Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

အဘပြောဘူးတဲ့ အနားယူခြင်းပုံပြင်

တစ်ခါတုန်းက အလက်ဇင်းဒါး သဂရိတ် လို့ခေါ်တဲ့ စစ်သူရဲကောင်းကြီး တစ်ဦး ရှိခဲ့ဘူးတယ်။ တစ်နေ့မှာ သူဟာ မြစ်ဆိတ်တစ်ခုကို လမ်းလျှောက်ရင်း မြစ်ကမ်းနဖူး သဲပြင်ပေါ်မှာ အ၀တ်အစား ဗလာကျင်း တုံးလုံး လှဲအိပ်နေတဲ့ ဒိုင်အိုဂျင်ဆိုတဲ့ သူတောင်းစား တစ်ဦးကို မြင်တွေ့ရတယ်။

အဲဒီ စစ်သူရဲကောင်းကြီးကလည်း အဲဒီ သူတောင်းစား ဒိုင်အိုဂျင်ကို သိပါတယ်။ အဲဒီဒိုင်အိုဂျင်ဟာ ကိုယ်လုံးကိုယ် ပေါက် အလွန်လှတယ်။ မျက်နှာကလည်း ဥပဓိရုပ် အလွန်ကောင်းတယ်။ အဲဒီတော့ စစ်သူရဲကောင်း အလက်ဇင်း ဒါးသဂရိတ်က...“ အို.... ဆရာသမား၊ ကျုပ် ဘာများ ခင်ဗျားအတွက် လုပ်ပေးရမလဲ ” လို့ ရိသဲ့သဲ့ စကားမျိုးနဲ့ မေး လိုက်တယ်။

အဲဒီ အခါမှာ သူတောင်းစား ဒိုင်အိုဂျင်က “ အလက်ဇင်းဒါးသဂရိတ် ဆိုတဲ့ လူကို ပြောချင်တာက ဘာမှ လုပ်မ ပေးပါနဲ့။ ဒီနားက နည်းနည်း ဖယ်ပေးစမ်းပါ။ နေဆာလှုံနေတာ အရိပ်ကွယ်လို့ပါ။ ဒီ့အပြင် ဘာမှ လုပ်ပေးစရာ မလိုပါဘူး ” လို့ ပြန်ပြောလိုက်တယ်။ အဲဒီတော့ စစ်သူရဲကောင်း အလက်ဇင်းဒါး သဂရိတ်က နေရိပ်မကွယ် အောင် နေရာ ဖယ်ပေးလိုက်တယ်။

အဲဒီအခါမှာ သူတောင်း ဒိုင်အိုဂျင်က “ တလောတုန်းက တပ်တွေ ပြင်နေတာကို ကျုပ်တွေ့ရတယ်။ အဲဒါ ဘာ လုပ်မလို့လဲ ” လို့ မေးလိုက်တယ်။ အဲဒီတော့ အလက်ဇင်းဒါး သဂရိတ်က တခြား မဟုတ်ပါဘူး ဒိုင်အိုဂျင်ရယ်။ အိန္ဒိယကို တိုက်မလို့ ။ အိန္ဒိယကို တိုက်လို့ နိုင်ပြီဆိုရင် ကမ္ဘာတစ်ခုလုံးကို နိုင်တာနဲ့ အတူတူပဲ” လို့ ပြန်ပြီး ပြော လိုက်တယ်။

အဲဒီအခါမှာ ဒိုင်အိုဂျင်က “ အိန္ဒိယကို နိုင်ပြီပဲ ထားပါတော့ ၊ ဘာလုပ်ဦးမှာလဲ” လို့ အလက်ဇင်းဒါး သဂရိတ်ကို မေးလိုက်တယ်။ အဲဒီအခါမှာ အလက်ဇင်းဒါး သဂရိတ်က “အိန္ဒိယကို အောင်နိုင်ပြီဆိုမှတော့ ကျုပ် အနားယူမှာ ပေါ့” လို့ ပြန်ပြီး ဖြေလိုက်တယ်။ အဲဒီအခါမှာ ဒိုင်အိုဂျင်က ဟက်ဟက်ပက်ပက် ရယ်လိုက်တယ်။

ခင်ဗျားက အရူးပဲ၊ အနားယူဖို့ ကိစ္စမှာ အိန္ဒိယကို အောင်နိုင်ဖို့ ဆိုတဲ့ အကြောင်းမပါဘူး။ ဘယ်သူမဆို အနားယူ ခွင့်ရှိတယ်။ အိန္ဒိယကို အောင်နိုင်မှ အနားယူ ရမယ်လို့ ခင်ဗျားကို ဘယ်လို ဆရာ သမားမျိုးက သင်ပေးလို့လဲဗျာ ဒီမှာ ကြည့်စမ်း။ ခု... ကျုပ် အနားယူနေပြီ၊ အိန္ဒိယကိုလည်း မအောင်နိုင် ပါဘူးဗျာ၊ လွတ်လွတ် လတ်လတ် လပ် လပ် အနားယူခွင့် ကျုပ်မှာရှိတယ်။

ခင်ဗျား နားရမဲ့ အချိန်ဟာ ဒီအချိန်ပဲ။ အိန္ဒိယကို အောင်နိုင်ပြီးမှ နားရမယ် ဆိုရင်တော့ ခင်ဗျားနားရမှာ မဟုတ် ဘူး။ အိန္ဒိယကို အောင်နိုင်ပြီးလည်း တခြား အောင်နိုင်စရာတွေကို ခင်ဗျား လုပ်ရဦးမယ်။ ဘယ်တော့မှ နားရ မယ့် လူစားမျိုးမဟုတ်ဘူး၊ အဲဒီလိုပဲ စစ်ချီရင်း လမ်းမှာ သေရမှာပဲ” လို့ ပယ်ပယ်နယ်နယ်ကြီး ပြောချလိုက်တယ်။ ခင်ဗျား လုပ်ရမယ့် အလုပ်တွေ မပြီးခင် ခင်ဗျားသေမှာ၊ ကျုပ်ပြောတာ မယုံ စောင့်ကြည့်” လို့ ဒိုင်အိုဂျင်က ဆက် ပြီး ပြောလိုက်တယ်။

အဲဒီတော့ အလက်ဇင်းဒါး သဂရိတ်က “ဒိုင်အိုဂျင်းပြောတာ ကျုပ်မှတ်ထားပါမယ် ဒီလို ပြောပြတဲ့ အတွက် ကျေး ဇူးလည်း တင်ပါတယ် ၊ ဒါပေမဲ့ ခုတော့ အိန္ဒိယကို အောင်နိုင်ဖို့ သွားရဦးမယ်ဗျို့” လို့ ပြောပြီး ထွက်သွားတယ်။ အမှန်တကယ်ပဲ အလက်ဇင်းဒါး သဂရိတ်က လမ်းမှာပဲ ဆုံးသွားတယ်။ အိမ်ကို ပြန်မရောက်တော့ဘူး။ အလက် ဇင်းဒါး သဂရိတ် သေဆုံးတဲ့နေ့မှာပဲ ဒိုင်အိုဂျင်းလည်း သေဆုံးသွားပါတယ်။ သူတို့ နှစ်ဦးဟာ သေလွန်ပြီးတဲ့ နောက်ပိုင်း တမလွန် ဘ၀မှာပြန်ပြီးတွေ့ကြတယ်။ အဲဒီအခါမှာ အလက်ဇင်းဒါး သဂရိတ်က ရှက်ကိုး ရှက်ကန်း နဲ့ “ဟော...စစ်သူရဲကောင်းနဲ့ သူတောင်းစားတစ်ဦး ပြန်ပြီး ဆုံကြပြန်ပြီ” လို့ ပြောလိုက်တယ်။

အဲဒီအခါမှာ ဒိုင်အိုဂျင်းက “ပြန်ပြီး ဆုံတာတော့ မှန်တယ်ဗျို့၊ ဒါပေမဲ့ ခင်ဗျာရဲ့ တွေးထင်ချက်တွေဟာ လွဲနေ တယ်။ ခင်ဗျားနဲ့ ကျုပ်နဲ့ နှစ်ယောက်ဟာ ဘယ်သူဟာ သူတောင်းစား ၊ ဘယ်သူဟာ ဧကရာဇ် ဖြစ်တယ်ဆိုတာ ခင်ဗျား သဲသဲကွဲကွဲ သဘောပေါက်ပုံ မရဘူး။

ကျုပ်ဟာ လွတ်လတ်တယ်။ ပြီးတော့ ကျုပ်ဘ၀ကို ကျုပ် ကျေနပ်တယ်။ အပြည့်အ၀ အသက်ရှင်တယ်။ ခင်ဗျား ဟာ ဒီလို မဟုတ်ဘူး။ အောင်နိုင်မှု့တွေ အတွက် ကြိုးစားရင်း ခင်ဗျားဘ၀ကို ခင်ဗျား မကျေနပ်ဘူး။ အဲဒီတော့ ခင်ဗျားဟာ အစဉ်သဖြင့် လိုအပ်မှု့တွေနဲ့ ပြည့်လျှမ်းနေတယ်။ ကျုပ်ဟာ ဘာမှ မလိုအပ်ဘူး။ ဒါကြောင့် ကျုပ် ဟာ သူတောင်းစား မဖြစ်နိုင်ဘူး။ ဖြစ်ချင်ဖြစ်ရင် ဟဲ...ဟဲ... မပြောတော့ပါဘူးလေ...လို့ ပြန်ပြီး ပြောလိုက်တယ်။ ပုံပြင်ကတော့ ဒီမှာ အဆုံးသတ်ခဲ့ပါတယ်။

ကျွန်တော်တို့ တတွေကတော့ ဒါကို ပုံပြင်လို့ မယူဆခဲ့ ကြပါဘူး...မိတ်ဆွေတို့ကတော့ ကြိုက်သလို ယူဆနိုင်ပါ ကြောင်း....

ကျွန်တော် အားလုံးကို အရမ်းချစ်ပါတယ်ဗျာ

Friday, February 12, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels