ကျွန်တော်တို့ ထိုင်းမှာ အလုပ်ကိစ္စ အတွက် အပြောင်း အရွေ့ လုပ်မယ် ဆိုရင် သူဋ္ဌေးပြောင်း လက်မှတ် ဆိုတာ လိုပါတယ်။ အလုပ်တစ် ခုကနေ အလုပ် တစ်ခုကို ပြောင်းရွေ့ တော့မယ် ဆိုရင် အဲဒီ လက်မှတ်က အဓိကပဲ။ ပထမ ကိုယ် လုပ်ခဲ့တဲ့ သူဋ္ဌေးက လက်မှတ် မထိုးပေး သေးရင်တော့ နောက် အလုပ်ရုံ ကလဲ မယူသေးဘူး။ အဲဒီမှာ ထိုင် စောင့် ပေတော့။ မြန်မာလို ပြောရရင် တော့ လွဲပြောင်းစာ လို့ ခေါ်မလား မသိဘူး။ကျွန်တော်ဆီကို အဲဒီလို အခက်အခဲ ကြုံနေတဲံ လူတွေ မကြာခဏ ရောက်လာ ကြပါတယ်။ သူတို့ ရောက်လာရင် အဓိက ကတော့ ဘိုင်ကျက်အော့် (ထိုင်းအခေါ်) မရလို့ ၊ ယူလို့ မရလို့ အလုပ် စောင့်နေရတာ။ အဲဒါ မြန်မြန် ရအောင် ကူညီပေးပါလို့ အကူအညီ တောင်း လာလဲ့ရင် အောက်ပါ ယတြာကို ဆောင်ရွက် ခိုင်းလိုက်ရင် အဆင်ပြေ သွားကြတာပါပဲ...
ကမ္ဘာ အနှံ့ ရောက်ရှိနေတဲ့ မြန်မာပြည်သား များအတွက် အကယ်၍ မိမိတို့ဘက်က အလုပ် ထွက်ချင်ပါရဲ မိမိတို့၏ သူဋ္ဌေး သို့မဟုတ် မန်နေဂျာက မိမိကို အလုပ် ထွက်ခွင့် မပေးဘူး ဆိုရင် အောက်ပါ အတိုင်း ဆောင်ရွက် လိုက်ပါခင်ဗျာ..
အလုပ်ထွက်ခွင့်ရစေသောယတြာ
ကဒ်ထူ စက္ကူတွင် စက်ဝိုင်း တစ်ခု ဆွဲလိုက်ပါ။ ထိုစက်ဝိုင်း အလယ်တွင် အလုပ် ထွက်ခွင့် ပေးနိုင်သူရဲ့ အမည်ကို ရေး၍ ပြူတင်းပေါက်တွင် ချိပ်ထားလိုက်ပါ။ ရက်ပိုင်းအတွင်း အဆင်ပြေသွားပါလိမ့်မည်။
စေတနာများစွာဖြင့်
ဟိန်းတင့်ဇော်








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter