Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ငွေမြဲစေသောယတြာ

တစ်နေ့မှာ ကျွန်ုပ်၏ ဗေဒင် လက္ခဏာ ဟောခန်း အတွင်းသို့ ကျွန်ုပ်နှင့် သားအမိ အရင်းအချာ များပမာ လွန်စွာ ရင်းနှီးသော ဒေါ်အေးသာ ဟူသော အမျိုးသမီး တစ်ဦး ရောက်ရှိ လာလေ၏။ ထိုဒေါ်အေးသာ သည် ထိုင်းနိုင်ငံသို့ လွန်ခဲ့သော ၁၅-နှစ်ခန့်ကပင် ရောက်ရှိနေခြင်း ဖြစ်၏။

ထိုင်းစကားကို ထိုင်းနိုင်ငံသား နည်းတူ ပြောဆို နိုင်လေ၏။ ဒေါ်အေးသာ သည် စိတ်ကောင်းလည်း အလွန် ရှိသူ ဖြစ်လေသည်။ ထိုင်းစကား မတတ်သော မြန်မာ လူမျိုးများ ဆေးရုံ ဆေခန်း အချုပ်ခန်းသို့ သွားရ၍ သူ့ကို အကူ အညီ လာခေါ်လျှင် ကိုယ့် လမ်းစရိတ် နှင့် ကိုယ် အစ အဆုံး ခံ၍ ကူညီလေ့ ရှိသူ ဖြစ်လေသည်။

ထို စိတ်ကောင်း လွန်စွာ ရှိသော ဒေါ်အေးသာ ဟူသော အမျိုးသမီး ကြီးသည် ကျွန်ုပ်၏ ဗေဒင် လက္ခဏာ ဟောခန်း အတွင်းသို့ ရောက်ရှိ လာလေ၏။ ရောက်လျှင် ရောက်ခြင်း မြတ်စွာ ဘုရားအား ရှိခိုး ဦးချ လေ၏။ ထို့နောက် ကျွန်ုပ်အား လွန်စွာ ကြင်နာ၍ နွေးထွေးသော မျက်ဝန်းဖြင့် ကြည့်လိုက် ပြီးလျှင်...

“ငါ့သား နေကောင်း ရဲ့လား?... အစဉ်ပြေ တယ် မဟုတ်လား ?..ဟု နှုတ်ဆက် လေ၏။ ထိုအခါ ကျွန်ုပ်က

“ကောင်းပါတယ် အမေ ၊ အဆင်လည်း ပြေပါတယ်။ အမေတို့ မိသားစု တွေကော အလုပ် အကိုင်တွေ အဆင်ပြေ ရဲ့လား ? ဟု ပြန်လည် နှုတ်ဆက် ရလေ၏။

အလုပ် အကိုင်တွေ ကတော့ ပြောစရာ မရှိပါဘူး ငါ့သားရယ် ?။ မိသားစု လေးယောက် စလုံး အလုပ် ကောင်းပါတယ်။ အဆင်လည်း ပြေပါတယ်... ။ ဒါပေမဲ့ အခု တလော ငွေမမြဲဘူး ဖြစ်နေတယ် ငါ့သားရဲ့ ၊ အဲဒါ အမေ့ကို ယတြာလေး ဘာလေး ပေးစမ်းပါဦး ဟု ပြောပြန် လေ၏။

ထိုအခါ ကျွန်ုပ်က.... ငွေ မကုန် စေချင်ရင် မသုံးပဲ နေပေါ့ အမေရဲ့ ဟု ပြန်နောက် လိုက်လေရာ...

မဟုတ်ဘူး ငါ့သားရဲ့ အမေ တကယ် ပြောတာ။ ဒီတလော အမေ သတိထား ကြည့်မိတယ်။ ငွေက သုံးလို့ ကုန်တာ ထက် ဖြုန်းလို့ ကုန်နေသလို ဖြစ်နေတယ်။ ပြည့်ပြည့် စုံစုံ ပြောပြ ရရင် ပြီးမှာ မဟုတ် တော့ဘူး။ အမေလို ချင်တာက အမေ့ကို ငွေမြဲစေတဲ့ ယတြာ ပေးစမ်းပါ ငါ့သားရယ် ဟု ပြန်၍ ပြောလေ သောကြောင့် ကျွန်ုပ်လည်း မနောက် ရက် သောကြောင့် ....

ဟုတ်ပါပြီ အမေရယ်။ ငွေမြဲ စေချင် တယ်ဆိုရင် အခု ကျွန်တော် ပြောပြတဲ့ ယတြာလေး သာ ပုံမှန် လုပ်ပေးပါ။ ထူးထူးခြာခြား ငွေမြဲ စေပါတယ်...ဟု ဆိုကာ အောက်ပါ ငွေမြဲ စေသော ယတြာကို ပြောပြ လိုက်လေ တော့၏။ ကျွန်ုပ်၏ မိခင်ရင်း ပမာ ရင်းနှီး ခင်မင်သော လွန်စွာ သဘော မနော ကောင်း၍ စိတ်နှလုံး ဖြူစင် လှသော ဒေါ်အေးသာ ဟု အမည် ရသော အမျိုးသမီး ကြီးသည် လွတ်လတ် ပေါ့ပါသော ခြေလှမ်း များဖြင့် ကျွန်ုပ်၏ ဗေဒင် ဟောခန်း အတွင်းမှ ပြန် သွားလေတော့ သတည်း။

ငွေမြဲစေသော ယတြာ

ငါးသေတ္တာ ဗူးပေါ်တွင် နံက် တစ်တိုင် ညတစ်တိုင် ဖယောင်းတိုင် မီးထွန်း၍ ဆုတောင်း လိုက်ပါ။

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Monday, March 1, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels