရင် သူ့အဖိုးကို မေးတာ ဖြစ်တဲ့ အတွက် သူ့အဖိုး အသက်မသေ ပြန်ရှင်မယ် လို့ ဟောနိုင်ပါတယ်။
အဲဒီလို မဟုတ်ပဲ ကျွန်တော် အဖိုး လေဖြတ်ပြီး အိပ်ယာထဲ လဲနေတယ်။ အဲဒီ ရောဂါ အခြေ အနေလေး သိချင် လို့ပါ လို့ မေးလာခဲ့ရင် ရောဂါကို မေးတာ ဖြစ်တဲ့အတွက် ရောဂါဟာ ပြန်ရှင်လာမယ်။ အားကောင်းလာမယ် ဆိုတဲ့ အဓိပ္ပါယ် ထွက်လာပါတယ်။ ရောဂါ အားကောင်းလာမှာ ဖြစ်တဲ့ အတွက် သူ့အဖိုးရဲ့ အသက်ဟာ စိုးရိမ် ရေမှတ်ကို ရောက်သွားပြီလို့ ပြောရမှာပါပဲ...။ အဲဒီတော့ ဘယ်လို မေးခွန်းကိုပဲ မေးမေး နံပါတ်(၂၀) ရှင်ပြန် ထမြောက် ကတ်ပြား ကျလာခဲ့ရင်....








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter