ဒါကတော့ တစ်ချို့ အမျိုးသမီးတွေ လာပြီး အကူအညီ တောင်းကြတာပါ။ သူတို့ ရဲ့ ခင်ပွန်းကို အရက် ပြတ်စေချင်တယ်။ အရက်ကြောင့် မကြာခဏ ရန်ဖြစ်ရ တယ်လို့ ပြောပါတယ်။နောက်ပြီး စီးပွားရေး လည်း အရမ်း ထိခိုက်ပါတယ်တဲ့။ တပါတ် တစ်ပါတ် ရလာတဲ့ လုပ်အားခငွေ နဲ့ သူတို့ အရက်သောက်တဲ့ ငွေနဲ့ မကာမိဘူးတဲ့။
တစ်ချို့ အမျိုးသမီးတွေ ကြတော့ သူတို့ရဲ့ အရွယ် မရောက်သေး တဲ့ မောင်လေးတွေ အရက်သောက်လို့ အရက်ပြတ်အောင် ကူညီပေးပါတဲ့။ ကျွန်တော်ကတော့ လွယ်လွယ်ပဲ ယတြာ ပေးလိုက်ပါတယ်။ အရက်သမား အရင့် အမားကြီး တွေတောင် တဖြည်းဖြည်း အရက်ပြတ်သွားတာကို အံ့သြစဖွယ် တွေ့ရှိရပါတယ်။ ဒီယတြာကို ဘာနည်းနဲ့ ပေးတာလည်းလို့ မမေးပါနဲ့။ ကျွန်တော် မသိပါဘူး။ ဘယ်လို တွက်ရလဲလို့ မမေးပါနဲ့။ ကျွန်တော် မပြောပြ တတ်ပါဘူး။
၁၀၀-ဆိုတဲ့ ဂဏန်း တစ်ခုရဖို့ ဘယ်လို တွက်ရမလဲ ဆိုရင် ၅၀-နဲ့ ၅၀ ပေါင်းလိုက်လို့ ပုံသေ မပြောပါနဲ့။ ၁၀၀-ရ ဖို့ နည်းတွေ အများကြီး ရှိပါတယ်။ ၆၀-နဲ့ ၄၀ ပေါင်းရင်လည်း ၁၀၀- ရပါတယ်။ ၉၉-နဲ့ ၁-ပေါင်းလိုက်ရင်လည်း ၁၀၀-ရတာပါပဲ။ ဘယ်နည်းက အမှန်ဆုံးလို့ ပြောလို့မရပါဘူး။ အားလုံးက သူ့နည်းနဲ့ သူ အကုန်မှန်တာ ချဉ်းပါပဲ။
ဒါကြောင့် ဘယ်နည်းနဲ့ ယတြာပေးမှ မှန်တယ် ၊ စွမ်းတယ် ၊ ထိရာက်တယ်လို့ ပုံသေ ပြောလို့ မရပါဘူး။ အားလုံးက သူ့နည်းနဲ့ သူ အမှန်တွေ ချဉ်းပါပဲ...မိတ်ဆွေ..
အရက်ပြတ်စေသောယတြာ
အိမ်မှာ သုံးနေတဲ့ ပန်ကာ ထိပ်မှာ အရက်ပြတ်စေလိုသော သူ၏ နာမည်ကို ရေးထားလိုက်ပါ။ အလိုလို အရက် ပြတ်သွားပါလိမ့်မည်။
စေတနာများစွာဖြင့်
ဟိန်းတင့်ဇော်








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter