Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ဆရာသခင်-ဒေါက်တာမင်းသိင်္ခ

တစ်ခါက ဤမြေကမ္ဘာသို့ လူထူး လူဆန်းကြီး တစ်ဦး အလည်အပတ် ရောက်ရှိ လာခဲ့ ဘူးပါသည်။ ထိုသူ၏ ဘ၀သည် လွန်စွာမှ ထူးခြား ဆန်းကြယ် လှဘိသကဲ့သို့ အင်မတန်မှလည်း ရိုးစင်းလွန်းလှ လေတော့သည်။ ထိုသူ၏ ဘ၀သည် မျက်ရည်စများ ငိုကြွေး ရှိုက်ညည်းသံများ ၊ ခံပြင်း တောက်ခေါက်သံများ ၊ ကြေကွဲမှု့များ အတိပြီးနေ၏။

ထို့အတူပင် အားပါးတရ လှိုက်လှိုက်လှဲလှဲ ၀မ်းသာအားရ ရယ်မောလိုက်သော အသံများ တစ်လောကလုံး ကိုကျေနပ်သော အပြုံးများဖြင့်လည်း ဝေဆာနေလေတော့၏။ ထိုသူ၏ ဘ၀သည် အထီးကျန် ဆန်လွန်းလှ ဘိတော့၏။ ထို့အတူပင် မိတ်ဆွေ သင်္ဂဟများလည်း ၀ိုင်းဝိုင်းရယ်မှ လည်နေလေတော့၏။

ထိုသူ၏ ဘ၀သည် အချို့တဲ့ အနွမ်းပါးဆုံးသော သနားစဖွယ် ဘ၀မျိုးဖြစ်၏။ ထို့အတူပင် လိုလေသေး မရှိသော အရာရာ ပြည့်စုံသော ချမ်းချမ်းသာသာ ဘ၀လည်း ဖြစ်လေတော့၏။ ထိုသူသည် လွန်စွာမှ ကြောက် တတ်သူ ၊ အသည်းငယ် တတ်သူ တစ်ဦးဖြစ်၏။ ထို့အတူ လွန်စွာမှ ရဲရင့်သော အကြောက်အရွံ့ ကင်းသော သူလည်း ဖြစ်လေတော့၏။

ထိုသူသည် လွန်စွာမှ သတိကြီး၏။ အရာရာတွင် အထူးပင် လက်ဖျားခါ လောက်အောင် စေ့စပ်သေချာ လွန်းသူ (သို့မဟုတ်) ဇီဇာကြောင် လွန်းလှသူ တစ်ဦး ဖြစ်လေ၏။ ထို့အတူပင် မည်သည့် အရာကိုမျှ ရင်ထဲမှာ သိမ်ဆည်း မထားတတ်သော ၊ ဘ၀ကို ပေါ့ပေါ့တန်တန်ပင် ဖြတ်သန်းသွားသော လွန်စွာမှ လွတ်လတ်ပေါ့ပါး သော လူတစ်ဦး ဖြစ်လေတော့၏။

ထိုသူသည် လွန်စွာမှ အစိုးရိမ် အကြောင့်ကြ ကြီး၏။ အရာရာကို အသက်နှင့် ထပ်တူ အလေးနက် ထားလေ၏။ ထို့အတူပင် သူ၏ စိတ်ကလေးသည် မိုးတိမ်လို လွင့်၍ စမ်းရေလို စီးဆင်းနေ လေ့တော့၏။ ဤကမ္ဘာ၌ လွန်စွာ ရက်စက်တတ်သော ၊ အညှာ အတာ ကင်းမဲ့သော ၊ အညှိုး အတေး ကြီးမား လွန်းလှသော ၊ မည်သည့် အရာကိုမျှ မထောက်ညှာတတ်သော လူနှစ်ဦးကိုရှာရမည်ဆိုလျှင် တစ်ဦးကိုသာ ရှာရပေတော့မည်။ ထိုသူသည် ထိုမျှ အထိ စိတ်ဓါတ် ခက်ထန် မာကြောလွန်း လှတော့၏။

ထို့အတူပင် ဤကမ္ဘာ၌ လွန်စွာ သနား ဂရုဏာ ကြီးသော ၊ အင်မတန် ကြင်နာတတ်သော အထူးပင် စိတ်နှလုံး နူးညံ့ သိမ်မွေ့သော ၊ အင်မတန်မှ ကဗျာဆန်သော ၊ အခြား တစ်ပါးသော သူတို့ကို ဘ၀နှင့် ရင်း၍ အသက်နှင့် ရင်း၍ ကူညီ ကယ်တင်လေ့ ရှိသော လူနှစ်ဦးကို ရှာရပါမည် ဆိုရင်လည်း တစ်ဦးကိုသာ ရှာရပေတော့မည်။ ထိုသူသည် ထိုမျှအထိ အကြင်နာကြီးသော ဂရုဏာ ရှင် ဖြစ်လေတော့၏။

ထို့ကြောင့်ပင်လျှင် ထိုသူသည် အချစ်ကြီး၏။ အမုန်ကြီး၏။ အစားကြီး၏။ အလွန် လောဘ ကြီး၏။ လောဘ လည်း လုံးဝမရှိ။ ထို့အတူပင် မာန်မာန လုံးဝ ကင်းစင်ကာ နှိမ်ချ ၀တ်တွားသော စိတ်နှလုံးသည်လည်း ရှိလေ၏။ အချို့က ထိုသူအား လူဆိုး လူမိုက် ၊ လူပေ လူတေကြီး အဖြစ် နှခေါင်း ရှုံ့ကြကုန်၏။ ဖယ်ကြဉ် ရှောင်ရှား ကြကုန်၏။ အချို့ကလည်း ထိုသူအား သူတော်ကောင်းကြီး ၊ သူတော်စဉ်ကြီး ၊ ငှက်တစ်သောင်း နားနိုင်သော ညောင်ပင်ကြီး အဖြစ် ပြေးဝင် ဆည်းကပ်ကြလေ၏။

လူအချို့တို့သည် ထိုသူအား တပည့်ကောင်းဟု အမှတ်ပေး ကြ၏။ အချို့ကလည်း တပည့်ဆိုး တပည့်မိုက်ဟု သမုတ်ကြလေ၏။ လူအချို့တို့သည် ထိုသူအား ဆရာကောင်းဟု မှီဝဲ ဆည်းကပ် ကြ၏။ အချို့ကလည်း ထိုသူကို ပင်ဆရာ ဆိုးဟူ၍ စွန်ခွါ ထွက်ပြေးကြလေ၏။ အချို့ အချို့သော သူတို့သည် ထိုသူအား နှိမ့်ချကြ၏။ အနိုင် ကျင့်ကြ၏။ အချို့ကလည်း တန်းတူ ရည်တူ သဘောထား၍ ဆက်ဆံ ကြလေ၏။ အချို့ကလည်း ဆရာတင်ကာ အနန္တော အနန္တ ငါးပါး ဂိုဏ်းဝင်အဖြစ် ရိုကျိုးကြလေ၏။

လူအချို့သည်ကား ထိုသူ ဘာလုပ်လုပ် ၊ ဘာပြောပြော သည်းညည်းခံကြ၏။ သဘောပေါက်ပေးကြ၏။ အချို့ကလည်း ထိုသူအပေါ်ဆီလို အပေါက်ရှာ၍ အကျအန အပြစ်ပြောကြလေ၏။ အချို့သည် ထိုသူ စော်ကား သမျှကို ခေါင်းငုံ့၍ ခံကြ၏။အချို့က ထိုသူအား စော်ကား မော်ကားပြုကြလေ၏။

Thursday, February 25, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels