Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

(၁၁) မနုစာရီတားရော့ကဒ်အကြောင်း

ဒီကဒ်ပြားရဲ့ အဓိက ဇာတ်လိုက်ဟာ ချိန်ခွင် တစ်ဖက် ၊ ဓားတစ်ဖက်ကို ကိုင်ထားတဲ့ အမျိုး သမီး တစ်ဦး ဖြစ်ပါတယ်။ အဲဒါဟာ တရားရုံးစောင့် နတ်သမီးရဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ ဥပဒေမှာ မျှတစွာ ဆုံးဖြတ်နိုင်ဖို့ အတွက် ချိန်ခွင်နဲ့ ၊ ပြတ်သားစွာ စီရင်နိုင်ဖို့ အတွက် ဓား တို့ကို အမှတ်တံဆိပ် အဖြစ်နဲ့ အသုံးပြုလေ့ ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်သုံးဆယ် ကျော်လောက်က အဘ မင်းသိင်္ခဟာ မနုစာရီ ဆိုတဲ့ ဂန္ဓ၀င်မြောက် ၀တ္ထုကြီး တစ်ပုဒ် ရေးသားခဲ့ ဖူးပါတယ်။ မနုစာရီ မင်းသမီးဟာ အမျိုးသမီး တွေထဲမှာ အင် တန်မှ ညာဏ်ပညာ ဗဟုသုတနဲ့ ပြည့်စုံပြီး တရားသူကြီး တစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒါ ကြောင့် တရားရုံးစောင့် နတ်သမီး ကဒ်ပြားကို တွေ့တဲ့အခါ အဘ မင်းသိင်္ခက မနုစာရီ လို့ အမည်ပေး လိုက်တာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့လည်း ဒီကဒ်ပြားကို မနုစာ ရီ လို့ပဲ ခေါ်ကြပါတယ်.......။

ဒီကဒ်ပြားဟာ ဥပဒေရဲ့ သဘော သဘာဝကို ညွန်းဆိုနေတဲ့ ကဒ်ပြား ဖြစ်ပါတယ်။ ဥပဒေကို လူ့လောကရဲ့ ကျက်သရေ အဖြစ် အသိအမှတ် ပြုထား ကြပါတယ်။ လူ့လောကနဲ့ တိရစ္ဆာန် လောက အဓိက ကွဲပြားနေတဲ့  အချက်တွေ ထဲမှာ ဥပဒေ ဆိုတာလည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ လူ့လောကမှာ ဥပဒေ ဆိုတာ ရှိနေတဲ့ အတွက် ကြီးနိုင် ငယ်ညှင်းတွေ ၊ အနိုင်ကျင့် တာမျိုးတွေကို ထိန်းချုပ်ထား နိုင်ပေတာပေါ့...။

လူ့လောကရဲ့ ကျက်သရေကို ဖော်ညွန်းနေတဲ့ ကဒ်ပြားဖြစ်တဲ့ အတွက် ဒီကဒ်ပြားကို အကောင်း သဘောပဲ ယူဆရပါတယ်။ ဒါပေမဲ့ ဥပဒေတို့ တရားရုံးတို့ ဆိုတာမျိုး ကလည်း ဒီအတိုင်း ထိုင်နေရင် ဘာမှ မသိသာပါ ဘူး။ အမှု့ အခင်း ကြုံလို့ ရုံးပြင် ကန္နားကို ရောက်တဲ့ အခါမျိုးတွေ မှသာ ထိစပ် ပတ်သက်ရတဲ့ အရာမျိုးတွေ မဟုတ်ပါလား။ အဲဒီတော့ ဒီကဒ်ပြားဟာ ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့ အမှု့ အခင်း တစုံတရာနဲ့ ပတ်သက် ဆက်နွယ်ရ တတ်တယ် ဆိုတာကိုတော့ သတိမူဖို့ လိုပါလိမ့်မည်။

မနုစာရီ မင်းသမီးဟာ ချိန်ခွင် တစ်လက်ကို ကိုင်ထား ပါတယ်။ ချိန်ခွင်ဆိုတာ ဟိုဘက် ဒီဘက် ချိန်ဆရတဲ့ ကိစ္စမျိုးပါ။ ဟိုဘက်ကိုလည်း အလေး မသာရ။ ဒီဘက် ကိုလည်း အလေး မသာရ။ ညှိနှိုင်းရတဲ့ ကိစ္စမျိုး ဖြစ်ပါ တယ်။ ညှိနှိင်းရတယ် ဆိုကတည်းက နှစ်မျိုး နှစ်ဘက် ဖြစ်နေလို့ပေါ့။ အဲဒီတော့ အရေးကြီးတဲ့ ကိစ္စကြီး နှစ်ခု တစ်ပြိုင်နက် တည်းမှာ ကြုံလာ တတ်တယ်။ ဟိုဘက် လိုက်လို့လည်း မရ။ ဒီဘက် လိုက်လို့လည်း မရတဲ့ အခြေအနေမျိုး ကြုံမယ်။ ဆုံးဖြတ်ရ ခက်တဲ့  ကိစ္စမျိုးတွေ ကြုံလာလိမ့် မယ်လို့ အဟော ထုပ်နိုင် ပေတာပေါ့။ အဲဒီ ဆုံးဖြတ်ရ ခက်တဲ့ ကိစ္စကိုလည်း ပြတ်ပြတ် သားသား ဆုံးဖြတ်ချက် ချရလိမ့်မယ် လို့လည်း ဟောနိုင်ပေ တာပေါ့။

ဒီကဒ်ပြားရဲ့ နံပါတ်ဟာ ၁၁- ဖြစ်ပါတယ်။ ၁-နှစ်လုံး ပူးနေတာပါ။ တစ်လုံးတည်း ဖြစ်အောင် ပေါင်းရင်လည်း (၂)ဂဏန်း ဖြစ်ပါတယ်။ နှစ်ခု ၊ နှစ်ခွ ၊ နှစ်ကြိမ် ၊ နှစ်မျိုး ဆိုတဲ့ အဓိပ္ပါယ် မျိုးတွေ ယူဆ နိုင်ပါတယ်။ ဆင်တူ (၁)နှစ်လုံး ဖြစ်နေတဲ့ အတွက် တစ်မျိုးထဲကနေ နှစ်မျိုး ကွဲနေတဲ့ သဘောကိုလည်း ကောက်ယူနိုင် ပါတယ်။ အဲဒီတော့ အလုပ်ခွဲတာ အိမ်ခွဲတာ ဆိုတာမျိုးတွေ ထည့်သွင်း ဟောပြော နိုင်ပါတယ်။

အဲဒီလို သဘာဝနဲ့ ဓားနဲ့ကို ဆက်စပ် စဉ်းစားတဲ့ အခါမှာလည်း ခွဲစိတ် ကုသမှု့ ကြုံခြင်းဆိုတဲ့ အဓိပ္ပါယ်မျိုး တွေလည်း ပေါ်ထွက်လာတော့ တာပေါ့။ အဲဒါတွေ အားလုံးကို ခြုံငုံ စဉ်းစား လိုက်တဲ့ အခါ ဘယ်မေးခွန်း ကိုပဲ မေးမေး မနုစာရီ ကဒ်ပြား ကျလာခဲ့မယ် ဆိုရင်.......

ကောင်းမယ် ၊ ဖြစ်မယ် ၊ ရမယ် ၊ အောင်မြင်မယ် လို့ ဟောနိုင် ပါတယ်။ ဒါပေမဲ့ အမှု့ အခင်း ရုံးပြင် ကန္နား တွေနဲ့ ပတ်သက် ရပြီးမှ ... ပြောဟယ် ၊ ဆိုဟယ် ၊ ရှင်းဟယ် ၊ လင်းရယ်တွေ ကြုံပြီးမှ အောင်မြင်မယ် လို့လည်း ဟောရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီကဒ်ပြားကို ကောင်းမှု့ လို့ အလွယ် မှတ်ထားနိုင်ပါတယ်။
  • အရေး ကြီးသော ကိစ္စများ တပြိုင်တည်းမှာ ကြုံလာ ရတတ်သည်။
  • ရှေးတိုးရ ခက် ၊ နောက်ဆုတ်ရ ခက် ၊ ဆုံးဖြတ်ရ ခက်သော ကိစ္စရပ်များ ကြုံလာ ရတတ်သည်။
  • ကိစ္စ ကြီး တစ်ခုတွင် ပြတ်ပြတ်သားသား ဖြေရှင်း ဆုံးဖြတ် ရလိမ့်မည်။
  • တရားရုံး ၊ အမှု့ အခင်းတို့နှင့် ပတ်သက်ရ တတ်သည်။
  • လက်ရှိ နေအိမ် ၊ နေရာတို့မှ ခွဲထွက် သွားရတတ်သည်။
  • လက်ရှိ အလုပ်မှ ခွဲထွက် ရတတ်သည်။
  • အလုပ် နှစ်မျိုး တာဝန်နှစ်မျိုး ပူးတွဲ ထမ်းဆောင် ရတတ်သည်။
  • မိမိ ကိုယ်တိုင် ဖြစ်စေ ဆွေမျိုး မိတ်ဆွေ လူရင်းထဲမှ ဖြစ်စေ ခွဲစိပ် ကုသမှု့ ကြုံရတတ်သည်ဆိုတဲ့ ဟောချက် မျိုးတွေ ဟောနိုင် ပေတာပေါ့ ခင်ဗျာ.......။

  • Monday, February 22, 2010

  • No comments:

    Post a Comment

    Featured

    b

    သင်လိုချင်တာ ဒီမှာရှာ

    Labels