လူ၏မျက်စိသည် စိတ်ဝိညာဏ်၏ ပြူတင်းပေါက်များ သ ဖွယ် ဖြစ်၏။ မျက်စိမှ ကြည့်လိုက်သော အခါ အတွင်းစိတ် ၀ိညာဏ်သို့ တိုက်ရိုက် စူးရှ ပေါက်ရောက်၏။ ထို့ကြောင့် မျက်စိတန်ခိုးဖြင့် လူများကို ညှို့နိုင်လေသည်။
စိတ်ညှို့ရာတွင် မျက်စိအား ထက်သန်လေလေ အကျိုးရှိ လေလေဖြစ်၏။ ထို့ကြောင့် ထက်မျက် စူးရှသော မျက်စိ များကို ရအောင် လေ့ကျင့်ရာ၏။ မျက်စိတန်ခိုး ကြီးမား ထက်သန်စေရန် လေ့ကျင့်ရာ၌ နံက်စောစောနှင့် ညအ ချိန်တို့သည် အကောင်းဆုံးဖြစ်၏။ ထိုအခါ မအိပ်ချင်စေရ။
တစ်နေရာရာ၌ ထိုင်လျှက် မိမိရှေ့က စိုက်ကြည့်စရာ တစ်စုံတစ်ခုကို ထားရမည်။ သို့မဟုတ် မှန်တစ်ချပ်ကို ထား ၍ နှခေါင်းရင်း မျက်စိနှစ်လုံးကြားတွင် အမှတ်ကလေး တစ်ခုခု ပြုလုပ်၍ မှန်ထဲရှိ ၎င်းအမှတ်ကလေး၏ အရိပ်ကို စိုက်ကြည့်ရမည်။
မျက်စိမှာ ပြူး၍လည်း မထားရ။ မှန်မှန် စိုက်ကြည့်နေရမည်။ မျက်တောင် မခတ်ပဲ ကြာကြာ ကြည့်နိုင်သရွေ့ ကြည့်ရမည်။ မျက်တောင် မညောင်းပဲ မျက်တောင် မခတ်ပဲ ၅-မိနစ် ၊ ၁၀-မိနစ် ၊ ၁၅-မိနစ် စသည်ဖြင့် ကြာကြာ နေနိုင်သည့် တိုင်အောင် ကြိုးစားရမည်။ အချို့မှာ တစ်နာရီ နှစ်နာရီပင် ကြည့်နိုင်၏။ ကြာကြာကြည့်န်ုင် လေလေ မျက်စိတန်ခိုး ကြီးမားလာလေလေ ဖြစ်၏။
ဤကဲ့သို့ တစတစ ကျင့်စဉ် မျက်တောင်ညောင်း၍ ခတ်ချင် မှိတ်ချင်လာလျှင် မျက်ခွံကို အသာမ ပင့်ပေးနိုင် သည်။ မျက်ရည်များကျ၍ မျက်စ်စပ်လာလျှင် ဆက်လက်၍ မကြည့်နိုင်ပုံ ပေါက်က ရေအေးအေးနှင့် မျက်နှာ သစ်ပေးပါလေ။ နေ့စဉ် ရက်မပျက်ဘဲ အချိန်မှန်မှန် လေ့ကျင့်ရမည်။
ဤကဲ့သို့ စိုက်ကြည့်လျှက် ကျင့်နေစဉ် စိတ်ဇော ထက်သန်စွာဖြင့် “ငါ၏ မျက်စိများသည် တစ်နေ့ထက် တစ်နေ့ ထက်သန်လာပြီ။ ငါသည် တစ်နေ့ထက် တစ်နေ့ ကြာကြာကြည့်နိုင်လာပြီ။ ငါ၏ မျက်စိများသည် တစ်နေ့ထက် တစ်နေ့ စူးရှထက်မျက်၍ တန်ခိုးအရှိန် ကြီးမားလာပြီ။ ငါသည် မျက်တောင် မခတ်ဘဲ နာရီပေါင်း များစွာ ကြည့် နိုင်သည်။ ငါ၏ ထက်မျက် စူးရှသော မျက်စိများ၏ အရှိန်ကို မည်သူ တစ်စုံ တစ်ဦး တစ်ယောက်မျှ မခံမရပ် နိုင်တော့ပြီ။ ငါသည် လူတိုင်းကို ငါ၏ ထက်မြက်သော မျက်စိဖြင့် ညှို့နိုင်ပြီ...အမိန်ပေးနိုင်ပြီ စသည်ဖြင့် စိတ်ထဲ က တွေးထင်ရမည်။
မိတ်ဆွေ သင်သည် ဤစာမူကို ဖတ်မိသည့် အချိန်မှ စ၍ ဤကျင့်စဉ်အား လေ့ကျင့်ကြည့်ပါလေ။ သင်၏ ဘ၀ ဖြတ်သန်းရသော အချိန်ကာလများတွင် ထူးခြားစွာ အကျိုးရှိမည် ဖြစ်ပါကြောင်း စေတနာကောင်းဖြင့်...
သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ဟိန်းတင့်ဇော်








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter