Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ဘ၀အဆင့်မြင့်မားစေသောယတြာ

ဒီနေ့ ကျွန်တော် ပြောပြချင်တဲ့ ယတြာ ကတော့ ဘ၀ အဆင့် မြင့်မား စေသော ယတြာပါ။ ဒီယတြာကို ရာထူးတိုး ယတြာ လို့လည်း ပြောလို့ ရပါတယ်။ မိမိတို့ မိသားစု ဘ၀ တိုတက် မြင့်မား စေပါတယ်။ ၀န်ထမ်း ဆိုရင်လည်း ရာထူး တိုးတယ်။ ကုမ္ပဏီ ၀န်ထမ်း ဆိုရင်လည်း တိုးတက် စေပါတယ်။

မိမိတို့ သက်ဆိုင်ရာ အလုပ်တွေမှာ ရာထူးတိုး စာမေးပွဲတွေ ၊ လူရွေးပွဲတွေ ၊ အင်တာဗျူးတွေ ရှိတဲအခါ ဆိုရင် လုပ်သင့်ပါတယ်။ ကုမ္ပဏီက နိုင်ငံခြား ပညာ တော်သင် တွေ ဘာတွေ သွားဖို့ စောင့်နေတဲ့ လူတွေ အတွက်လည်း ကောင်းပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ အမြဲ လုပ်ပေးရင်လည်း မိမိတို့ လုပ်ငန်း တိုးတက် စည်ပင် စေပါတယ်။ဒါကြာင့် ဒီယတြာကို ဘ၀အဆင့် မြင့်မား စေသောယတြာ လို့ ခေါ်တာပါ။

ဒီယတြာဟာ ကုန်းဘောင်ခေတ် လောက်တုန်းက တည်းက နာမည်ကြီး ထင်ရှားခဲ့တဲ့ မကာရလောပ မတစ် လုံးကျေ ဆရာတော် ခင်ကြီးဖျော်ရဲ့ နည်းလို့ သိရပါတယ်။ အဲဒီလို အရမ်းကောင်းတဲ့ ယတြာကို ကျွန်တော်ရဲ့ မိတ်ဆွေများ အတွက် လက်ဆောင်ပေး လိုက်ပါရစေ.....

ဘ၀အဆင့်မြင့်မားစေသော အကျော်အကြားယတြာ

လင်ဗန်းတစ်ချပ် အလယ်မှာ သောက်တော်ရေ တစ်ခွက် ထည့်ပါ။ ဒေါင့်လေးဒေါင့်မှာ ဗူးသီးကျော် တစ်ပုံ ၊ ဘယာကျော် တစ်ပုံ ၊ ကြက်သွန်ကျော် တစ်ပုံ ။ ငှက်ပျောကျော်-တစ်ပုံ ထည့်ပါ။ မိမိတို့၏ မွေးနေ့ နံက် (၉း၄၅) တွင် နေအိမ်ရှိ မြတ်စွာဘုရားကို ကပ်လှူ ပူဇော်ပါ။ ထို့နောက် ကိုယ်ဖြစ်ချင်သော ကိစ္စများကို ကျကျနန ဆု တောင်းပါ။

ကပ်လှူပူဇော်ပုံ

ဝိဇ္ဇာရှစ်သောင်း ဆရာ အပေါင်း မယ်တော် အပေါင်း နှင့် လောကကို စောင့်ရှောက် နေသော ပုဂ္ဂိုလ် အပေါင်း တို့၏ ကိုယ်စား တပည့်တော် (နေ့သား)- -(အမည်)မှ မြတ်စွာဘုရားအား ဤအကျော် လေးပါး ပွဲကို ညွတ်နူး သဒ္ဓါ ကြည်လင်စွာဖြင့် သုံးတန် စေတနာ ခိုင်မာစွာ ပြဋ္ဌာန်၍ လှူဒါန်း ဆက်ကပ်ပါသည် ဘုရား....

ထို့နောက် အမျိုးသားများ ဖြစ်ပါက ကြေးစည် တီး၍ အမျှဝေပါ။ အမျိုးသမီး ဖြစ်ပါက ခေါင်လောင်း ထိုး၍ အမျှ ဝေပါ။
၍ကား အကျော်အကြား ယာတာကြီး အဆင့်ဆင့် ပြုလုပ်ပုံတည်း။

အချစ်များစွာဖြင့်
ဟိန်တင့်ဇော်

Tuesday, February 23, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels