Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

(၁၂) တွဲလောင်းဆွဲတားရော့ကဒ်အကြောင်း

ဒီကတ်ပြားမှာ အဓိက ဇာတ်လိုက်ဟာ သစ်ပင်မှာ ဇောက်ထိုး တွဲလောင်း ချိပ်ဆွဲ ခံထားရတဲ့ လူငယ်တစ်ဦးရဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ ဇောက်ထိုး တွဲလောင်းကြီး ဖြစ်နေပြီ ဆိုကတည်းက ဒီကတ်ပြားကို အဆိုးသဘော ယူဆရမှာပေါ့...။ ဆိုးတဲ့ ကိစ္စ တွေမှာလည်း အချို့ ကိစ္စတွေက ဆိုးပြီးတာနဲ့ ပြီးသွားတာ...။

တစ်ချို့ ကိစ္စတွေကြတော့ အဲဒီ အဆိုးဟာ မပြီးနိုင်တော့ပဲ ရေရှည်ဒုက္ခ ပေးနေတယ်။ ဒီကတ်ပြား ဟာလည်း ရေရှည် ဒုက္ခ ရောက်ရတဲ့ သဘောလေးကို ပြနေတယ်။ နောက်တစ်ခု ကတော့ တွဲလောင်းဆွဲ ခံရသူဟာ ခြေထောက် တစ်ချောင်းကို ကွေးထား ပါတယ်။ သူရဲ့ ခြေထောက် တွေဟာ အင်္ဂလိပ် နံပါတ်လေး (4) ဂဏန်းကို ဇောက်ထိုး မြင်နေရ သလို ဖြစ်နေတယ်။

ဒါကြောင့် လေးဂဏန်းရဲ့ အာနိသင် များကိုလည်း ဆက်နွယ် ဟောပြောရမှာ ဖြစ်ပါတယ်။ တစ်ခု သတိထားဖို့ ကတော့ တွဲလောင်းဆွဲ ခံရသူရဲ့ ဦးခေါင်းဘေးမှာ အလင်း စက်ဝိုင်း တစ်ခု တွေ့လိုက်ရပါတယ်။ အဲဒါကတော့ ညာဏ်ပညာ ကြီးမားခြင်းရဲ့ သဘော သဘာဝကို ပြောပြနေတာပါ။

အဲဒီတော့ တွဲလောင်းဆွဲ ခံရသူဟာ သာမန်လူ တစ်ယောက်တော့ မဟုတ်ဘူး။ ဇွဲလုံးလ ကြီးသော ၊ အရည် အချင်း ရှိသော လူတစ်ယောက် ဖြစ်တဲ့အတွက် လတ်တလော အခြေအနေမှာ အကျပ်အတည်း ကြုံနေပေမဲ့ အဲဒီအကျပ် အတည်းတွေကို ဖောက်ထွက် လွတ်မြောက် သွားနိုင်မယ့် ပုဂ္ဂိုလ်ရယ်လို့ ကောက်ယူနိုင်ပါတယ်။

အဲဒါတွေ အားလုံး ခြုံငုံ စဉ်းစားလိုက်တဲ့ အခါမှာ ဘယ်လို မေးခွန်မျိုးကို မေးမေး နံပါတ်(၁၂) ကတ်ပြား ကျလာမယ်ဆိုရင်....

မဖြစ်ဘူး ၊ မရဘူး ၊ မအောင်မြင်ဘူး ဆိုတာကိုပဲ ဟောရမှာ ဖြစ်ပါတယ်။ အဲဒီ အဆိုးများ ဟာလည်း ချက်ချင်းပြီး မသွားပဲ တိုးလို့ တန်လန်း ဖြစ်နေဦးမယ်လို့ ဟောရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကတ်ပြား ကို ဆိုးတန်းလန်း လို့ အလွယ် မှတ်ထား နိုင်ပါတယ်။
  • ရှေးတိုးရ ခက် ၊ နောက် ဆုတ်ရခက် ၊ ကျဉ်းထဲ ကျပ်ထဲ အခြေအနေများ ကြုံလာမည်။
  • အလုပ်များ ၊ ရည်ရွယ်ချက်များ ၊ ရှေ့မဆက်နိုင်ပဲ ဖြစ်နေမည်။
  • ခြေထောက်ပိုင်း တွင် ဒဏ်ရာရခြင်း ၊ ခြေထောက် ဒုက္ခ ပေးခြင်းများ ကြုံရတတ်သည်။
  • အမျိုးသား ဆိုင်ရာ ရောဂါ ၊ အမျိုးသမီး ဆိုင်ရာ ရောဂါများ ကြုံရတတ်သည်။
  • ခွဲစိပ် သုသ မှု့နှင့် ပတ်သက်ရတတ်သည်။
  • မည်သည့် အခက်အခဲနှင့် ကြုံသည် ဖြစ်စေ ၊ စိတ်ရှည်ရှည် ထားသင့်သည်။ နောက်ဆုံးတွင် ထို အခက်အခဲ မှ လွန်မြောက် သွားလိမ့်မည် ဆိုတဲ့ ဟောကိန်းတွေ ဟောနိုင် ပေတာပေါ့.....

  • Saturday, February 27, 2010

  • No comments:

    Post a Comment

    Featured

    b

    သင်လိုချင်တာ ဒီမှာရှာ

    Labels