Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

(၃)ဧကရီတားရော့ကတ်အကြောင်း

ဒီကတ်ပြားရဲ့ အဓိက ဇာတ်လိုက် ကလည်း အမျိုးသမီး တစ်ယောက်ပါပဲ။ ရိုးရိုး အမျိုးသမီး တော့ မဟုတ်ဘူးနော်။ ရာထူး ဂုဏ်ရှိန် ကြီးမားတဲ့ ဧကရီ ဘုရင်မ တစ်ပါးရဲ့ နိမိတ်ပုံဖြစ်ပါတယ် ဘ၀မှာ သြဇာ အရှိန်အ၀ါ ကြီးမားခြင်း၊ စည်းစိမ် ချမ်းသာ ခံစားရခြင်း ၊ သက်တောင့် သက်သာ ရှိခြင်းဆိုတဲ့ သဘောတွေကို ဖော်ညွန်းနေပါတယ်။

သူ့ကိုလည်း အကောင်း သဘော ယူဆရမှာပါ။ ရာထူးဂုဏ်ရှိန် ကြီးမားတဲ့ အမျိုးသမီး ဒါမှမဟုတ် ဆရာကတော် ၊ လူ ကြီးကတော် စသူတို့က အကူအညီကောင်း ပေးလိမ့်မယ်လို့ ဟောနိုင်တာပေါ့။

ဧကရီဘုရင်မ ရဲ့လက်ထဲမှာ အဆောင် အယောင် ပစ္စည်းလေးတစ်ခု ကိုင်ထားပါတယ်။ အင့်ခ်(Ank)လို့ ခေါ်တဲ့ အသက်ဓာတ်ရဲ့ တံဆိပ်ကလေးကို ကိုင်ဆောင် ထားတာပါ။ ဘာကိုပဲကိုင်ကိုင် ကြီးကဲသူ တစ်ဦးကနေ လက်ဆောင် ပစ္စည်းတစ် ခု ချီးမြှင့်မဲ့ အနေအထား မျိုးလို့ ယူဆနိုင်ပါတယ်။ အဲဒီတော့ ကြီးကဲသူတို့ထံမှ လက်ဆောင် ပစ္စည်းများ ဂုဏ်ပြု ပစ္စည်းများ ရတတ်သည်လို့ ဟောနိုင်တာပေါ့။
ဧကရီ ဘုရင်မဟာ အောင်မြင်ခြင်းရဲ့ သင်္ကေတ အဖြစ် ကြယ်ပွင့် သရဖူကို ဆောင်ထားပါတယ်။ ဘုရင်မ ဆိုတော့ ရာထူး ကြီးမားတာကိုလည်း ကောက်ယူနိုင်တာပေါ့။ အဲဒီတော့ ၀န်ထမ်းဆိုရင် ရာထူးတက်မယ် အကျိုးထူးခံစားရ မယ်လို့ ဟောနိုင်တာပေါ့။
နောက်တစ်ခု စဉ်းစားဖို့က ဘုရင်မရဲ့ သလွန်တော်မှာ အသည်းနှလုံးနဲ့ သောကြာဂြိုဟ်ရဲ့ အမှတ်တံဆိပ်ကို တွေ့ရ ပါတယ်။ သောကြာဂြိုဟ်ဟာ ချစ်ခြင်း မေတ္တာကို ဖော်ညွန်းပါတယ်။ အချစ်ရေးမှာ အောင်မြင်မယ်။ ဒါမှမဟုတ် အ လုပ်ကိစ္စ ၊ အောင်မြင်မှု့ ကိစ္စအတွက် အချစ်ရေး ကိစ္စကို ဘေးဖယ် ထားရတတ်တယ်လို့လဲ ဟောနိုင်တာပေါ့။

နောက်တစ်ချက်ကတော့ ဘုရင်မဟာ ကိုယ်ဝန်ဆောင် မိခင်များဝတ်တဲ့ ဗိုက်ဖုံးအင်္ကျီကို ၀တ်ဆင်ထားပါတယ်။ တစ်ချို့ကတ်ပြား တွေမှာဆိုရင် ကိုယ်ဝန် အရင့်အမာနဲ့ ဘုရင်မကို တွေ့ရတတ်ပါတယ်။ ဒီအချက်ကို ထောက်ရှု့ ပြီး ဗေဒင် လာမေးသူဟာ အိမ်ထောင်သည် အမျိုးသမီးဆိုရင် ကိုယ်ဝန် ရတတ်တယ်လို့ ဟောရမှာပေါ့။ ဒါမှမဟုတ် ရင်လည်း ဆွေမျိုး သားချင်းထဲမှာ ကိုယ်ဝန်ရှိတဲ့ သတင်း သားသမီးရတနာ ဖွားမြင်တဲ့ သတင်းကောင်း ကြားမယ်လို့လည်း ဟောနိုင်ပေတာပေါ့။
အဲဒီ စဉ်းစားချက်တွေကို အနှစ်ချုပ်လိုက်တဲ့အခါ.......
ဘယ် ကိစ္စကိုပဲ မေးမေး ကောင်းတယ် အောင်မြင် တယ်လို့ ဟောနိုင် တဲ့အပြင် သက်တောင့် သက်သာရှိမှု့ စည်းစိမ် ချမ်းသာ ခံစားရမှု့တွေကိုပါ တွဲစပ်ပြီး ဟောနိုင်ပါတယ်။ ကောင်းစည်းစိမ်လို့ အလွယ် မှတ်ထား နိုင်ပါတယ်။

  • ရာထူးရာခံ ရှိသော အမျိုးသမီး ဒါမှမဟုတ် ဆရာကတော် လူကြီး ကတော်တို့က ကူညီ မစပါလိမ့်မယ်။
  • ကြီးကဲသူတို့ထံမှ လက်ဆောင်ပစ္စည်း ဂုဏ်ပြုပစ္စည်းများ ရလိမ့်မည်။
  • ၀န်ထမ်းဆိုလျှင် ရာထူးတက်မည်။ အလုပ်မှာ အခွင့်အရေးထူး ခံစားရလိမ့်မည်။
  • အချစ်ရေးမှာ အပြိုင်ရှိလျှင် အောင်မြင်မည်။အောင်မြင်မှု့ အလုပ်ကိစ္စတို့အတွက် အချစ်ရေးကို ဘေးချိပ် ထားရတတ်သည်။
  • ဆွေမျိုးသားချင်း ထဲမှ ကိုယ်ဝန်ရှိခြင်း ၊ သားသမီး ရတနာ ဖွားမြင်ခြင်း ၊ သတင်းကောင်း ကြားရမည်။ အိမ် ထောင်သည် အမျိုသမီးဆိုလျှင် သုံးလအတွင်း ကိုယ်ဝန်ဆောင်ရလိမ့်မယ်။
  • ဧကရီ ကတ်ပြားကို သားသမီး ရလိုသော အမျိုးသမီးများ အဆောင်အဖြစ် ဆောင်ထားရပါတယ်။ ကိုယ်ဝန် မြဲဖို့ ကျန်းမာ သန်စွမ်းသော သားသမီးကောင်း ဖွားမြင်ဖို့ အတွက်လည်း ဆောင်ထားရ ပါတယ်။
  • Friday, February 5, 2010

  • No comments:

    Post a Comment

    Featured

    b

    သင်လိုချင်တာ ဒီမှာရှာ

    Labels