Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ဘုရားဟောနှင့်ဗေဒင်ပညာ

ဧကနိပါတ် စူဠသေဋ္ဌိ ဇာတ်တော်၌ ဓနသိဒ္ဓိ နက္ခတ်နှင့် ယှဉ်သည့် အတွက် ကြွက်သေ တစ်ခု အရင်းပြုကာ မျှဖြင့် လေးလတွင်းဝယ် ဥစ္စာနှစ်သိန်း ကြွယ်ဝကြောင်း....

ဝေဒဗျ ဇာတ်တော်တွင်လည်း ရတနာ ရွှမိုး ငွေမိုးကို ရွာစေနိုင်သော လောကီ မန္တာန်ရှိကြောင်း...

ဒုကနိပါတ် ဘဂ္ဂ ဇာတ်တော်တွင်လည်း နိမိတ် ရှိသော စကားကို ပြောကာမျှနှင့်ပင် ဘီလူး မစားနိုင်ကြောင်း

ဒေဓိဝါဟန ဇာတ်တော်တွင် အ၀ိညာဏက အသက်မရှိသော ပဲကွတ်၌ တန်ခိုးရှိကြောင်း...

ခန္ဓ ဇာတ်တော်တွင် မြွေခဲ၍ မန္တာန်ဖြင့် ကုရကြောင်း...

ဆဗ္ဗဒါဌိ နိပါတ်တော်မှာလည်း ပထ၀ီ ဇယ မန္တာန်ကို ရသော မြေခွေးသည် လူမင်းအား စစ်ထိုးနိုင်ကြောင်း..

၎င်းနိပါတ်တော်လာ သီရိဇာတ်တွင် အသရေ ရှိသော ကြက်သား ကြက်ခေါင်း စား၍ မင်းဖြစ်ကြောင်း...

နာနာဆန္ဒ ဇာတ်တော်မှာလည်း နက္ခတ်တတ်၍ အမှန် သိမြင်နိုင်ကြောင်း....

ကဏဝေရ ဇာတ်တော်တွင် မြတ်စွာ ဘုရား အလောင်းတော်သည် စောရ နက္ခတ်နှင့် ယှဉ်၍ ဖွားမြင်သော ကြောင့် သူခိုး ဖြစ်ကြောင်း...

ခရ ပုတ္တ ဇာတ်တော်တွင် သတ္တ၀ါတို့၏ ဘာသာစကားကို နားလည်သော မန္တာန်ရှိကြောင်း....

န၀နိပါတ် ပဒကုသလ ဇာတ်တော်တွင် လေကဲ့သို့ လျှင်မြန်စွာ သွားနိုင်သော မန္တာန် ။ ခိုးသူတို့၏ ခြေရာကို သိမြင်နိုင်သော မန္တာန်ရှိကြောင်း.....

သမုဂ္ဂ ဇာတ်တော်မှာလဲ လောကီ ၀ိဇ္ဇဓိုရ် ရှိကြောင်းနှင့် သိဒ္ဓိ(၁၀) ပါးတိုင်အောင် ပေါက်ရောက်နိုင်သော လောကီ ပညာရှိကြောင်း....

Tuesday, February 23, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels