
ကြယ်ဆိုတာ ထွန်းလင်း တောက်ပတဲ့ သဘော ၊ ထင်ရှား အောင်မြင်ခြင်းရဲ့ သင်္ကေတ ဖြစ် ပါတယ်။ ဒီကတ်ပြားမှာ သတ်ဟယ် ဖြတ်ဟယ် ၊ သေဟယ် ၊ ကြေဟယ် နိမိတ်ပုံ ဆိုးတွေ မပါပါဘူး။ အဲဒါကြောင့် အကောင်းသဘော ဆောင်တဲ့ ကတ်ပြားလို့ ယူဆရမှာ ဖြစ်ပါတယ်။
တားရော့ ကတ်ပြားတွေမှာ အ၀တ် အစား မပါခြင်းဟာ ညစ်ညမ်းတဲ့ သဘောမျိုး မဟုတ် ပါဘူး။ လွတ်လတ် ခြင်းရဲ့ သဘော သဘာဝကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အဲဒီတော့ ဒီကတ်ပြားမှာ အောင်မြင်ခြင်း ၊ ဂုဏ်သတင်း ကျော်စောခြင်း ၊ ကျန်းမာခြင်း ဆိုတာတွေကို ထည့်ပြီး ဟောရမှာပေါ့။
နောက်တစ်ခု ကတော့ ကမ္ဘာ့ဂန္ဓာရီ ပညာမှာ ကြယ်ပွင့်ကို လာဘ်ရွင်ခြင်းရဲ့ နိမိတ် အဖြစ် တင်စားလေ့ ရှိပါ တယ်။ အဲဒါကြောင့် ဒီကတ်ပြားဟာ ငွေကြေး လာဘ်လာဘ ရွှင်လန်းခြင်းရဲ့ နိမိတ်ကိုလည်း ဖော်ညွန်းနေပါ တယ်။ အဲဒိတော့ ဘယ်လို မေးခွန်းမျိုးကို ပဲမေးလာ မေးလာ နံပါတ်(၁ရ) ဓူဝံကြယ် တားရော့ ကတ်ပြား ကျလာ ခဲ့ပြီဆိုရင်......
ရမယ် ၊ ဖြစ်မယ် ။ ကောင်းမယ် ၊ အောင်မြင်မယ်လို့ အဟော ထုပ်ရမှာပါပဲ။ ကြယ်ပွင့် လေးတွေဟာ အမှောင်ကြား ထဲက တဖျပ်ဖျပ် ပွင့်နေပါတယ်။ ကံကြမ္မာရဲ့ ပွင့်လန်းခြင်း ၊ လာဘ်လာဘရဲ့ ပွင့်လန်ခြင်း အဓိပ္ပာယ်တွေ နဲ့ပါ တွဲစပ်ပြီး ဒီကတ်ပြားကို “ကောင်းပွင့်” လို့ အလွယ် မှတ်ထားနိုင်ပါတယ်။