Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ချစ်သူများနေ့အကြို-ရင်ခုန်သံယတြာများ

ချစ်သူ့လက်ဆောင်

မကြာခင်မှာ ချစ်သူများနေ့ ရောက်လာ တော့ယ်....တကမ္ဘာလုံးက ချစ်သူများ နေ့ကို လှိုက်လှိုက် လှဲလှဲ ကြိုဆို နေကြပြီ .ကျွန်တော် လည်း ကြိုဆို ချင်တယ်...အဲဒီတော့ ကျွန်တော်က အချစ်ကို ယတြာနဲ့ ကြိုမယ်...ချစ်သူများနေ့ကို ရောက်ရင် တစ်ယောက်နဲ့ တစ်ယောက် လက်ဆောင်တွေ ပေးကြတယ်...ပစ္စည်းတွေ လဲ လှယ် ကြတယ်...ကိုယ်ပေးလိုက်တဲ့ ချစ်သူ လက်ဆောင် လေးဟာ ကိုယ် အရမ်း မြတ်နိုးတဲ့ ကိုယ့်ချစ်သူ အတွက် ဘ၀ တစ်သက်တာ ကံကောင်း သွားစေမယ့် အဆောင်လေး ဖြစ်သွားခဲ့ရင် ဘယ် လောက် ကောင်းမလဲ....
ဒါကြောင့် ကျွန်တော် ချစ်သူများနေ့ကို ကြိုဆိုတဲ့ အနေ နဲ့ ရင်ခုန်သံ ယတြာများ ဆိုပြီး.....

သင်ဟာ...သင်၏ အသက်မက ချစ်လှစွာသော ချစ်သူ လေးကို ချစ်သူများနေ့ အမှတ်တရ လက်ဆောင် ပေးမယ် ဆိုရင် အရင်ဆုံး သင်၏ ချစ်သူဟာ အင်္ဂလိပ် ဂဏန်းဗေဒင် အရ ဘယ်နေ့ ဖွားလည်း ဆိုတာ အရင် သိရပါမယ်...။ ဒါမှ ကိုယ့်  ချစ်သူဟာ ဘာဂဏန်း ဖွားလည်း ဆိုတာ သိမယ်..။

သင်၏ချစ်သူဟာ ဘာဂဏန်းပိုင်ရှင်လဲ
မည်သည့် လ.မဆို .......
  • (၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ) ရက်နေ့တွင် မွေးဖွားသူများကို (၁) ဂဏန်း ပိုင်ရှင်များ
  • (၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ) ရက်နေ့တွင် မွေးဖွား သူများသည် (၂) ဂဏန်း ပိုင်ရှင်များ
  • (၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ) ရက်နေ့တွင် မွေးဖွားသူများသည် (၃)ဂဏန်း ပိုင်ရှင်များ
  • (၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ) ရက်နေ့ တွင် မွေးဖွားသူများသည် (၄)ဂဏန်းပိုင်ရှင်များ
  • (၅ ၊ ၁၄ ၊ ၂၃ ) ရက်နေ့တွင် မွေးဖွားသူများသည် (၅) ဂဏန်းပိုင်ရှင်များ
  • (၆ ၊ ၁၅ ၊ ၂၄ ) ရက်များတွင် မွေးဖွားသူများသည် (၆) ဂဏန်း ပိုင်ရှင်များ
  • (၇ ၊ ၁၆ ၊ ၂၅ ၊ရက်နေ့များတွင် မွေးဖွား သူများသည် (၇) ဂဏန်းပိုင်ရှင်များ
  • (၈ ၊ ၁၇ ၊ ၂၆ )ရက်နေ့များတွင် မွေးဖွားသူများသည် (၈) ဂဏန်း ပိုင်ရှင်များ
  • (၉ ၊ ၁၈ ၊ ၂၇ ) ရက်နေ့များတွင် မွေးဖွားသူများသည် (၉)ဂဏန်း ပိုင်ရှင်

အိုကေ...နော်။ အဲဒီတော့ သင်၏ ချစ်သူဟာ အင်္ဂလိပ် ဘယ် နှစ်ရက်နေ့ မွေးလည်းပေါ့။ မွေးရက်သိရင် ဘာဂဏန်း ပိုင်ရှင်လဲ သိပြီပဲ... မဟုတ်ဘူးလား.။ ဘာဂဏန်း သမားကို ဘယ် လက်ဆောင် ပေးရမယ် ဆိုတာကို အခု ပြောပြ မယ်...။ အဲဒီ လက်ဆောင်ကို ချစ်သူများ နေ့မှာ သင်ချစ်သူကို အမှတ်တရ ပေးလိုက်ပါဗျာ...။ ဒါဆိုရင် သင်၏ ချစ်သူလေးဟာ ရာသက်ပန် ကံကောင်းစေမဲ့ အဆောင် လေးကို ချစ်သူများ နေ့မှာ အမှတ်တရ ပေးတယ် ဆိုပြီး သင့်ကို လည်း ရာသက်ပန် ကျေးဇူးတင် နေမှာပါ...။

သင်၏ချစ်သူကလေးဟာ........
  • (၁)ဂဏန်းပိုင်ရှင်ဆိုရင်...... ပယင်းကျောက် - ဥဿဖယား - အ၀ါရောင်စိန်
  • (၂)ဂဏန်းပိုင်ရှင်ဆိုရင်........ပုလဲ - အစိမ်းရောင်ကျောက်
  • (၃)ဂဏန်းပိုင်ရှင်ဆိုရင်........ဂေါ်မုတ်
  • (၄)ဂဏန်းပိုင်ရှင်ဆိုရင်........ရွှေကို တက်သစ်စနေ၀န်းပုံလုပ်၍ ပေးပါ။
  • (၅)ဂဏန်းပိုင်ရှင်ဆိုရင်........စိန်ကို ငွေ (သို့) ပလက်တီနံနှင့် တွဲစပ်ပေးပါ။
  • (၆)ဂဏန်းပိုင်ရှင်ဆိုရင်........မြ
  • (၇)ဂဏန်းပိုင်ရှင်ဆိုရင်....... ကြောင်ကျောက် ၊ ပုလဲ
  • (၈)ဂဏန်းပိုင်ရှင်ဆိုရင်........ပုလဲနက် ၊ စိန်နက် ၊ ကျောက်မီးသွေး ၊ ခဲပုပ်
  • (၉)ဂဏန်းပိုင်ရှင်ဆိုရင်........ပတ္တမြား ၊ သံ

ကဲ....ရပြီနော်..။အခုပေးတဲ့ နည်းစနစ်ကတော့ နျူမော်လော်ဂျီ-ဂဏန်းဗေဒင်နည်းနှင့် ပေးတဲ့နည်းပါပဲ စိတ်ချ လက်ချ ပေးလို့ ရပါတယ်ဗျာ...

အော် တစ်ခုလောက်တော့ ကြိုတင် ပြောထားပါရစေ... ကြောင်ကျောက် ဆိုတာ ဘယ်လိုဟာလဲ။ ဂေါ်မုတ် ဆိုတာ ဘယ်လို ဟာလည်း ။စိန်ဆိုတာ ဘယ်လို ဟာလည်း အဲဒီလိုတော့ လာမမေးကြေးနော်... ကျွန်တော်က ကျောက် ဆိုရင် လမ်းခင်းတဲ့ ကျောက်တောင် ဘယ်နှစ်မျိုးရှိမှန်း ကောင်းကောင်း မသိလို့ပါ....

Sunday, February 7, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels