Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

(၉)-ပုဏ္ဏားဘကွန်းတားရော့ကဒ်အကြောင်း

ဒီကဒ်ပြားရဲ့ အဓိက ဇာတ်လိုက် ဟာ အဘိုးကြီး တစ်ဦး ဖြစ်ပါတယ်။ ရိုးရိုး အဘိုးကြီး တော့ မဟုတ်ပါဘူး။ ဂန္ဓာရီ လှည့်နေတဲ့ ရသေ့ သူတော်စဉ် ကြီးပါ။ ရသေ့ကြီး ဟာ မီးအိမ် တစ်လုံး တောင်ဝှေး တစ်ချောင်းကို အားပြုကာ ခရီး လှည့်လည် နေတာပါ။ သူဟာ အင်မတန် ကြီးမား တဲ့ ၀တ်ရုံကြီး တစ်ခု ကိုလည်း ရုံထားပါတယ်။

ဒီကတ်ပြားဟာ ရသေ့ သူတော်စဉ်ရဲ့ နိမိတ်ပုံကို ဖော်ဆောင် ထားတာ ဖြစ်တဲ့ အတွက် အကောင်း သဘော ဆောင်တဲ့ ကဒ်ပြားလို့ ယူဆ ရမှာပါ။ ရသေ့ဟာ မိသားစုနဲ့ အတူ မနေပါဘူး။ တစ်ကိုယ်တော် သမား ဖြစ်ပါတယ်။ နေအိမ် အတည် တကျ မရှိဘဲ ခရီးလှည့် လည် နေသူလည်း ဖြစ်ပါတယ်။

အဲဒါကြောင့် ဒီကဒ်ပြားမှာ တစ်ကိုယ်တော် သဘော ၊ ခရီးလှည့်လည် သွာလာရတဲ့ သဘော ၊ ရပ်ဝေးနဲ့ အဆက် အသွယ် ကောင်းများ ရတဲ့သဘော ဘာသာ ရေးနဲ့ ဆိုင်တဲ့ ကိစ္စများ အောင်မြင်တဲ့ သဘော တွေကို ထည့်ပြီး ဟောရမှာပေါ့။ မီးအိမ် တစ်လုံး တောင်ဝှေး တစ်ချောင်းနဲ့ ခရီးသွားရတဲ့ ပုဂ္ဂိုလ်ဟာ အသက် ကလည်း ကြီးပြီ။ မျက်စိလည်း မကောင်း နိုင်တော့ ဘူးပေါ့ဆိုပြီး ဒီကဒ်ပြားကို တွေ့တဲ့အခါ မျက်မှန်နဲ့ ပတ်သက်ပြီး တော့လည်း ဟောလေ့ရှိကြပါတယ်။ အဲဒါတွေကို ခြုံလိုက်မယ်ဆိုရင် ဒီကဒ်ပြားကို တွေ့ပြီဆိုရင် ဘယ်လို မေးခွန်းကို မေးမေး.....

  1. ဖြစ်မည် ၊ ရမည် ၊ အောင်မြင်မည် ၊ ကောင်းမည်လို့ ဟောရ မှာပါပဲ။ ဂန္ဓာရီ လှည့်နေတဲ့ ရသေ့ ဖြစ်တဲ့ သ ဘော ဖြစ်တဲ့ အတွက် တန်ခိုး သိဒ္ဓိ တွေနဲ့လဲ ပတ်သက် နေတဲ့ ကဒ်ပြား ဖြစ်တဲ့ အတွက် ဒီကဒ်ပြား ကျလာ ရင်လည်း ၀ိဇ္ဇာ မလိုက် သလို ၊ တန်ခိုးရှင်က ကူညီသလို ကောင်းသွား မယ်လို့ အဟော ထုပ်နိုင်ပါတယ်။ ဒါကြောင့် ဒီကဒ်ပြား ကိုလည်း ကောင်းဝိဇ္ဇာ လို့ အလွယ် မှတ်ထား နိုင်ပါတယ်။
  2. မထင်မှတ်သော ခရီးများ ၊ ကောင်းသော ခရီးများလည်း အောင်မြင်မည်။
  3. ဘုရားဖူးခရီး ၊ ဘာသာရေး ခရီးများလည်း အောင်မြင်မည်။
  4. ဆရာသမား ၊ ကြီးကဲသူတို့ ထံမှ အကူအညီ အဆက်အသွယ် ကောင်းများ ရမည်။
  5. ရပ်ဝေးမှ သတင်းကောင်း ဧည့်သည်ကောင်း အဆက် အသွယ် ကောင်းများ ရောက်မည်။
  6. ပညာရေး ကိစ္စများ ။ စာမေးပွဲ ၊ သင်တန်း ကိစ္စများလည်း ထူးချွန်စွာ အောင်မည်။
  7. ပြည်ပ အလုပ်အကိုင် ၊ ပြည်ပ သင်တန်းများလည်း အောင်မြင်မည်။
  8. မျက်မှန် ပါသော သူထံမှ အကူအညီ ကောင်းများ ရလိမ့်မည်။
  9. လျှပ်စစ် ကိစ္စ ၊ မီးကိစ္စများ အဆင်ပြေ အောင်မြင်မည်။
စသော ဟောချက် မျိုးတွေ ဟောနိုင် ပေတာပေါ့။ တကယ် စဉ်းစား ကြည့်တော့ အဲဒါ တွေဟာ အသေ ကျက်စရာ မှတ်စရာ တွေ မဟုတ်ပါဘူး။ ကဒ်ပြား ကိုကြည့်။ တစိမ့်စိမ့် စဉ်းစားရင်း နဲ့ပဲ ထွက်ပေါ် လာနိုင်တဲ့ ဟောချက်မျိုး တွေ ဖြစ်ပါတယ် ခင်ဗျာ....

Monday, February 22, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels