Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

(၆) ချစ်သူနှစ်ဦး တားရောကတ်အကြောင်း

(6).The Lovers-ချစ်သူနှစ်ဦး)

ဒီကတ်ပြားရဲ့ အဓိက ဇာတ်လိုက် များကတော့ ယောက်ျားတစ်ယောက်နဲ့ မိန်းမ တစ်ယောက် ချစ်သူနှစ်ဦး ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ ကတ်ပြားဆိုတော့ အကောင်းလို့ ယူဆရုံ မှ တစ်ပါး အခြား မရှိနိုင်ပါဘူး။ ဒဲ့(တည့်)ကြီးပြောမယ် ဆိုရင်တော့ အချစ်ရေး အချစ်ရာ ကိစ္စ များ အောင်မြင်မည်လို့ ပြောလိုက်ရုံပေါ့ဗျာ....

ဒီကတ်ပြားကို ထပ်ပြီး စဉ်းစားကြည့်ရအောင်ပါ။ ချစ်သူ နှစ်ဦးဟာ အိမ်ထဲ အဆောက်အဦးထဲ မှာ မရှိဘဲ ကွင်းထဲကို ရောက်နေပါတယ်။ ဟိုး နောက်မှာလည်း တောင်တန်းတွေကို လှမ်းပြီး မြင်နေရပါတယ်။ အဲဒီတော့ ကျွန်တော်က နံပါတ်(၆) ကတ်ပြားကို တွေ့တဲ့အခါတိုင်း ခရီးကောင်း သွားရမည်။ ၀မ်း သားစရာ စကားတွေ ကြားရမယ်။ ပျော်ရွှင်ဖွယ် ခရီးတွေ ဖြစ်မယ်။ အချစ်ရေးနှင့် ပါတ်သက်တဲ့ ခရီး သွားရတတ် တယ်။ ချစ်သူရဲ့ သတင်းကောင်း ကြားရမယ်... ဆိုတာမျိုးတွေ ထည့်ပြီး ဟောလေ့ရှိပါတယ်။

ချစ်သူနှစ်ဦးမှာ မိန်းမပျိုဟာ ကောင်းကင်ပြင်ကို မော့ပြီး ကြည့်နေပါတယ်။ လုင်ပျိုကတော့ မြေပြင်ကို ငေးစိုက်နေပါ တယ်။

ကမာ့္ဘတွေးခေါ် ပညာရှင်ကြီးများက မိန်းမများဟာ အချစ်ရေး အချစ်ရာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ဘ၀ မြင့်မားအောင် မြင်မှု့များကို မျှော်လင့်လေ့ရှိတယ်။ ယောက်ျားများကတော့ အချစ်အတွက် ဆိုရင် အနစ်နာခံ စွန်လွှတ်ဖို့ ဆုံးဖြတ် ထားလေ့ရှိတယ်လို့ ပြောခဲ့ကြဖူးပါတယ်။ ဒီကတ်ပြားမှာလည်း အဲဒီ သဘော သဘာဝကို ဖော်ညွန်းထားတယ် ရယ် လို့ ပညာရှင် အချို့က ဖွင့်ဆိုကြပါတယ်။

ဒီကတ်ပြားထဲက သစ်ပင်တစ်ပင်မှာ မြွေတစ်ကောင် တက်နေတာကိုလည်း တွေ့ရပါတယ်။ ဒဲ့(တည့်) ဟောမယ်ဆို ရင်တော့ အဆိတ်ရှိသော သတ္တ၀ါ သတိထားရမည်ပေါ့ဗျာ...။ နောက်တစ်ခုကတော့ ပုံထဲမှာ ချစ်သူနှစ်ဦးကို အချစ် နတ်သမီးက ကောင်းချီး ပေးနေတာကို တွေ့ရပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ အချစ်ရေးကိစ္စ ၊ မင်္ဂလာကိစ္စတွေမှာ ကူ ညီပံ့ပိုးပေးမယ့်သူတွေ ပေါ်ပေါက်လာမယ်လို့လည်း ဟောနိုင်တာပေါ့။ အဲဒါတွေ အားလုံးကို ခြုံလိုက်တဲ့အခါ ...

  1. ဘယ်မေးခွန်းကိုပဲ မေးမေး ကောင်းသည် ၊ ဖြစ်မည် ၊ အောင်မြင်မည် ၊ ရမည်လို့ ဟောနိုင်ပါတယ်။ ချစ်ခြင်း မေတ္တာရဲ့ သဘောသဘာဝ တွေနဲ့ ဆက်စပ်ပြီး ဟောပြျောနိုင်တဲ့ အတွက် ကောင်းချစ်လို့ အလွယ်မှတ်ထား နိုင်ပါတယ်။
  2. ချစ်သူနှင့် ပတ်သက်၍ သတင်းကောင်း ကြားမည်။
  3. အချစ်ရေးကိစ္စ ၊ မင်္ဂလာကိစ္စတွင် ကူညီပံ့ပိုးပေးမည့်သူများ ပေါ်ပေါက်လာလိမ့်မည်။
  4. ကောင်းသောခရီး ၊ သွားရမည်။ အချစ်ရေါ်နှင့် ပတ်သက်သော ခရီးများလည်း အောင်မြင်မည်။
  5. ရပ်ဝေးမှ ၀မ်းသာစရာ သတင်းကောင်း ဧည့်သည်ကောင်း ရောက်လာမည်။
  6. အဆိပ်ရှိသော သတ္တ၀ါ သတိထားရမည်။
  7. ရေကြောင်းခရီး ၊ နိုင်ငံခြားခရီးများလည်း အောင်မြင်မည် စသော ဟောချက်များကို ဟောဆိုနိုင်ပါကြောင်း...

Tuesday, February 9, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels