Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ဓါတ်ဖန်လုံးကြည့်၍အမြင်ပေါက်စေခြင်း

ဓါတ်ဖန်လုံး (ခေါ်) ကျောက်သလင်း ဖန်လုံးကို ကြည့်ပြီးတော့လည်း အမြင်ပေါက်ရောက်အောင် ကျင့်လို့ ရပါ တယ်။ ကျောက်သလင်း အစစ်ဆိုရင်တော့ ကောင်းတာပေါ့။
ဒါပေမဲ့ ကျောက်သလင်း အစစ်မရှိရင်လည်း ရပါတယ်။ ရိုးရိုး ဖန်လုံး နဲ့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ဇလုံ တစ်လုံးထဲမှာ ရေ အပြည့် ထည့်ကျင့်ရင်လည်း ရတာပါပဲ။
လေ့ကျင့်နည်း
ဒီပညာကို လေ့ကျင့်မယ်ဆိုရင် အရင်ဆုံး သန့်ရှင်း စင်ကြယ်ပြီး လေကောင်းလေသန့် ရနိုင်တဲ့ အခန်းတစ်ခန်း လိုပါတယ်။ အဲဒီ အခန်းဟာ ဆိတ်ငြိမ်နေရ မယ်။ ပတ်ဝန်းကျင်က ဆူညံနေလို့ မရဘူး။ အနှောက်အယှက် ဖြစ်နေလို့ မရဘူး။ တိတ်ဆိတ် နေရမယ်။ အေးချမ်းတဲ့ ပါတ်ဝန်းကျင် ဖြစ်ရမယ်။

အချိန်ကတော့ ညဘက် (၉)နာရီ နောက်ပိုင်းနဲ့ မနက်စောစော တွေမှာ ကျင့်ရင် အရမ်း ကောင်းပါတယ်။ ဒါပေမဲ့ အချိန် မှန်ဖို့တော့ လိုတယ်နော်။ ဒီနေ့ ညဘက် ကိုးနာရီမှာ ကျင့်တယ် ဆိုရင် နောက်တစ်နေ့ မှာလည်း ကိုးနာရီ မှာ ကျင့်ရမယ်။ ဒီနေ့ တစ်ချိန် နောက်နေ့မှာ တစ်ချိန် ၊ အဲလို ကျင့်လို့ မရဘူးနော်။

အရင်ဆုံး စပြီး လေ့ကျင့်တဲ့ အချိန်တွေမှာ တစ်နေ့ကို ၁၅-မိနစ် ၊ မိနစ်-၂၀ လောက်ဆို ရပြီ။ နောက်မှ တဖြည်းဖြည်း အချိန် တွေကို တိုးတိုးပြီး ကျင့်သွားရမယ်။ တဖြည်းဖြည်း နာရီဝက် တစ်နာရီ ရအောင် လေ့ကျင့်သွားရမယ်။ တစ်နေ့ကို ၂-ခါထက်လည်း ပိုမကျင့်ရဘူးနော်။ တစ်နေ့ တစ်ခါ အကောင်းဆုံးပဲ။ သတိထား ရမှာကတော့ ထမင်းစားပြီး တစ်နာရီ အတွင်း လုံးဝ မလေ့ကျင့်ရဘူး။ နောက်ပြီး နေထိုင် မကောင်း တဲ့ အချိန်တွေရယ် စိတ်မကောင်း ဖြစ်နေတဲ့ အချိန်တွေရယ် မှာ မကျင့်တာ အကောင်းဆုံးပဲ။ ညဖက်ကျင့်မယ် ဆိုရင် မီး ခပ် မှိန်မှိန် ထွန်းထားလို့ ရပါတယ်။ စပြီး မကျင့်ခင် အာနာပါနကို တစ်ခဏ ပြုလုပ် တာကောင်း တယ်။

ဟုတ်ပြီနော်...။ ဒီအထိ သဘော ပေါက်ရင် ကျွန်တော်တို့ ဆက်ကြရအောင်ပါ။ စားပွဲ တစ်လုံး ပေါ်မှာ စားပွဲခင်း အနက် ခင်းထားလိုက်ပါ။ ပြီးရင် အဲဒီ စားပွဲပေါ်မှာ ဓာတ်ဖန်လုံး တင်လိုက်ပါ။ ဘေးကနေ အပြင်က အရိပ်တွေ ဘာတွေ မထင်အောင် မပေါ်အောင် ကန်လန့်ကာ အနက်နဲ့ ကာထားလိုက်ပါ။ အဲဒီလို စားပွဲပေါ်မှာ ဓာတ်ဖန်လုံးတင် ပြီးပြီဆိုရင် စာပွဲရှေ့ မှာ ကုလားထိုင် တစ်လုံးနဲ့ ထိုင်ပြီး ကျင့်ရမယ်။ မီးကိုတော့ လူ၏ နောက်မှာ ထွန်းရမယ်နော်။

အေးအေး ဆေးဆေး သက်တောင့် သက်သာ ထိုင်ပြီး ဘာမှ မတွေးတော စိတ်မကူးပဲ ဖန်လုံး အတွင်းထဲသို့ သာ စိုက်၍ ကြည့်နေရမည်။ အရမ်း အားစိုက်ပြီး မောပန်းနေအောင် မကြည့်ရဘူး။ရိုးရိုး မှန်မှန်သာ ကြည့်နေ ရမယ်။ အဲဒီလို ကြည့်နေတဲ့ အချိန်မှာ သတိ မလစ်တစ်ချက် လစ်တစ်ချက် ဖြစ်လာမယ်။ ခင်ဗျား ကြည့်နေတဲ့ ဖန်လုံးဟာလည်း မှိန်... မှိန်လာမယ်။ တစ်ခါ တစ်ခါ ပျောက်သလိုတောင် ဖြစ်သွားတယ်။

နောက်တော့ အိပ်ပျော် တာလည်း မဟုတ် ၊ အိပ် မပျော်တာလည်း မဟုတ် ။ အိပ်မက် နေသလို ဖြစ်လာမယ်။ အိပ် ငိုက်လာမယ်။ ထိုအခါ မိမိရှေ့တွင် လဟာပြင်ပဲ တွေ့ရမည်။ ထို့နောက် ပျောက်ကွယ် နေသော အရာများ မေ့လျှော့ နေသော အရာများ ၊ ရပ်ဝေးရှိ မိတ်ဆွေများ ။ အခြား ထူးဆန်းသော အရာများကို တွေ့မြင်ရလိမ့် မည်။ အဲဒါ ဆိုရင်တော့ မိတ်ဆွေဟာ အမြင် ပေါက်ပြီပေါ့ဗျာ...။

အဲဒီလို အမြင်ပေါက် ပြီးနောက်ကိုယ် ကြည့်လိုရာကို စိတ်ကူးပြီး ထိုင်ပြီး ဖန်လုံးထဲ စိုက်ကြည့်လျက် ကိုယ့် စိတ်ကို သုံးသတ်လိုက်တယ် ဆို၇င်ပဲ ဖန်လုံး ကွယ်ပျောက်လို့ပဲ ဖြစ်ဖြစ် ၊ ဖန်လုံးထဲမှာ မြင်နေရသလို ဖြစ်စေ ကိုယ် အလိုရှိရာကို တွေ့မြင်နိုင် လေသည်။ ရှေဖြစ် နောက်ဖြစ် များကိုလည်း တွေ့မြင်နိုင်တာပေါ့ဗျာ။

ဒီနေရာမှာ မိတ်ဆွေတို့ကို အထူး မှာချင်တာက မြန်မြန် ပေါက်ရောက် အောင်မြင် ချင်တာနဲ့ အချိန်ပြည့် ထိုင် ကျင့်မနေ ရဘူး။ တနေ့ကို နာရီဝက် တစ်နာရီ လောက်ကနေ စပြီး ဖြည်းဖြည်း မှန်မှန်လေး ပုံမှန် ကျင့်သွားပါ လို့ တိုက်တွန်း ချင်တာပါပဲ။ စိတ် မစောပါနဲ့။ အစွန်း မရောက် ပါစေနဲ့။ အရမ်းကြီး ကြိုးစား အားထုပ်မှု့တွေ မလုပ်ပါနဲ့။ ဒါဆိုရင် မိတ်ဆွေတို့ လိုချင်တဲ့ ပညာကို ရမှာ အသေချာဆုံးပဲ ဆိုတာ အာမခံ လိုက်ပါကြောင်း..

စေတနာကောင်းဖြင့်-ဟိန်းတင့်ဇော်

Thursday, March 4, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels