Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

(၁၇)ဓူဝံကြယ်တားရော့ကတ်အကြောင်း

ဒီကတ်ပြားမှာ ဓူဝံကြယ် နတ်သမီးဟာ လက်ထဲမှာ ရေအိုး နှစ်လုံးကို ကိုင်ပြီး ကုန်းပေါ်မှာ တစ်လုံး၊ ရေထဲမှာ တစ်လုံး ရေတွေ သွန်လောင်းနေတဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ လောကရဲ့ အ သက်ဓာတ်ကို သွန်လောင်းနေတဲ့ နိမိတ်ပုံ ရယ်လို့ အဆိုရှိပါတယ်။

ကြယ်ဆိုတာ ထွန်းလင်း တောက်ပတဲ့ သဘော ၊ ထင်ရှား အောင်မြင်ခြင်းရဲ့ သင်္ကေတ ဖြစ် ပါတယ်။ ဒီကတ်ပြားမှာ သတ်ဟယ် ဖြတ်ဟယ် ၊ သေဟယ် ၊ ကြေဟယ် နိမိတ်ပုံ ဆိုးတွေ မပါပါဘူး။ အဲဒါကြောင့် အကောင်းသဘော ဆောင်တဲ့ ကတ်ပြားလို့ ယူဆရမှာ ဖြစ်ပါတယ်။

တားရော့ ကတ်ပြားတွေမှာ အ၀တ် အစား မပါခြင်းဟာ ညစ်ညမ်းတဲ့ သဘောမျိုး မဟုတ် ပါဘူး။ လွတ်လတ် ခြင်းရဲ့ သဘော သဘာဝကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အဲဒီတော့ ဒီကတ်ပြားမှာ အောင်မြင်ခြင်း ၊ ဂုဏ်သတင်း ကျော်စောခြင်း ၊ ကျန်းမာခြင်း ဆိုတာတွေကို ထည့်ပြီး ဟောရမှာပေါ့။

နောက်တစ်ခု ကတော့ ကမ္ဘာ့ဂန္ဓာရီ ပညာမှာ ကြယ်ပွင့်ကို လာဘ်ရွင်ခြင်းရဲ့ နိမိတ် အဖြစ် တင်စားလေ့ ရှိပါ တယ်။ အဲဒါကြောင့် ဒီကတ်ပြားဟာ ငွေကြေး လာဘ်လာဘ ရွှင်လန်းခြင်းရဲ့ နိမိတ်ကိုလည်း ဖော်ညွန်းနေပါ တယ်။ အဲဒိတော့ ဘယ်လို မေးခွန်းမျိုးကို ပဲမေးလာ မေးလာ နံပါတ်(၁ရ) ဓူဝံကြယ် တားရော့ ကတ်ပြား ကျလာ ခဲ့ပြီဆိုရင်......

ရမယ် ၊ ဖြစ်မယ် ။ ကောင်းမယ် ၊ အောင်မြင်မယ်လို့ အဟော ထုပ်ရမှာပါပဲ။ ကြယ်ပွင့် လေးတွေဟာ အမှောင်ကြား ထဲက တဖျပ်ဖျပ် ပွင့်နေပါတယ်။ ကံကြမ္မာရဲ့ ပွင့်လန်းခြင်း ၊ လာဘ်လာဘရဲ့ ပွင့်လန်ခြင်း အဓိပ္ပာယ်တွေ နဲ့ပါ တွဲစပ်ပြီး ဒီကတ်ပြားကို “ကောင်းပွင့်” လို့ အလွယ် မှတ်ထားနိုင်ပါတယ်။

  • ကံကြမ္မာ ပွင့်လန်းမည်။ အဘက်ဘက်က အခြေအနေကောင်း ၊ အခွင့် အလန်းကောင်းများ ကြုံလာလိမ့် မည်။
  • ငွေကြေး၊ လာဘ်လာဘ လည်း ပွင့်လန်းမည်။ ထီပေါက်သကဲ့သို့ ငွေများ ၀င်လာလိမ့်မည်။
  • ၀န်ထမ်း ဆိုလျှင် ရာထူးတက်ခြင်း ၊ အခွင့်အရေး ကောင်းများ ကြုံခြင်းများ ကြုံရမည်။
  • ကိုယ်ပိုင် လုပ်ငန်းများ အောင်မြင်မှု့ ကြီးစွာ ကြုံပြီး တိုးချဲ့ရလိမ့်မည်။
  • ကျန်းမာရေး ညံ့လျှင် ရက်ပိုင်းအတွင်း ပြန်လည် ကျန်းမာ ကောင်းမွန် သွားလိမ့်မည်။
  • နာမည်ဂုဏ်သတင်း ကျော်စောခြင်း ဆုထူး ဘွဲထူး ရခြင်းများ ကြုံရတတ်သည်။
  • ငွေများ ၊ ပစ္စည်းများ ၀င်သော်လည်း သဲထဲ ရေသွန် ဆိုသကဲ့သို့ မစုဆောင်း မိခြင်း မမြဲခြင်းများ ကြုံရတတ်သည်။
  • လျှပ်စစ် မီးကိစ္စများ စီစဉ်လျှင် အောင်မြင်မည်။
  • ရေတွင်း ၊ ရေကန် ၊ ရေပိုက်ကိစ္စများ စီစဉ်လျှင် အောင်မြင်မည် ဆိုတဲ့ ဟောချက်မျိုးတွေကို အပိုင် အနိုင် ဟောနိုင်ပေတာပေါ့ဗျာ.......။

  • Wednesday, March 10, 2010

  • No comments:

    Post a Comment

    Featured

    b

    သင်လိုချင်တာ ဒီမှာရှာ

    Labels