Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

(၇)စစ်ရထားတားရော့ကတ်အကြောင်း

ဒီကဒ်ပြားမှာ အဓိက ဇာတ်လိုက်ကတော့ စစ်ရထား တစ်ဆင်းကို မောင်းနှင်ပြီး စစ်မြေပြင်ကို ထွက်လာတဲ့ စစ်သည်တစ်ဦး ဖြစ်ပါတယ်။ စစ်မက်ရေးရာ ကိစ္စ တွေကို ထင်ဟတ်တဲ့ နိမိတ်ပုံ လည်းဖြစ်ပါတယ်။ စစ်ဖြစ်ပြီ ဆိုရင်တော့ တိုက်ဟယ် ခိုက်ဟယ် ၊ သတ်ဟယ် ၊ ဖြတ်ဟယ် ၊ သေဟယ် ၊ ကြေဟယ်ဆိုတဲ အနိဋ္ဌာရုံ ကိစ္စတွေလည်း မလွဲမသွေ ပါလာပြီပေါ့ဗျာ....

အဲဒါကြောင့် ဒီကဒ်ပြားကို အဆိုးသဘော အဖြစ်နဲ့ ယူဆပါတယ်။ စစ်ဖြစ်တယ်ဆိုတာ တစ် ယောက်တည်း ဖြစ်နေလို့ ရနိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး...။ တစ်ဘက်က ပြိုင်ဘက်ပေါ်လာလို့ စစ်ဖြစ်ရတာမျိုးပါ...။ အဲဒါကြောင့် ဒီ ကဒ်ပြားမှာ စီးပွားပြိုင် ၊ လုပ်ငန်းပြိုင် ၊ အပြိုင်အဆိုင် အ တိုက်အခံ သဘောတွေ ကိန်းအောင်းနေပါတယ်။

စစ်ရထားရဲ့ နောက်မှာ မြို့ရိုးနဲ့ မြို့တစ်မြို့ကို လှမ်းပြီး တွေ့နေရပါတယ်။ ရဲမက်တွေဟာ မြို့ပြင်ကို ထွက်ပြီး စစ် တိုက်တဲ့ သဘောပေါ့။ ဒါဖြင့်ရင် ...ရန်ဟာ အိမ်ထဲ အလုပ်ထဲမှာ ရှိမနေပဲ ပြင်ပရပ်ဝေးမှာ ရှိနိုင်တယ်လို့ ပြောရ မှာပဲ...။

စစ်ရထားကို စဖင့်လို့ခေါ်တဲ့ အီဂျစ်တို့ရဲ့ အစီအရင် သတ္တ၀ါကြီး နှစ်ကောင်က ဆွဲထားပါတယ်။ တစ်ကောင်က အဖြူ ၊ တစ်ကောင်က အမည်းဖြစ်နေပါတယ်။ အောက်လက်ငယ်သားတွေ စိတ်ဝမ်း ကွဲပြားခြင်း ၊ သူတို့အတွက် ဆုံးဖြတ်ရခက်သော ပြဿနာကြုံခြင်း ၊ ဆိုတာမျိုးတွေလည်း ဟောနိုင်ပေတာပေါ့။

နောက်တစ်ခု စဉ်းစားဖို့ကတော့ ဒီကဒ်ပြားမှာ ယာဉ်ရထားဟာ အဓိက ကျတဲ့နေရာမှာ ပါဝင်နေပါတယ်။ ကဒ်ပြားဟာ အဆိုးသဘော ဆောင်တဲ့ ကဒ်ပြား ဖြစ်နေတဲ့ အတွက် ..ယာဉ်ရထား ကိစ္စတွေမှာလည်း မကောင်း ဘူး။ ပြဿနာကြုံနိုင်တယ် ၊ အန္တရာယ် ရှိနိုင်တယ်လို့ ပြောရမှာပေါ့...။

ဒါတွေကို အနှစ်ချုပ်လိုက်မယ်ဆိုရင်....

  1. ဘယ်ကိစ္စကိုပဲ မေးမေး စစ်ရထားကဒ် ကျလာခဲ့ရင် မဖြစ်နိုင် ၊ မရနိုင် ၊ မအောင်မြင်နိုင်လို့ ပြောရမှာပဲ။ ရက်(စ်) အော် နိုး ဆိုရင်တော့ နိုးပေါ့...။ အတိုက် အခံ အပြိုင် အဆိုင်တွေပါ ကြုံတွေ့နိုင်တယ် သဘော လေးကိုပါ ထည့်သွင်းပြီး ဆိုးပြိုင် လို့ အလွယ်မှတ်ထား နိုင်ပါတယ်။
  2. ခိုက်ရန်ဖြစ်ပွားခြင်း ၊ စကားများ ဖြေရှင်းရခြင်း ၊ အကြိတ်အနယ် ပြောဆိုရခြင်းများ ကြုံရတတ်သည်။
  3. မိမိတွင် အတိုက်အခံ ၊ အပြိုင်အဆိုင်များ ပေါ်လာတတ်သည်။ အောက်လက် ငယ်သားတို့က အံ့တုဖက် ပြိုင် လာတတ်သည်...။
  4. အောက်လက်ငယ်သား တို့၏ ပြဿနာကြောင့် ဆုံးဖြတ်ရခက်သော အဖြစ်မျိုး ကြုံမည်။
  5. ယာဉ် ၊ ကား ၊ စက်ဘီး ၊ ဆိုင်ကယ်တို့ကြောင့် အန္တရာယ်ဖြစ်ခြင်း ၊ ပြဿနာဖြစ်ခြင်း ၊ ပြောဆိုဖြေရှင်းရခြင်း များ ကြုံမည်။
  6. လမ်းခရီးတွင် ပြဿနာကြုံခြင်း ၊ တစ်ရပ် တစ်ကြေးတွင် သွားရောက် ဖြေရှင်းရခြင်းများ ကြုံတတ်သည်..။ အဒီလို အဲဒီလိုလေးတွေ ဟောနိုင်တာပေါ့ဗျာ.....

Wednesday, February 10, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels