Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

(၁)-မှော်ဝိဇ္ဇာ အကြောင်း

တားရော့ ပညာဟာ ရုပ်ပုံ ကားချပ် နိမိတ်ပုံပေါ်မှာ အဓိက မှီခိုအားပြုတဲ့ ပညာရပ် ဖြစ်ပါ တယ်။ အဲဒါကြောင့် တားရော့နဲ့ ပတ်သက်တဲ့ အဟောတွေဟာ အဲဒီ ကဒ်ပြားတွေ ထဲမှာပဲ တည်ရှိ ဖုံးကွယ် နေပါတယ်။ တားရော့ ချစ်သူတွေ အနေနဲ့ အဲဒါတွေကို အရအမိ ဖော်ထုတ် တတ်ဖို့ပါပဲ။ အဲဒီတော့ တားရော့ ချစ်သူကို အကောင်းဆုံး လမ်းပြ ချင်တာကတော့ တား ရော့ပညာ ကျွမ်းကျွင် ပိုင်နိုင်ဖို့ အတွက် ပေါက်မြောက်ဖို့ အတွက် တခြားမှာ လိုက်ပြီးမရှာပါ နဲ့။ အပြင်မှာ ထွက်ပြီး မရှာပါနဲ့။ တားရော့ ပညာဟာ အပြင်မှာ မရှိပါဘူး။ တားရော့ကားချပ် တွေထဲမှာပဲ ရှိနေပါတယ်။ အခု တားရော့ ကားချပ်ထဲမှာ အံ့သြစရာ ကောင်းလောက် အောင် တည်ရှိနေတဲ့ အဓိပ္ပာယ်တွေ ဟောချက်တွေကို ဖော်ထုပ်ပြ မလို့ပါ။ မိတ်ဆွေရဲ့ နှလုံးအိမ်မှာ နက်နက်ရှိုင်ရှိုင်း သဘောပေါက် ထားဖို့က တော့.....တားရော ဟောတတ်ဖို့ ....ကျက်လည်း မကျက်ပါနဲ့။ မှတ်လည်း မမှတ်ပါနဲ့.....။ အပြင်မှာလည်း မရှာ ပါနဲ့။ တားရော့ ဟောတတ်ဖို့ အဓိက အကျဆုံးကတော့ တားရော့ကို ချစ်မြတ်နိုးစွာ မျာများ ကြည့်ပါ။ များများ တွေးပါ...။ များများ စဉ်းစားပါ....။ ဆိုလိုတာကတော့ တားရော့ပညာရဲ့ အနှစ်သာရဟာ တားရော့က နိမိတ်ပုံ တွေကို တစိမ့်စိမ့်ကြည့်ပြီး ဖော်ထုပ်နိုင်ခြင်း မှာသာ တည်ရှိနေပါတယ်။

(၁)-မှော်ဝိဇ္ဇာ--THE MAGICIAN အကြောင်း စရအောင်။ ဒီကဒ်ပြားဟာ ၀ိဇ္ဇာလမ်းကို လိုက်နေတဲ့ လူငယ် တစ်ယောက် လောကကြီးကို လောကကြီးကို တိုင်တယ်ပြီး သစ္စာဆို ကြွေးကျော်နေတဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ ကိုယ်တကယ် ဖြစ်ချင်တဲ့ ကိစ္စကို အများသိအောင် ကြွေးကျော်ပြီး သစ္စာဆို ပြုလုပ်ဖို့ လမ်းညွန်ထားတဲ့ နိမိတ် ပုံပါပဲ....။ အဲဒီ ကဒ်ပြားကို သေသေချာချာ ကြည့်ပြီး စဉ်းစာကြည့်ရအောင်ပါ.....
ဝိဇ္ဇာလမ်းကို လိုက်တဲ့ ပုဂ္ဂိုလ်ဆိုတာ တစ်ကိုယ်တော် တစ်ယောက်တည်း လိုက်ကြတာ များပါတယ်။ အဲဒီ တော့ ဒီကဒ်ပြားမှာ တစ်ကိုယ်တော် တစ်ယောက်တည်းနဲ့ လုပ်ကိုင် အောင်မြင်မယ့် သဘောကို ယူဆရပါ မယ်။ သူဟာ အဆောက်အဦးထဲမှာ ရှိမနေပါဘူး။ ၀ိဇ္ဇာလမ်းကို လိုက်တဲ့ လူများဟာလည်း ဒီတောကနေ ဟိုတောင် ဟိုတောင်ကနေ ဒီတော ... ခရီးလှည့်လည်နေသူများ ဖြစ်တတ်ကြပါတယ်။ အဲဒီတော့ ဒီကဒ်ပြား မှာ အိမ်မကပ်တဲ့ သဘော ခရီး လှည့်လည်တဲ့ သဘောတွေ ပါနေတာပေါ့...
ခရီးသွားသူ တစ်ယောက်ဟာ တစ်ရပ် တစ်ကျေးက ဆွေမျိုးတွေ မိတ်ဆွေတွေနဲ့ သွားပြီး ဆုံနိုင်တာပေါ့။ ဒါဖြင့် ရပ်ဝေးက ဆွေမျိုး မိတ်ဆွေတွေ ၊ ကွဲကွာနေသူတွေနဲ့ ပြန်လည် ဆုံဆည်းရတတ်သည် ဆိုတဲ့ အဟော မျိုးလည်း ဟောနိုင်ပေတာပေါ့...။ ရပ်ဝေးက လူတွေနဲ့ တွေ့တဲ့အခါ သူ့ဒေသ ကိုယ့်ဒေသ ၊ အလုပ်အကိုင်တွေ အကြောင်း ကုန်ပစ္စည်းတွေ အကြောင်းလည်း ပြောဖြစ်ကြမှာပါ။ ဒါဖြင့်ရင်လည်း ရပ်ဝေးနဲ့ ပတ်သက်ပြီး လုပ် ငန်းသစ်တွေ အဆက်အသွယ် သစ်တွေ ပေါ်ပေါက်လာနိုင်တယ် လို့လည်း ဟောနိုင်တာပေါ့...
နောက်တစ်ခု စဉ်းစားကြည့်ရအောင်....။
ဝိဇ္ဇာဆိုတာ ရိုးရိုးလူတော့ မဟုတ်ဘူးနော်...။ သူ့မှာ တန်ခိုး သိဒ္ဓိတွေ ရှိတယ်။ မထင်မှတ်တာတွေ ဖြစ်လာစေ နိုင်တယ်။ ဟင်ကနဲ့ ဟာကနဲ ဖြစ်သွားအောင် တန်ခိုးစွမ်း ပြနိုင်တဲ့ ပုဂ္ဂိုလ်ပေါ့...။ ဒီကတ်ပြားမှာ သွေးထွက် သံ ယိုတွေ ၊ မကောင်းသော အနိဋ္ဌ သဘောတွေ မပါတဲ့အတွက် ယေဘုယျအားဖြင့် အကောင်းသဘော ဆောင်တဲ့ကတ်လို့ ယူဆရမှာပဲ...။ သူဟာ ၀ိဇ္ဇာ ဖြစ်နေတဲ့အတွက် ၀ိဇ္ဇာမသလို ကောင်းမယ်လို့လည်း ယူဆရမှာပေါ့...။ ဒါဖြင့်ရင် ဒီကတ်ပြားနဲ့ ပတ်သက်တဲ့ ခရီးတွေ ၊ အလုပ်တွေဟာလည်း ၀ိဇ္ဇာမသလို ပေါ်ပေါက်လာမဲ့ ခရီးတွေ မထင်မှတ်သော ခရီးတွေ ၊ မျှော်လင့်မထားတဲ့ အလုပ်တွေလို့ ဟောချက် ထုပ်နိုင် တာပေါ့...။
ပုံကိုသေချာ ကြည့်ပါ...။ မှော်ဝိဇ္ဇာဟာ လက်တစ်ချောင်းကို အပေါ်ထောင်ပြီး တစ်ချောင်းက မြေကြီးကို ထိုးထားပါတယ်...။ သူရဲ့ လက်တွေဟာ ထူးခြားမှု့ရှိနေတယ်လို့ မြင်သာနှိင်ပါတယ်..။ တားရော့မှာပါတဲ့ ထူး ခြားချက် အားလုံးကို သေသေချာချာကြည့်...။ တစိမ့်စိမ့်တွေးပြီး ဟောချက်ထုပ်ရမှာပဲ...။
ဒီကတ်ပြားမှာ လက်တွေ ထူးခြားနေတယ်...။ သင်သည် လက်ရှစ်ချောင်း ပေါက်လာလတ္တံ လို့တော့ ဟောလို့ မဖြစ်ပေဘူးပေါ့...။ သင်၏ လက်များ တိုဝင်သွားလတ္တံ့ လို့လည်း ဟောလို့ ဘယ်ဖြစ်နိုင်ပါ့မလဲ...။ အဲဒီတော့ ကျွန်တော်ကတော့ လက်နဲ့ ပတ်သက်ပြီး အနာတရ ဖြစ်တာမျိုးပဲ ဖြစ်နိုင်တယ်လို့ ယူဆပြီး ဟောလေ့ရှိပါတယ် နောက်တစ်ချက် စဉ်းစားကြည်ပါဦး။ မှော်ဝိဇ္ဇာဆိုတာ တန်ခိုးရှင် ဖြစ်တယ်နော်...။ ရှိနေတာတွေ ပျောက်သွား အောင် ၊ ပျောက်နေတာတွေ ရောက်လာအောင် ဖန်ဆင်းပြနိုင်တဲ့ ပုဂ္ဂိုလ်မျိုးပေါ့...။ ထင်မှတ်မထားတာတွေ ဖြစ်လာတဲ့အတွက် ဟင်ကနဲ့ ဟာကနဲ အံ့အား သင့်ရတာမျိုးပေါ့...။ မထင်မှတ်တာတွေ ဖြစ်လာတယ် ဆိုက တည်းက စကားနုနုနဲ့ ပြောရရင် လှည့်စားတာပါပဲ...။ ခပ်ရိုင်းရိုင်း ပြောရရင်တော့ လိမ်တာပေါ့ဗျာ...။ ဒါဖြင့်ရင် ဒီကတ်ပြားမှာ အလှည့်စား ခံရတာ ၊ အလိမ် ညာခံရတာ မျိုးတွေနဲ့ ပတ်သက်ရတတ် ကြောင်းကိုလည်း ဟောနိုင်ပေတာပေါ့...။
နောက်တစ်ခု တွေးကြည့်ပါဦး...။
မှော်ဝိဇ္ဇာဟာ သစ္စာဆို တိုင်တည်နေတဲ့ နိမိတ်ပုံလို့ ကျွန်တော် ပြောခဲ့ပါတယ်...။သစ္စာဆို တယ်ဆိုတာ ဘယ် ကိစ္စကို မဖြစ်ဖြစ်အောင် လုပ်ကို လုပ်ပါမယ်...။ဘယ်ကိစ္စကိုတော့ လုံးဝ လုံးဝ မလုပ်ပါဘူးရယ်လို့ စိတ်ဒုန်းဒုန်း ချပြီး ဆုံးဖြတ် လိုက်တဲ့ ကိစ္စမျိုးပါပဲ...။ ဒါဖြင့်ရင် အရေးကြီးသော ကိစ္စတစ်ခုကို ခိုင်ခိုင်မာမာ ပြတ်ပြတ်သား သား ချရတတ်တယ်လို့လဲ အဟောထုပ်နိုင်ပေတာပေါ့...။
အဲဒါတွေဟာ မှော်ဝိဇ္ဇာ ကတ်ပြားကို ကြည့်ပြီး ကျွန်တော် ဆက်စပ် စဉ်းစားမိသမျှ တွေးတောမိသမျှ လေးတွေကို နမူနာပြ ဖောက်သည်ချလိုက်ခြင်းပါပဲ...။
တားရော့ ချစ်သူများ အနေနှင့်လည်း ကတ်ပြားကို ကြည့်ပြီး အကျအန စဉ်းစားပေတော့...။ တွေးတောပေ တော့။ အံ့သြ ဘနန်း ဟောချက်တွေ ထွက်လာလိမ်မယ်ဆိုတာ...ကျွန်တော် ရဲရဲကြီး ယုံကြည်နေပါတယ်..။
ကျွန်တော် စဉ်းစားမိသမျှ အနှစ်ချုပ် လိုက်မယ်ဆိုရင် ဒီနံပါတ်တစ် မှော်ဝိဇ္ဇာကတ်ကို တွေ့ရင်...
  1. ဘယ်ကိစ္စကိုပဲ မေးမေး ဖြစ်မည်။ ရမည်။ ကောင်းမည်။ အောင်မြင်မည်။ ၀ိဇ္ဇာမ လိုက်သလိုမျိုး အံ့သြစရာ ကောင်းလောက်အောင် ကိုပဲ ဖြစ်မည်။ ရမည်။ အောင်မြင်မည်။ (ကောင်းဝိဇ္ဇာ -လို့ အတို မှတ်သားနှိင် ပါတယ်)
  2. မထင်မှတ်သော ကောင်းသော ခရီးများ သွားရတတ်သည်...။
  3. ရပ်ဝေးရှိ ဆွေမျိုး မိတ်ဆွေများ ၊ ကွဲကွာနေသူများနှင့် အမှတ်မထင် ပြန်ဆုံရတတ်သည်။
  4. ရပ်ဝေးရှိ အဆက်အသွယ်သစ် ၊ အဆက်အသွယ် ကောင်းများ ပေါ်လာမည်။
  5. လက်မှာ အနာတရ ဖြစ်တတ်သည်။
  6. အလိမ် အညာ အလှည့် အစား ခံရတတ်သည်။
  7. အရေးကြီးသော ကိစ္စများကို အခိုင်အမာ အပြတ်အသား ဆုံးဖြတ်ရတတ်သည်။
  8. အစုအဖွဲ့ ၊ စပ်တူရှယ်ယာများ ၊ လုပ်ကိုင်ခြင်းထက် တစ်ကိုယ်တော် လုပ်ကိုင်ခြင်းက ပို၍ အကျိုးပေး အောင်မြင် လိမ့်မည် ဆိုတာမျိုးတွေ ဟောလို့ရတာပေါ့ဗျာ...။ အဲဒါတွေဟာ တကူးတကကြီး ကျက်ဖို့ မှတ်ဖို့ မလိုပါဘူး...။ပုံကို ကြည့်ပြီး စဉ်းစားရုံနဲ့တင် အဲဒီ အချက်အလက်တွေ မိတ်ဆွေရဲ့ ခေါင်းထဲကို ဘွားကနဲ့ ဘွားကနဲ ပေါ်လာမှာပါပဲ....။

Wednesday, February 3, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels