ဒီကတ်ပြားရဲ့ ဇာတ်လိုက်ဟာ အမျိုးသားကြီး တစ်ယောက်ဖြစ်ပါတယ်။ ရိုးရိုးအမျိုးသားကြီး တော့ မဟုတ်ဘူးနော်။ ရာထူး ဂုဏ်ရှိန်ကြီးမားတဲ့ ဘုရင်ဧကရာဇ် တစ်ပါးရဲ့ နိမိတ်ပုံ ဖြစ်ပါ တယ်။ဧကရီဘုရင်မတုန်းက အကောင်းလို့ ယူဆ ခဲ့ကြပေမဲ့ ဟောဒီ ဧကရာဇ် ကတ်ပြားကိုကြတော့ အဆိုးလို့ ယူဆရပါတယ်။ သူရဲ့ နံပါတ်ကလည်း (၄) ဂဏန်း ဖြစ်ပါတယ်။ (၄) ဂဏန်း ၊ (၈) ဂ ဏန်းဆိုတာဟာ ဂဏန်းဗေဒင် အယူအဆ မှာလည်း အဆိုး သဘောကို ဆောင်ပါတယ်။
တကယ် စဉ်းစားကြည့်တော့လည်း ဧကရာဇ်ရဲ့ ဘ၀မျိုးဟာ ရာထူးဂုဏ်ရှိန် ကြီးမားပေမဲ့ သက် သောင့် သက်သာ မရှိလှပါဘူး။ တိုင်းပြည်ရဲ့ အရေးကိစ္စ အားလုံးကို သူ့ခေါင်းပေါ်မှာ ရွက်ထား ရတယ်။ အားလုံး သူ့တာဝန်ချဉ်းးပဲ။ ဘုရင် ဧကရာဇ်တို့ မည်သည် ညည့်သုံးယံမှာ တစ်ယံထဲ အိပ်မှ မင်းကောင်း မင်းမြတ်လို့ ကျမ်းဂန်တွေထဲမှာ ဆုံးမပါတယ်။ တစ်ကယ်တော့ ဒီလောက် ဦးနှောက်ခြောက် ခေါင်းစားရတဲ့ တာဝန် ကြီးတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဉာဥ့်တစ်ယံတောင် ကောင်းကောင်း အိပ်ပျော်ဖို့ မလွယ်လှပါဘူး။
ဒီကြားထဲ တိုင်းပြည်မှာ တိုးတက်စည်ပင်ဖို့ ငြိမ်ဝပ်ပိပြားဖို့ ၊ ခိုးသားဓာပြ ကင်းစင်ဖို့ စတဲ့ အလုပ်မျိုးစုံနှင့် အန္တရာယ် တွေ ၀ိုင်းဝိုင်း လည်နေတဲ့အတွက် သူ့ဘ၀ဟာ အနေကျပ် အစားကျပ်ပါပဲ။ အဲဒါကြောင့် နံပါတ်(၄) ဂဏန်နှင့် ပါတ် သက်နေတဲ့ ဧကရာဇ် ကတ်ပြားကို သူလည်းကြပ် ကိုယ်လည်းကြပ် .... အကြပ်အတည်းနှင့် ပါတ်သက်နေတဲ့ ကတ်ပြားအဖြစ် ယူဆကာ အဆိုးလို့ သတ်မှတ်ဟောပြော ကြပါတယ်။
ဘုရင် ဧကရာဇ်ဆိုတာ အကြီးအကဲ အုပ်ချုပ်သူ ဖြစ်ပါတယ်။ အဆိုး ကောက်ယူ ရမှာ ဖြစ်တဲ့အတွက် လူကြီး မိဘ ဆရာသမား ၊ ကြီးကဲသူများနှင့် အဆင်မပြေ ဖြစ်တတ်တယ်လို့ ဟောနိုင်ပါတယ်။ နောက်ပြီးတော့ တရားဥပဒေနှင့် ငြိစွန်းတာတွေ အမှု့ အခင်းနဲ့ ပတ်သက် ရတာတွေလည်း ဟောပြောရမှာပေါ့....။
ဧကရာဇ်ဟာ နန်ဝတ်နန်းစား အဆောင် အယောင်တွေကို ဆင်မြန်းထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မျက်စိမှာ သူခြေထောက်ဟာ ကျောက်ပတ်တီးကိုင် ထားသလို ဖြစ်နေပါတယ်။ အဲဒီတော့ ဒီကတ်ပြားကို တွေ့ပြီဆိုရင် ကျွန် တော်ကတော့ ခြေထောက်ပိုင်း ထိခိုက်ဒဏ်ရာ ကြုံတတ်တယ်လို့ ဟောလေ့ရှိပါတယ်။ ထပ်ပြီး စဉ်းစားကြည့်ရ အောင်ပါ...။ ဘုရင် ဧကရာဇ်ဟာ အဲဒီ ခုံပေါ်မှာ မိုးလင်းက မိုးချုပ်ထိုင်ပြီး တစ်နိုင်ငံလုံးက အနယ်တယ် အရပ်ရပ်က အတိုင်းတိုင်း အပြည်ပြည်က ဧည့်သည် ပေါင်းစုံကို လက်ခံတွေ့ဆုံ နေရမှာပါ။ အဲလောက်ကြီး ထိုင်နေမယ်ဆိုရင် အညောင်း အညာ ဒုက္ခပေးပြီပေါ့။ ဒူးတွေ ခါးတွေ ဒုက္ခပေးပြီပေါ့။
နောက်ပြီးတော့ ဂဏန်းဗေဒင် အယူအဆမှာ ဆိုရင် နံပါတ်(၄)ဟာ အကွဲအပြဲ ခွဲစိပ်ကုသမှု့ တွေနဲ့ ပတ်သက်ပါ တယ်။ အဲဒီတော့ ခွဲစိပ် ကုသမှု့တွေကိုလည်း ထည့်ပြီး ဟောရမှာပါပဲ။ ၀န်ထမ်းဆိုရင်လည်း အလုပ်မှာ ပြဿနာ ဖြေရှင်းရတာ ၊ ထိခိုက် နစ်နာတာမျိုးတွေ ဖြစ်နိုင်တာပေါ့။ အဲဒါတွေ အားလုံး အနှစ်ချုပ်လိုက်မယ် ဆိုရင် နံပါတ်(၄) ဧကရာဇ်ကတ်ပြား တွေ့တိုင်း.....
- ဘယ်မေးခွန်းကိုပဲ မေးမေး မဖြစ်ဘူး ၊ မကောင်းဘူး ၊ မရဘူး ၊ မအောင်မြင်ဘူး ဆိုတာအပြင် အကြပ်အတည်း အပိတ်အပင် သဘောတွေကိုပါ ထည့်ပြီး ဟောရမှာ ဖြစ်ပါတယ်။ (ဆိုးကြပ်လို့ အလွယ်မှတ်ထားနှိုင်ပါတယ်။
- လူကြီး မိဘ ကြီးကဲသူများနှင့် အဆင်မပြေ ဖြစ်တတ်ပါတယ်။
- ၀န်ထမ်းဆိုလျှင် အလုပ်မှာ ပြဿနာကြုံတတ်တယ်။ ရာထူးကိစ္စ ၊ အခွင့် အရေး ကိစ္စများ နစ်နာတတ်သည်။
- အမှု့ အခင်း ရုံးပြင်ကနားနှင့် ပတ်သက်ရတတ်သည်။ မိမိကိုယ်တိုင် မကြုံတွေ့ရလျှင် ဆွေမျိုး မိတ်ဆွေတို့ အတွက် ရောက်ရတတ်ပါသည်။
- ခြေထောက်တွင် ထိခိုက်ဒဏ်ရာ ရတတ်သည်။
- ခြေထောက် ၊ ခါး ၊ ဒူး ကျန်းမာရေး ညံ့တတ်သည်။ ဆီး ၀မ်း ဒုက္ခ ပေးတတ်သည်။
- မိမိကိုယ်တိုင် ခွဲစိပ်မှု့ ကြုံရတတ်သည်။ (သို့မဟုတ်) ဆွေမျိုး မိတ်ဆွေထဲမှ ကြုံရတတ်ပါသည်။








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter